ကသာ အ.ထ.က ၁ တွင် ပေါက်ကွဲမှုဖြစ်၊ စစ်ဆေးမှုတင်းကြပ်

ကသာ အ.ထ.က ၁ တွင် ပေါက်ကွဲမှုဖြစ်၊ စစ်ဆေးမှုတင်းကြပ်

စစ်ကိုင်းတိုင်း၊ ကသာမြို့ရှိ အ.ထ.က ၁ တွင် ယမန်နေ့မနက် ၅ နာရီခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် ကား၊ ဆိုင်ကယ်နှင့် လမ်းသွားလမ်းလာများအား စစ်ဆေးမှုများတင်းကြပ်နေကြောင်း မြို့ခံများက ပြောကြားသည်။

ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက်ပိုင်းတွင် ကသာမြို့မှ မန္တလေး၊ ဗန်းမောက်နှင့် အခြားမြို့များသို့ထွက်မည့် ယာဉ်လိုင်းများနှင့် ခရီးသည်များကို မြို့လယ် ဗိုလ်ချုပ်ကြေးရုပ်နားတွင် စစ်ဆေးမှုများပြုလုပ်နေကြောင်း မြို့ခံများက ပြောကြားသည်။

ကသာမြို့က အခြေခံပညာအထက်တန်းကျောင်း အမှတ် ၁ ဗုံးပေါက်မှုတွင် ထိခိုက်ဒဏ်ရာသူမရှိသော်လည်း ကျောင်း၏ အရှေ့ဘက်အပေါက် အုတ်တိုင်အောက်ခြေ အက်ကွဲသွားကြောင်း ကျောင်းသားမိဘတစ်ဦးက ပြောကြားသည်။

ကသာမြို့တွင် အခြေခံပညာအထက်တန်းကျောင်း အမှတ် ၁၊ အမှတ် ၂၊ အမှတ် ၃ ဆိုပြီး သုံးကျောင်းရှိရာ အ.ထ.က ၁ သည် ရဲစခန်းအနီးတွင်တည်ရှိသည်။

အမှတ် ၁ အ.ထ.က ကျောင်းမှ ကျောင်းဆရာ၊ ဆရာမ အများစုမှာ CDM ဝင်နေချိန်တွင် CDM မဝင်သည့် ဆရာမတစ်ချို့က စာသင်ကြားပေးနေခြင်းဖြစ်သည်။

ထို့အပြင် အ.ထ.က ၁ ကျောင်းတွင် စစ်ကောင်စီကစီစဉ်သည့် မွန်းမံသင်တန်းဖွင့်ခဲ့ပြီး CDM မဝင်သည့် ဆရာ/ဆရာမအချို့လည်း သင်တန်းတက်ခဲ့သည့် ကျောင်းဖြစ်သည်ဟု သိရသည်။

 
 

 

 

August 8, 2026
စစ်အုပ်စုကို ပြန်လည် ထိတွေ့ဆက်ဆံရန် ထိုင်းနိုင်ငံက အာဆီယံကို တိုက်တွန်းပြောဆိုထားသော်လည်း လက်ရှိ...
August 8, 2026
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် မုဒိမ်းကျင့်လူသတ်မှုနှင့်ပတ်သက်၍...
August 7, 2026
မိုးအဆက်မပြတ် ရွာသွန်းမှုနှင့် တောင်ကျရေများ စီးဆင်းမှုတို့ကြောင့် ရခိုင်ပြည်၊ မြေပုံမြို့နယ်...
ဓာတ်ပုံ - NMG (ပုံဟောင်း)
August 7, 2026
ကချင်ပြည်မြောက်ဖျားပိုင်း ခေါင်လန်ဖူးမြို့နယ်အတွင်း၌ စစ်အုပ်စုတပ်က အင်အားဖြည့်တင်းမှုများ...