မော်လမြိုင်ဆေးရုံကြီး၌ တစ်လအတွင်း ကိုဗစ်အတည်ပြုလူနာသေဆုံးသူ (၈) ဦးအထိရှိလာ

မော်လမြိုင်ဆေးရုံကြီး၌ တစ်လအတွင်း ကိုဗစ်အတည်ပြုလူနာသေဆုံးသူ (၈) ဦးအထိရှိလာ

မော်လမြိုင်ဆေးရုံကြီး Isolation ward 1 နှင့် 3 တွင် တက်ရောက်ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာများထဲမှ ဇွန်လတစ်လအတွင်း သေဆုံးသူ ၈ ဦးထိရှိလာပြီး အသက်အရွယ်ကြီးသူများဖြစ်ကြောင်း မော်လမြိုင် Rescue အဖွဲ့မှ ကိုဇင်မိုးက ပြောသည်။

"ကိုဗစ်လူနာတွေကို လက်ခံကုသပေးနေတဲ့ မော်လမြိုင်ဆေးရုံကြီး ISO 1 မှာပေါ့ ပထမတုန်းက ၅ ယောက်ရှိတယ်။ မနေ့က တစ်လောင်း၊ ဒီနေ့ တစ်လောင်း၊ တစ်မြန်နေ့က တစ်လောင်း သုံးယောက်ထပ်ထွက်တာပေါ့" ဟု ကိုဇင်မိုးက ပြောသည်။

သံဖြူဇရပ်မြို့မှ အသက် ၅၂ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ ပေါင်မြိုနယ်မှ အသက် ၅၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် မော်လမြိုင် ရွှေတောင်မှ အသက် ၇၅ နှစ်အရွယ် အမျိုးသားတစ်ဦးတို့ ထပ်မံသေဆုံးခဲ့ခြင်းဖြစ်သည်။

ထို့အတူ မွန်ပြည်နယ်အတွင်း ကူးစက်မှုနှုန်း အမြင့်ဆုံးတွေ့ရှိနေရသည့် သံဖြူဇရပ်မြိုနယ်တွင် ယမန်နေ့ ဇွန်လ (၂၈) ည (၈) နာရီ နောက်ဆုံးစစ်ဆေးချက်အရ ရက်ပေါင်း (၃၀) အတွင်း ရောဂါပိုးကူးစက်ခံရသူ (၁၄၅) ဦးထိရှိပြီး (၂) ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း သတင်းရရှိသည်။

ထိုသို့ ရောဂါပျံ့နှံ့မှုနှုန်း လွန်စွာမြင့်တက်လာသည့်အတွက် သံဖြူဇရပ်မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များနှင့် အအေးဆိုင်များအားလုံး ပါဆယ်စနစ်ဖြင့်သာရောင်းချရန် ယနေ့ရက်စွဲဖြင့် သက်ဆိုင်ရာက အမိန့်ထုတ်ပြန်ထားသည်။

သံဖြူဇရပ်မြို့မှ ထမင်းဆိုင်ရောင်းချနေသူနေသူတစ်ဦးက “ကျနော်တို့စားသောက်ဆိုင်တွေ ဒီနေ့ကစပြီး ပါဆယ်ရောင်းရမယ်လို့ ဒီနေ့ဒိတ်နဲ့ စာထွက်လာတယ်၊ လုပ်ပုံက ဂွကျကုန်တယ် ချက်ပြုတ်ပြီးသားတွေဖြစ်နေလို့၊ ဘာပဲပြောပြော ဒီနေ့တော့ ဆိုင်ထိုင်ဆက်ရောင်းမယ် ခုဏကပဲ စာရောက်လာတာ” ဟု ဆိုသည်။

လက်ရှိ ရောဂါပိုးကူးစက်ခံရသူအများစုတွင် သံဖြူဇရပ်မြို့ပေါ်ရပ်ကွက်များရှိ ဈေးဆိုင်၊ စားသောက်ဆိုင် ရောင်းချသူများအပါအဝင် အောင်မင်္ဂလာရပ်ကွက်မှ (၆၄) ဦး၊ အောင်သာယာရပ်ကွက်မှ (၃၀) ဦး၊ စက်သစ်ရပ်ကွက်မှ ၁၈ ဦး၊ အောင်ဇေယျရပ်ကွက်မှ ၉ ဦး၊ ကြံခိုင်ရေးရပ်ကွက် ၄ ဦး၊ ကျောင်းပိုင်းရပ်ကွက် ၄ ဦး၊ ဟံသာဝတီရပ်ကွက် (၃) ဦး၊ ဖောင်စိန်ရပ်ကွက် (၂) ဦးနှင့် အောင်ချမ်းသာရပ်ကွက်မှ (၁) ဦး ကူးစက်ခံရထားရကြောင်း သက်ဆိုင်ရာမှ သိရသည်။

အိန္ဒိယနိုင်ငံမှ စတင်တွေ့ရှိခဲ့ရသည့် ကူးစက်မြန် Delta ပိုးမျိုးကွဲသစ်ကြောင့် တကမ္ဘာလုံးသို့ ကူးစက်မှုများ တိုးလာနေချိန်တွင် မြန်မာနိုင်ငံမှာလည်း မေလကုန်မှစတင်၍ ပိုးသစ်တွေ့နှုန်း ၅ ရာခိုင်နှုန်းရှိနေရာမှ လက်ရှိ ၁၅ ရာခိုင်နှုန်းနားကပ်လာနေပြီဖြစ်ကြောင်း၊ ယင်းသို့ တကျော့ပြန် တိုးလာသည့် ကိုဗစ်ရောဂါကူးစက်မှုများသည် Third Wave တတိယလှိုင်းအစအဖြစ် သတိထားရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြောခွင့်ရ ဒေါက်တာသန်းနိုင်စိုးက ဗွီအိုအေကို ပြောဆိုခဲ့သည်။

March 4, 2026
ထိုင်းနိုင်ငံမှ ပြည်ပလောင်စာဆီ တင်ပို့မှုရပ်ဆိုင်းလိုက်ပြီဟု ထုတ်ပြန်ထားသည့်အပြင်...
March 2, 2026
မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောၚ်အသီးသီးက အကျဉ်းသား အကျဉ်းသူ ၁၆၀ ကျော် ပြန်လွတ်လာပြီး...
ပုံ- IMNA
February 28, 2026
တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌...
ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...