သံတွဲနှင့် ငပလီမှ ကွာရန်တင်းဝင်နေရသည့် မိသားစု ၈ဝ ခန့် စားဝတ်နေရေးအခက်အခဲဖြစ်နေ

သံတွဲနှင့် ငပလီမှ ကွာရန်တင်းဝင်နေရသည့် မိသားစု ၈ဝ ခန့် စားဝတ်နေရေးအခက်အခဲဖြစ်နေ

သံတွဲနှင့် ငပလီမှ ကိုဗစ်ပိုးတွေ့သူများနှင့် ဆက်စပ်သဖြင့် ကွာရန်တင်းဝင်နေရသည့် မိသားစု ၈ဝ ခန့်မှာ စားဝတ်နေရေးအခက်အခဲ ကျရောက်နေကြောင်း ကူညီဆောင်ရွက်ပေးနေသူများက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

သံတွဲမြို့မှ ကိုဗစ်လူနာများအား ကူညီပေးနေသူ ဦးကိုသက်က “စားဝတ်နေရေးအခက်အခဲ ဖြစ်နေကြပါတယ်။ ပိုးတွေ့တဲ့လူနာနဲ့ တိုက်ရိုက်ထိတွေ့ဖူးသူတွေက ကွာရန်တင်းစင်တာမှာထားပြီးတော့ secondary contact သူတို့နဲ့ တစ်ဆင့်ခံ ထိတွေ့ဖူးသူတွေကိုတော့ နေအိမ်ကွာရန်တင်း ထားတာရှိတယ်။ အပြင်လည်းမထွက်ရတော့ စားဝတ်နေရေး အတော်အခက်အခဲဖြစ်နေကြပါတယ်” ဟု ပြောသည်။

ကိုဗစ်အတည်ပြုလူနာတစ်ဦးဖြစ်သည့် ဆယ်တန်းကျောင်းသူ၏ မိခင်ဖြစ်သူက ၄င်းတို့အနေဖြင့် နေ့စားအလုပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုနေရသူများဖြစ်သဖြင့် အပြင်ထွက်၍ အလုပ်မလုပ်ရဖြစ်နေသဖြင့် စားဝတ်နေရေး အကျပ်အတည်းဖြစ်နေ၍ ကူညီပေးကြစေလိုကြောင်း ပြောသည်။

“ကျွန်မအမျိုးသားက နေ့စားလုပ်ကိုင်ပြီးရှာကျွေးနေတာပါ။ မိသားစုစားဝတ်နေရေး အခက်အခဲဖြစ်နေပါတယ်။ လက်ထဲမှာက ပိုက်ဆံမရှိတော့လေ။ မနေ့ကတော့ လူမူရေးအသင်းတစ်ခုက ဆန်၊ ဆီ၊ ကြက်သွန်၊ အာလူး၊ အချို့မှုန့်တို့ လာလှူသွားပါတယ်။ ဒါပေမယ့် ဘယ်လုံလောက်မလဲရှင်။ ဆေးဝါးဝယ်ဖို့ ပိုက်ဆံလည်းမရှိဘူး။ ကျွန်မတို့ လင်းသာရပ်ကွက်ထဲမှာလည်း ရပ်ကွက်ထဲက ကျွန်မတို့ရဲ့အိမ်ရှေ့၊ အိမ်နောက် အကုန် ကွာရန်တင်းဝင်နေရကြတာပါ။ ကူညီပေးကြစေချင်တယ်” ဟု ပြောသည်။

သံတွဲမြို့နယ် ဆေးရုံအုပ်ကြီးဒေါက်တာ ရဲဝင်ထွန်းကလည်း သံတွဲမြို့နယ်တွင် ပိုးတွေ့လူနာနှင့် တိုက်ရိုက်ထိတွေ့၍ ကွာရန်တင်းဝင်နေရသူ လူ ၅ဝ ခန့်ရှိကြောင်း အတည်ပြုပြောကြားသည်။

ရခိုင်ပြည်နယ်တွင် ယမန်နေ့ ဇွန်လ ၃ဝ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာ ၁၄၉ ဦးအထိရှိလာနေကြောင်း ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ စာရင်းအရ သိရသည်။

(Photo - အခက်အခဲကျရောက်နေသည့် ကွာရန်တင်းဝင်နေသည့် မိသားစုများကို ဒေသအတွင်းက စေတနာရှင်များ တစ်ပိုင်တစ်နိုင် ကူညီနေကြစဉ်/ ဇွဲထက်မာန်)

 
 

 

 

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...