၂၁ ပင်လုံု ဒုုတိယအကြိမ် အစည်းအဝေး တက်ရောက်ရေးကိစ္စ UNFC အရေးပေါ် ဗဟိုုအလုုပ်အမှုဆောင်ကော်မတီ အစည်းအဝေး ကျင်းပ

၂၁ ပင်လုံု ဒုုတိယအကြိမ် အစည်းအဝေး တက်ရောက်ရေးကိစ္စ UNFC အရေးပေါ် ဗဟိုုအလုုပ်အမှုဆောင်ကော်မတီ အစည်းအဝေး ကျင်းပ
by -
သတင်းနှင့် မီဒီယာ ကွန်ရက်
တိုုင်းရင်းသား လက်နက်ကိုုင် တော်လှန်ရေး တပ်ပေါင်းစုု အဖွဲ့တစ်ဖွဲ့ဖြစ်သည့် ညီညွတ်သော တုုိင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့၏ အရေးပေါ် ဗဟိုုအလုုပ်အမှုဆောင် ကော်မတီ အစည်းအဝေး ကိုု ထိုုင်းနုုိင်ငံ ချုုင်းမိုုင်မြို့တွင် ယနေ့ နံနက် ၉  နာရီက စတင်ကျင်းပနေသည်။

အစည်းအဝေးတွင် ညီညွတ်သော တိုုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင် အဖွဲ့အစည်းများမှ မေလ ၂၄ ရက်နေ့တွင် ကျင်းပမည့် ပြည်ထောင်စုု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုု ပင်လုံု ဒုုတိယအကြိမ် အစည်းအဝေး တက်ရောက်မည် မတက်ရောက်မည် ဆိုုသည့်ကိစ္စ နှင့် နိုုင်ငံရေးဆိုုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုုယ်စားလှယ် အဖွဲ့ DPN အဖွဲ့ဝင်များအနေဖြင့်လည်း တက်ရောက်မည် မတက်ရောက်မည် ဆိုုသည့် ကိစ္စများကိုု အဓိက ဆွေးနွေး ဆုံုးဖြတ်သွားရန် ရှိသည်ဟုု သိရသည်။

ထိုု့အပြင် ဧပြီလ ၂၈ ရက်နေ့က ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်သည့် အဖွဲ့နှင့် နိုုင်ငံရေး ဆိုုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုုယ်စားလှယ်အဖွဲ့ DPN မှ ခူးဦးရယ် ဦးဆောင်သည့်အဖွဲ့တုုိ့ တွေ့ဆုံုညှိနှိုင်းခဲ့သည့် NCA နောက်ဆက်တွဲ သဘောတူညီချက် အချက် ၉  ချက်ကိုု ပြန်လည်ဆွေးနွေးသုံုးသပ်ပြီး ရှေ့လုုပ်ငန်းစဉ်များ ချမှတ်သွားရန်ရှိသည်ဟုု သိရသည်။

ယနေ့ ကျင်းပသည့် ညီညွတ်သော တိုုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အရေးပေါ် ဗဟိုုအလုုပ်အမှုဆောင် ကော်မတီ အစည်းအဝေးကိုု UNFC အဖွဲ့မှ နုုတ်ထွက်စာတင်ထားသည့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO မှ ကိုုယ်စားလှယ်များ တက်ရောက်ခဲ့သော်လည်း ဝ အမျိုးသား အဖွဲ့ချူပ် WNO အဖွဲ့မှ ကိုုယ်စားလှယ်များ တက်ရောက်ခဲ့ခြင်း မရှိပါ။

တိုုင်းရင်းသား လက်နက်ကိုုင် တော်လှန်ရေး အဖွဲ့ ရ ဖွဲ့ နှင့် ဖွဲ့စည်းထားသည့် ညီညွတ်သော တိုုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့တွင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO၊ မွန်ပြည်သစ်ပါတီ NMSP၊ ကရင်နီ အမျိုးသား တိုုးတက်ရေးပါတီ KNPP ၊ ရှမ်းပြည်တိုုးတက်ရေးပါတီ SSPP ၊ ရခိုုင်အမျိုးသား လွတ်မြောက်ရေးကောင်စီ ANC၊ လားဟူဒီမိုုကရက်တစ် အစည်းအရုံုး LDU နှင့်  ဝ အမျိုးသား အဖွဲ့ချူပ် WNO အဖွဲ့များ ပါ၀င်သည်။

May 22, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်အတွင်း မေလ ၂၀ ရက် ယမန်နေ့ ညသန်းခေါင်ယံအချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်း...
May 21, 2026
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်းရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များတွင်...
May 19, 2026
ချင်းပြည်၊ မင်းတပ်မြို့နှင့် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တို့တွင် စစ်တပ်က လေကြောင်းမှ...
May 15, 2026
မိုးရက်ဆက်ရွာသွန်းမှုကြောင့် ရှမ်းအရှေ့ပိုင်း ရော်ဘာခြံလုပ်သားများ စားဝတ်နေရေး ခက်ခဲလာနေသည်ဟု...