Published
Monday, June 28, 2021
မြစ်ကြီးနားမြို့ ဧရာ၀တီမြစ်ကူးတံတားဘေးရှိ စုပေါင်းဂိတ်ကို KIA က လာရောက်ပစ်ခတ်
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဧရာ၀တီမြစ်ဘေးရှိ စစ်တပ်နဲ့ရဲတွေရဲ့ စုပေါင်းဂိတ်ကို KIA က လာရောက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။
မြစ်ကြီးနား-ဝိုင်းမော် ဗလမင်းထင်တံတားအနီးက စုပေါင်းဂိတ် ပစ်ခတ်ခံရပြီးနောက် မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်ရှိ စစ်ဘေးရှောင်စခန်း ၂ ခုကို စစ်တပ်က လာရောက်စစ်ဆေးမှုပြုလုပ်ခဲ့ပါတယ်။
ပူတာအိုခရိုင် ဆွမ်ပီယန်မှာ ရွှေတူးဖော်ရေးလုပ်ငန်းလုပ်ကိုင်တဲ့ သခင်စစ်ကုမ္ပဏီကို အလိုမရှိကြောင်း ကန့်ကွက်တဲ့ရွာသားတချို့ကို ကုမ္ပဏီက တိုင်ကြားထားတာကြောင့် KIA ဘက်က ရွာသားတွေကို ခေါ်ယူစစ်ဆေးနေတယ်လို့ သိရပါတယ်။






