COVID-19 စောင့်ကြည့်အချုပ်သား ၂ ဦးထွက်ပြေး

COVID-19 စောင့်ကြည့်အချုပ်သား ၂ ဦးထွက်ပြေး

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့ ရဲစခန်းဝင်းမှ အမှုရင်ဆိုင်နေဆဲ COVID-19 စောင့်ကြည့်အကျဉ်းသား ၂ ဦး ထွက်ပြေးလွတ်မြောက်သွားသည်။

ကျွန်းစုမြို့နယ်၊ မြို့မရဲစခန်းဝင်းရှိ ဓမ္မာရုံတွင် COVID-19 ရောဂါပိုး စောင့်ကြည့်အချုပ်သားများ ချုပ်ထားခဲ့ရာ ဇူလိုင်လ ၂ ရက်နေ့၊ ည (၇) နာရီအချိန်ခန့်က ထွက်ပြေးလွတ်မြောက်သွားခြင်းဖြစ်သည်ဟု ရဲက အတည်ပြုသည်။

ရဲစခန်းဝင်းထဲရှိ ဓမ္မာရုံအပေါ်ထပ်တွင် ကိုယ်ထူကိုယ်ထလုပ်ထားသည့် အချုပ်ခန်းတွင်ချုပ်ထားစဉ် ခြေထောက်သံကြိုးနှင့် သော့ခလောက်တို့ကိုဖျက်ပြီး အပေါ်မျက်နှာကျက်ကိုဖောက်၍ ထွက်ပြေးသွားခြင်းဖြစ်ကြောင်း ကျွန်းစုမြို့မ၊ ရဲစခန်းမှူးက အတည်ပြုပြောသည်။

“အဲဒီမှာက ကိုဗစ်ပိုးတွေ့ထားတဲ့ အချုပ်သား ၄ ဦးနဲ့ Qurantine ဝင်နေသူ အချုပ်သားတွေကို သီးသန့်ထားတယ်။ အခုထွက်ပြေးသွားသူတွေက အခြားအခန်းမှာ ထားတာပါ။ အခုမနက်အထိ လိုက်လံရှာဖွေနေပေမယ့်  ပြန်ဖမ်းမမိသေးပါဘူး” ဟု ကျွန်းစုမြို့မ၊ ရဲစခန်းမှူးက ပြောသည်။

ထွက်ပြေးသွားသူနှစ်ဦးသည် ပုဒ်မ ၃၈၀/၁၁၄ တို့ဖြင့် တရားရင်ဆိုင်နေသူ အမှုတွဲနှစ်ဦးဖြစ်ပြီး စခန်းသစ်ရွာသားများဖြစ်သည်ဟု သိရသည်။

ကျွန်းစုမြို့ မြို့မရဲစခန်းတွင် ချုပ်နှောင်ထားရှိသော အချုပ်သား ၂၀ ဦးကို ပြီးခဲ့သည့် ဇွန်လ (၂၁) ရက် မွန်းလွဲ (၁) နာရီအချိန်ခန့်က COVID-19 ရောဂါပိုး ရှိ/မရှိ Rapid Diagnostic AntigenTest Kid (RDT) ဖြင့် စစ်ဆေးခဲ့ရာတွင် အချုပ်သား ၄ ဦးထံမှ COVID-19 ရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ရောဂါပိုးတွေ့ရှိသူ ၄ ဦးကို မြို့မရဲစခန်းအတွင်း သီးခြားစောင့်ကြည့်အချုပ်ခန်းတွင် ကြပ်မတ်ကုသပေးလျက်ရှိကြောင်း ကျွန်းစုမြို့နယ်၊ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာရဲမင်းဦးက ပြောသည်။

သတင်း - ဒီပအလင်း (ဓါတ်ပုံ ~ CJ)

 
 

 

 

August 8, 2026
စစ်အုပ်စုကို ပြန်လည် ထိတွေ့ဆက်ဆံရန် ထိုင်းနိုင်ငံက အာဆီယံကို တိုက်တွန်းပြောဆိုထားသော်လည်း လက်ရှိ...
August 8, 2026
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် မုဒိမ်းကျင့်လူသတ်မှုနှင့်ပတ်သက်၍...
August 7, 2026
မိုးအဆက်မပြတ် ရွာသွန်းမှုနှင့် တောင်ကျရေများ စီးဆင်းမှုတို့ကြောင့် ရခိုင်ပြည်၊ မြေပုံမြို့နယ်...
ဓာတ်ပုံ - NMG (ပုံဟောင်း)
August 7, 2026
ကချင်ပြည်မြောက်ဖျားပိုင်း ခေါင်လန်ဖူးမြို့နယ်အတွင်း၌ စစ်အုပ်စုတပ်က အင်အားဖြည့်တင်းမှုများ...