မောင်တောသို့ပြောင်းရွှေ့လာသည့် နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် လဝက ၉၃ ဦး၌ ကိုဗစ်ပိုးတွေ့ရှိ

မောင်တောသို့ပြောင်းရွှေ့လာသည့် နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် လဝက ၉၃ ဦး၌ ကိုဗစ်ပိုးတွေ့ရှိ

ရခိုင်ပြည်နယ် မောင်တောမြို့တွင် တာဝန်ထမ်းဆောင်ရန် ပြောင်းရွှေ့ရောက်ရှိလာသည့် လဝက၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်နှင့် ၄င်းတို့၏ မိသားစုဝင် စုစုပေါင်း လူ ၉၃ ဦးတို့တွင် ယနေ့ ကိုဗစ်ပိုးတွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

၎င်းတို့မှာ ဇွန် ၂၈ ရက်နေ့ ပြောင်းရွှေ့ရောက်ရှိလာသူများဖြစ်ကြောင်း သိရသည်။

မောင်တောမြို့နယ် ပြည်သူ့ကျန်းမာရေး ကုသရေးဦးစီးဌာနမှူး ဒေါက်တာနုကေသီစံက “နယ်ခြားစောင့်တွေပါ။ လဝက ကလည်းပါတယ်။ အကုန်လုံး ၉၃ ယောက်ပါ။ မြို့နယ်အသီးသီးကပါတယ်။ ပြည်မဖက်က လာကြတဲ့လူတွေပါတယ်။ သူတို့ကို သူတို့ရဲ့ဌာနဆိုင်ရာ ကွာရန်တင်း စင်တာတွေမှာ ထားပါတယ်” ဟု ပြောသည်။

ယင်းအထဲတွင် ဇွန်လ ၂၈ ရက်နေ့တွင် သီးသန့် ကမ်းထိုးရေယာဉ်ဖြင့် မောင်တောသို့ရောက်ရှိလာသည့် ဝန်ထမ်းအသစ်များလည်းပါဝင်ကြောင်း သူကဆက်ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ မောင်တောရဲစခန်းမှူး မြင့်ကျော်ဦးက ၄င်းတို့မှာ လဝက ဝန်ထမ်း ၂ ဦး၊ နယ်ခြားစောင့်ဝန်ထမ်းနှင့် မိသားစုဝင် ၉၁ ဦးတို့ဖြစ်ကြကြောင်း အတည်ပြုပြောကြားသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်တွင် မောင်တော၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ တောင်ကုတ်နှင့် သံတွဲတို့မှ ကိုဗစ်လူနာ ၂ဝဝ ကျော်အထိ ရှိလာနေသည်။

 
 

 

 

August 6, 2026
ရခိုင်ပြည်၊ ဂွနှင့် သံတွဲမြို့နယ်တို့၏ ကောင်းကင်ယံတွင် စစ်တပ်၏ လေယာဉ်များ...
August 4, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်တွင် စစ်ဘေးရှောင်နေကြသည့် ရေလုပ်သားများသည် ပင်လယ်ပြင်တွင် ငါးရှာ...
August 3, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့ရှိ ဂျိတ္တောရပ်ကွက်အပြင် ကျောက်ဖြူမြို့နယ်၊ စနဲမြို့ကိုလည်း...
August 1, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ရွှေလှေကျေးရွာကို စစ်တပ်က လေကြောင်းမှ...