ကျောက်တော်တွင် မသန်စွမ်းအမျိုးသမီးငယ်တစ်ဦးကို အဓမ္မပြုကျင့်ခဲ့သူအား AA က ဖမ်းဆီးသွား

ကျောက်တော်တွင် မသန်စွမ်းအမျိုးသမီးငယ်တစ်ဦးကို အဓမ္မပြုကျင့်ခဲ့သူအား AA က ဖမ်းဆီးသွား

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့တွင် မသန်စွမ်းအမျိုးသမီးငယ်တစ်ဦးကို အဓမ္မပြုကျင့်ခဲ့သူအား ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

အဓမ္မပြုကျင့်ခဲ့သူမှာ ကျောက်တော်မြို့၊ မြို့သစ်ရပ်ကွက်မှ အသက် ၄၅ နှစ်အရွယ် ဦးမောင်မြင့်စိုးဖြစ်သည်။

သူသည် ဇွန်လ ၂၅ ရက်နေ့ ညနေ ၃ နာရီခန့်တွင် ကျောက်တော်မြို့ ရှမ်းရွာရပ်ကွက်မှ အသက် ၂၁ နှစ်အရွယ် မသန်စွမ်းအမျိုးသမီးငယ်တစ်ဦးကို မိသားစုများမရှိစဉ် အဓမ္မကျူးလွန်ခဲ့ခြင်းဖြစ်သည်။

ယင်းနောက်တွင် သူ့ကို ရပ်ကွက်သူ/သားများက ဝိုင်းဝန်းဖမ်းဆီးပြီးနောက် AA က ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ကျူးလွန်ခံရသူ၏ ဦးလေးဖြစ်သူက နိရဉ္စရာကို ပြောသည်။

“သူမတို့ရဲဘေးခြံမှာ အလုပ်လာလုပ်တဲ့သူတွေထဲက တစ်ယောက်က ပြုကျင့်ခဲ့တာပါ။ မိန်းကလေးက မသန်စွမ်းပါ။ အမေနဲ့အစ်မဖြစ်သူတို့နဲ့နေတာပါ။ အမေဖြစ်သူက အဲဒီလူတွေကို ကွမ်းယာကျွေးတယ်လို့ပြောတယ်။ ပြီးတော့ ဟင်းခူးဖို့ထွက်သွားခဲ့တာ။ အစ်မဖြစ်သူကလည်း အပြင်ထွက်သွားတော့ သူတစ်ယောက်တည်းကျန်ခဲ့တဲ့အချိန်မှာ ပြုကျင့်ခံရတာပါ။ အစ်မဖြစ်သူပြန်လာတော့ ညီမဖြစ်သူလက်ထဲမှာ ငွေလေးထောင့်နှစ်ရာကိုင်ပြီး ဖရိုဖရဲဖြစ်နေတာနဲ့ အဲဒီလူတွေကို မသင်္ကာလို့ ဖမ်းကြတာပါ။ အဲဒီနောက် အဲဒီလူတွေကို ရက္ခိုင့်တပ်တော် (AA) က ဖမ်းသွားပါတယ်” ဟု ပြောသည်။

အဓမ္မပြုကျင့်ခဲ့သည့် ဦးမောင်မြင့်စိုးသည် ကျူးလွန်ခံရသူ၏ ဘေးချင်းကပ်ခြံတွင် ယင်းခြံပိုင်ရှင်နှင့်အတူ ခြံစည်းရိုးကာရံနေကြရာမှ ယခုကဲ့သို့ သားမယားအဖြစ် ပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း သူက ဆက်ပြောသည်။

“အဲဒီ ကျူးလွန်တဲ့လူက ခြံပိုင်ရှင်ဆီက ငွေတောင်းပြီး မိန်းကလေးကို ငွေပေးတဲ့သဘောပါ။ အဲဒီခြံပိုင်ရှင်က အပေါင်းအပါသဘောမျိုးပါ။ ဒါကြောင့် တပ်တော်က သူတို့နှစ်ဦးလုံးကို ဖမ်းသွားခဲ့တာပါ” ဟု ပြောသည်။

ကျောက်တော်မြို့ခံတစ်ဦးကလည်း ယခုဖြစ်စဉ်မှာ ဟုတ်မှန်သည်ဟု ဆိုသည်။

အဓမ္မကျူးလွန်ခံရသူသည် အသက် (၁၂) နှစ်အရွယ်ခန့်က ဖျားနာမှုကြောင့် ခြေထောက်တစ်ဘက်နှင့် လက်တစ်ဘက် မသန်စွမ်းဖြစ်ကာ စကားပြောဆွံ့အပြီး ဦးနှောက်ချို့ယွင်းမှုဝေဒနာခံစားနေရသူဖြစ်သည်။

 
 

 

 

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...