မန္တလေး အိုးဘိုအကျဉ်းထောင်ကနေ ၁၇၀ ကျော်လွတ်မြောက်၊ မသန်စွမ်းအမျိုးသား ပြန်လည်လွတ်မြောက်

မန္တလေး အိုးဘိုအကျဉ်းထောင်ကနေ ၁၇၀ ကျော်လွတ်မြောက်၊ မသန်စွမ်းအမျိုးသား ပြန်လည်လွတ်မြောက်

မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်ကနေ ယမန်နေ့ ဇွန်လ ၃၀ ရက်နေ့က ပုဒ်မ ၅၀၅ (က) နှင့် မတရားဖမ်းဆီးခံထားရသူများကို ပြန်လွှတ်ပေးခဲ့ရာ မသန်စွမ်းအမျိုးသား ကိုစိုင်းလှမင်းပါဝင်ကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၉ ရက်နေ့က အာဏာရှင်ပြုတ်ကျရေး ဆန္ဒပြခဲ့သည့် မန္တလေးသံဃသမဂ္ဂစစ်ကြောင်း လူစုခွဲအပြီး ချမ်းမြသာစည်မြို့နယ် ၅၈ လမ်းနဲ့ ၁၁၂ လမ်းအနီးမှာ ဝှီးချဲနဲ့သပိတ်လိုက်နေသူ ကိုစိုင်းလှမင်း ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။

ထို့အပြင်မေလ ၂၈ ရက်နေ့က ဖမ်းဆီးခံခဲ့ရသည့် Myanmar Press photo Agency မှ ဓာတ်ပုံသတင်းထောက် ကိုမျိုးသီဟကျော်လည်း လွတ်မြောက်သည့်အထဲပါဝင်ခဲ့ကြောင်း သိရသည်။

မန္တလေး အိုးဘိုအကျဥ်းထောင်မှပုဒ်မ ၅၀၅ (က) နဲ့ မတရားဖမ်းဆီးခံထားရသူများကို ည ၈ နာရီဝန်းကျင်မှ စတင်လွှတ်ခဲ့ခြင်းဖြစ်ပြီး ည ၁၀ နာရီကျော်သည်အထိ လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

 
 

 

 

ဓာတ်ပုံ - (ထောပတ်သီးအချို့ / Crd)
August 31, 2026
မြန်မာနိုင်ငံထွက် ထောပတ်သီးများကို ထိုင်းနိုင်ငံသို့ အများဆုံး တင်ပို့လျက်ရှိသော်လည်း...
ဓာတ်ပုံ - (မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသည့် ကျေးရွာတစ်ရွာကို တွေ့ရစဉ် / Crd)
August 29, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များ တည်ရှိရာ ဒေသများသို့ ဦးတည်...
ဓာတ်ပုံ - (မန်ကတ်မြို့ သင်တန်းကျောင်း၌ စစ်မှုထမ်းရန် စုဆောင်းခံထားရသူများကို တွေ့ရစဉ် / MOI)
August 28, 2026
ရန်ကုန်နှင့် မန္တလေး မြို့ကြီးများတွင် စစ်မှုထမ်းရန် တပ်သားစုဆောင်းရေးအတွက်...
August 28, 2026
မန္တလေး အိုးဘိုအကျဉ်းထောင်အတွင်း ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများအပေါ် အောက်ခြေ ထောင်ဝန်...