အိန္ဒိယနိုင်ငံခြားရေး၀န်ကြီးနှင့် အင်ဒိုနီးရှားနိုင်ငံခြားရေး၀န်ကြီးတို့ တွေ့ဆုံပြီး မြန်မာ့အရေးဆွေးနွေး

အိန္ဒိယနိုင်ငံခြားရေး၀န်ကြီးနှင့် အင်ဒိုနီးရှားနိုင်ငံခြားရေး၀န်ကြီးတို့ တွေ့ဆုံပြီး မြန်မာ့အရေးဆွေးနွေး

အိန္ဒိယနိုင်ငံခြားရေး၀န်ကြီး အက်စ်ဂျိုင်ရှန်ကာသည် အင်ဒိုနီးရှားနိုင်ငံခြားရေး၀န်ကြီး ရက်တ်နိုမာဆူဒီနှင့် ဇွန်လ ၂၈ ရက်က တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံရှိ အခြေအနေများနှင့်ပတ်သက်ပြီး ဆွေး‌နွေးခဲ့သည်ဟု သိရသည်။

အဆိုပါ နိုင်ငံခြား၀န်ကြီးနှစ်ဦးတွေ့ဆုံမှုတွင် မြန်မာ့အရေးကိစ္စအပြင် ကိုဗစ်-၁၉ ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များနှင့် ပတ်သက်၍လည်း ဆွေး‌နွေးခဲ့ကြသည်။

အိန္ဒိယနိုင်ငံခြားရေး၀န်ကြီး မစ္စတာဂျိုင်ရှန်ကာသည် ၎င်း၏ ဂရိ-အီတလီ နှစ်နိုင်ငံခရီးစဉ်၏ ဒုတိယခရီးတစ်ထောက်အဖြစ် ဂရိကနေ အီတလီသို့ ရောက်ရှိခဲ့ပြီး ၎င်းသည် ဂျီ-၂၀ ၀န်ကြီးအဆင့် အစည်းအဝေးများ၏ ဘေးပန်းပြင်ပတွင် အင်ဒိုနီးရှားနိုင်ငံခြားရေး၀န်ကြီး မာဆူဒီနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

"ကျွန်တော့်ရဲ့မိတ်ဆွေ အင်ဒိုနီးရှားနိုင်ငံခြားရေး၀န်ကြီး ရက်တ်နိုနဲ့တွေ့ရတာ အမြဲတမ်း ၀မ်းမြောက်ရပါတယ်၊ ကျွန်တော်တို့ဟာ ကိုဗစ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ မြန်မာနိုင်ငံက အခြေအနေတွေနဲ့ပတ်သက်လို့ အမြင်ချင်းဖလှယ် ဆွေး‌နွေးခဲ့ကြပါတယ်" ဟု အိန္ဒိယနိုင်ငံခြားရေး၀န်ကြီးက တွစ်တာတွင် ရေးခဲ့သည်။

မြန်မာ့အရေးဆွေး‌နွေးမှု အသေးစိတ်အကြောင်းအရာများကို ၎င်းက ထုတ်ဖော်ခဲ့ခြင်းမရှိပေ။

အိန္ဒိယနှင့် အင်ဒိုနီးရှားတို့သည် ဇွန်လ ၂၅ ရက်က ခြောက်ကြိမ်မြောက်အလှည့် နိုင်ငံခြားရေးရုံး ဆွေး‌နွေးညှိနှိုင်းမှုကို ကျင်းပခဲ့ပြီးနောက် ယခုကဲ့သို့ ၀န်ကြီးနှစ်ဦးတွေ့ဆုံမှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

 
 

 

 

ဓာတ်ပုံ - (ထောပတ်သီးအချို့ / Crd)
August 31, 2026
မြန်မာနိုင်ငံထွက် ထောပတ်သီးများကို ထိုင်းနိုင်ငံသို့ အများဆုံး တင်ပို့လျက်ရှိသော်လည်း...
ဓာတ်ပုံ - (မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသည့် ကျေးရွာတစ်ရွာကို တွေ့ရစဉ် / Crd)
August 29, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များ တည်ရှိရာ ဒေသများသို့ ဦးတည်...
ဓာတ်ပုံ - (မန်ကတ်မြို့ သင်တန်းကျောင်း၌ စစ်မှုထမ်းရန် စုဆောင်းခံထားရသူများကို တွေ့ရစဉ် / MOI)
August 28, 2026
ရန်ကုန်နှင့် မန္တလေး မြို့ကြီးများတွင် စစ်မှုထမ်းရန် တပ်သားစုဆောင်းရေးအတွက်...
August 28, 2026
မန္တလေး အိုးဘိုအကျဉ်းထောင်အတွင်း ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများအပေါ် အောက်ခြေ ထောင်ဝန်...