မီဇိုရမ်ပြည်နယ်မှာ လာရောက်ခိုလှုံသူ မြန်မာနိုင်ငံသား ၁ သောင်းကျော်ပြီဟု သိရ

မီဇိုရမ်ပြည်နယ်မှာ လာရောက်ခိုလှုံသူ မြန်မာနိုင်ငံသား ၁ သောင်းကျော်ပြီဟု သိရ

မြန်မာနိုင်ငံကနေ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို မကြာခင် သီတင်းပတ်တွေအတွင်း ဝင်ရောက်လာသူ ၇၀၀ ကျော်ရှိကြောင်း အိန္ဒိယအရာရှိတဦး၏ ပြောကြားချက်ကိုကိုးကားပြီး လက်ရှိအချိန်မှာ လာရောက်ခိုလှုံသူ မြန်မာနိုင်ငံသား ၁ သောင်းကျော်ရှိလာကြောင်း အိန္ဒိယသတင်းမီဒီယာများတွင် ဖော်ပြချက်အရ သိရသည်။

မီဇိုရမ်ပြည်နယ်တွင် လာရောက်ခိုလှုံသူအများစုသည် အရပ်သားများဖြစ်ပြီး ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများပါ၀င်ကြောင်း အဆိုပါအရာရှိကဆိုသည်။

စစ်တပ်အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီလကစပြီး ယခုအချိန်အထိ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် လာရောက်ခိုလှုံသော မြန်မာနိုင်ငံသား ၁ သောင်းကျော်ရှိနေပြီး ထိုထဲတွင် ဇွန်လ ၁၄ ရက်နေ့က မီဇိုရမ်ကိုရောက်လာသည့် ချင်းပြည်နယ်ဝန်ကြီးချုပ် ဆလိုင်း Lian Luai နှင့်အတူ လွှတ်တော်အမတ် ၂၂ ဦးထက်မနည်းပါ၀င်ကြောင်း ရဲအရာရှိက ပြောသည်။

မီဇိုရမ်ပြည်နယ်ထဲက ဒေသ ၆ ခုသည်  မြန်မာနိုင်ငံ ချင်းပြည်နယ်နှင့် ကီလိုမီတာ ၅၁၀ ရှည်သည့် နယ်စပ်တလျှောက်မှာ တည်ရှိတာဖြစ်ပြီး အဲဒီဒေသခံများဟာ မြန်မာနိုင်ငံထဲက ချင်းတိုင်းရင်းသားများနှင့် အမျိုးနွယ်တူများဖြစ်ခြင်းကြောင့် ၂ ဖက် ပုံမှန်ကူးလူးသွားလာလေ့ရှိသည့် ဒေသများဖြစ်သည်။

 
 

 

 

Most read this week

August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...
July 20, 2026
ချင်းပြည်၊ တီးတိန်-ရိဒ်ခေါဒါရ် အိန္ဒိယနယ်စပ် လမ်းကြောင်းရှိ ဆောက်လက်စ မံဆောင်းတံတားတွင် ယခုနှစ်...