စစ်ကိုင်း-ကချင် အစပ် စစ်ကောင်စီတပ်နှင့် PDF တိုက်ပွဲဖြစ်၊ စစ်ကောင်စီဘက်မှ ၂၀ ခန့်သေဆုံး

စစ်ကိုင်း-ကချင် အစပ် စစ်ကောင်စီတပ်နှင့် PDF တိုက်ပွဲဖြစ်၊ စစ်ကောင်စီဘက်မှ ၂၀ ခန့်သေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်နှင့် အင်းတော်နယ်စပ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ၂၀ ခန့် သေဆုံးခဲ့သည်ဟု သိရသည်။

ထီးချိုင့်မြို့နယ်နှင့် အင်းတော်နယ်စပ်၊ ကျောက်အိုက်တောင်တွင် ဇွန်လ ၂ ရက် ည ၁၁ နာရီခွဲအချိန်ခန့်က စစ်ကောင်စီတပ်များနှင့် PDF တပ်တို့အကြား တိုက်ပွဲ ၂ နာရီကြာခန့်ဖြစ်ရာ စစ်ကောင်စီဘက်က ၂၀ ခန့်သေဆုံးကြောင်း ထီးချိုင့် PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ စစ်ကား ၁၄ စီးသည် အင်းတော်ဘက်မှ မန္တလေးဘက်သို့ဆင်းလာပြီး ထီးချိုင့်အရှေ့ဘက်ကမ်း မြတောင်၌ နေ့ခင်းပိုင်းတွင် ရပ်နားနေကြောင်း ညဖက်တွင် ယင်း ၁၄ စီးထဲမှ စစ်ကားနှစ်စီးသည် အင်းတော်ဘက်သို့ ပြန်တက်လာစဉ် PDF များက ကျောက်အိုက်တောင်တွင် ဆီးကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ PDF အဖွဲ့ဝင်က ရှင်းပြသည်။

“နှစ်စီးထဲ ပြန်တက်လာတဲ့သတင်းကြားလို့ ကျနော်တို့ အပိုင်စောင့်ပစ်တာ။ သူတို့က ညဖက် မလုပ်လောက်ဖူးလို့ထင်နေတာ အလစ်အငိုက်မိသွားတာ“ ဟု ၎င်းကပြောသည်။

ပြီးခဲ့သည် ဇွန်လ ၂၆ ရက်ကလည်း ကျောက်အိုက်တောင်တွင် စစ်ကား ၃ စီးကို ထီးချိုင့် PDF တပ်ဖွဲ့ဝင်များက ခြုံခိုတိုက်ခိုက်မှုအပြီး တစ်ပတ်အတွင်း ဒုတိယအကြိမ် တိုက်ပွဲထပ်ဖြစ်ခြင်းဖြစ်သည်။

ဇွန်လ ၂၆ ရက်နေ့က တိုက်ပွဲတွင်လည်း စစ်ကောင်စီးတပ်ဖွဲ့ဝင် ၂၀ ခန့်သေဆုံးကြောင်း သေဆုံး၊ ဒဏ်ရာရသူများကို ဝန်သိုနှင့်ကောလင်းရှိ ဆေးရုံများသို့ သယ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။

 
 

 

 

August 8, 2026
စစ်အုပ်စုကို ပြန်လည် ထိတွေ့ဆက်ဆံရန် ထိုင်းနိုင်ငံက အာဆီယံကို တိုက်တွန်းပြောဆိုထားသော်လည်း လက်ရှိ...
August 8, 2026
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် မုဒိမ်းကျင့်လူသတ်မှုနှင့်ပတ်သက်၍...
August 7, 2026
မိုးအဆက်မပြတ် ရွာသွန်းမှုနှင့် တောင်ကျရေများ စီးဆင်းမှုတို့ကြောင့် ရခိုင်ပြည်၊ မြေပုံမြို့နယ်...
ဓာတ်ပုံ - NMG (ပုံဟောင်း)
August 7, 2026
ကချင်ပြည်မြောက်ဖျားပိုင်း ခေါင်လန်ဖူးမြို့နယ်အတွင်း၌ စစ်အုပ်စုတပ်က အင်အားဖြည့်တင်းမှုများ...