အင်းစိန်အကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသည့် စာရေးဆရာမ မတူးတူးသာ ယနေ့တိုင် မိသားစုနှင့် တွေ့ဆုံခွင့်မရသေး

အင်းစိန်အကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသည့် စာရေးဆရာမ မတူးတူးသာ ယနေ့တိုင် မိသားစုနှင့် တွေ့ဆုံခွင့်မရသေး

အင်းစိန်အကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသော စာရေးဆရာမ မတူးတူးသာမှာ ရုံးထုတ်စစ်ဆေးမှု ငါးကြိမ်မြောက်ရှိပြီဖြစ်သော်လည်း မိသားစုနှင့် တွေ့ဆုံခွင့်မရသေးကြောင်း ၎င်း၏ မိသားစုဝင်တစ်ဦးအပြောအရ သိရသည်။

“လူတွေ့ခွင့်က ဖမ်းဆီးခံရတဲ့ နေ့ကနေစပြီး တစ်ခါမှ တွေ့ခွင့်မရဘူး။ ရုံးချိန်းနေ့တိုင်း ရှေ့နေကို ဖုန်းဆက်ပြီးမေးရတယ်။ သူတို့ လိုမယ့်ဟာလေးတွေကို ရှေ့နေနဲ့တွေ့ပြီး သွားပေးလိုက်တယ်။ ရုံးချိန်းရှိတဲ့နေ့ ညဘက်တွေဆိုရင်တော့ ရှေ့နေဆီကို ဘာထူးလဲဆိုတာ လှမ်းမေးရတယ်” ဟု မိသားစုဝင်တစ်ဦးက ဆိုသည်။

မတူးတူးသာအပြင် ဖမ်းဆီးခံရချိန်တွင်ပါဝင်သည့် မောင်ဖြစ်သူ ကိုရဲနှောင်း၊ သားဖြစ်သူ မောင်ဉာဏ်လူသစ်နှင့် သားဖြစ်သူ၏သူငယ်ချင်း မောင်သီဟစိုးတို့မှာလည်း ယနေ့အချိန်အထိ မိသားစုနှင့် တွေ့ဆုံဆက်သွယ်ခွင့် မရရှိသေးပေ။

မတူးတူးသာအား စွဲဆိုထားသည့် ပုဒ်မ ၅၀၅ (က) အမှုအတွက် ငါးကြိမ်မြောက်ရုံးချိန်းကို ဇွန် ၂၃ ရက်၌ တရားလိုစစ်ဆေးရန် ချိန်းဆိုထားသော်လည်း မစစ်ဆေးဖြစ်ဘဲ ဇူလိုင် ၇ ရက်သို့ ပြန်လည်ချိန်းဆိုထားသည်။

သန်လျှင်မြို့နယ်အတွင်း နေထိုင်သည့် မတူးတူးသာကို ဧပြီ ၂၄ ရက် ညပိုင်းက သံသယဖြစ်စေသည်ဟုဆိုကာ ဧည့်စာရင်းဝင်စစ်ဆေးရာမှ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး သူမနှင့်အတူ မောင်ဖြစ်သူကိုရဲနှောင်း သားဖြစ်သူ မောင်ဉာဏ်လူသစ်နှင့် သူငယ်ချင်းဖြစ်သူ မောင်သီဟစိုးတို့ပါ ဖမ်းဆီးခေါ်ဆောင်သွားကြသည်။

သူမသည် ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သမားတို့၏ သားသမီးများနှင့်ပတ်သက်သည့် ပညာရေးနှင့် ၎င်းတို့ကို ပညာသင်ကြားပေးနေသော ဆရာများ၏အကြောင်းကို ပုံဖော်ရေးသားထားသော “အဖေ့ကျောင်း” အမည်ရှိ လုံးချင်းဝတ္ထုစာအုပ်ကို ရေးသားထုတ်ဝေခဲ့သူဖြစ်သည်။

 
 

 

 

ဓာတ်ပုံ - (ထောပတ်သီးအချို့ / Crd)
August 31, 2026
မြန်မာနိုင်ငံထွက် ထောပတ်သီးများကို ထိုင်းနိုင်ငံသို့ အများဆုံး တင်ပို့လျက်ရှိသော်လည်း...
ဓာတ်ပုံ - (မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသည့် ကျေးရွာတစ်ရွာကို တွေ့ရစဉ် / Crd)
August 29, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များ တည်ရှိရာ ဒေသများသို့ ဦးတည်...
ဓာတ်ပုံ - (မန်ကတ်မြို့ သင်တန်းကျောင်း၌ စစ်မှုထမ်းရန် စုဆောင်းခံထားရသူများကို တွေ့ရစဉ် / MOI)
August 28, 2026
ရန်ကုန်နှင့် မန္တလေး မြို့ကြီးများတွင် စစ်မှုထမ်းရန် တပ်သားစုဆောင်းရေးအတွက်...
August 28, 2026
မန္တလေး အိုးဘိုအကျဉ်းထောင်အတွင်း ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများအပေါ် အောက်ခြေ ထောင်ဝန်...