Published
Saturday, September 05, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်တပ်ရဲ့စစ်သင်္ဘော ၇ စီး ဗန်းမော်ကိုဆိုက်ရောက်
- မန္တလေးမြို့ကနေ ကချင်ပြည်နယ်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်တပ်ရဲ့ စစ်သင်္ဘောတချို့သာ ဗန်းမော်ကို ဆိုက်ရောက်နိုင်ခဲ့ပေမဲ့ စစ်တပ်အင်အားများနေဆဲဖြစ်တာကြောင့် ဗန်းမော်စစ်ရေးကို စောင့်ကြည့်ရမယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
- မြစ်ကြီးနား- ပူတာအိုလမ်းပိုင်းမှာ စစ်တပ်ဘက်က ကုန်တင်ယာဉ်တွေကို လှည့်ပြန်ခိုင်းနေတာမျိုးတွေ မပြုလုပ်ဘဲ တင်ခွင့်မပြုတဲ့ပစ္စည်းတွေကို တိတိကျကျ ထုတ်ပြန်ပေးဖို့ မော်တော်ယာဉ်အသင်းများက တောင်းဆိုနေပါတယ်။
- ထိုင်းနိုင်ငံမှာ တရားဝင် အသိအမှတ်ပြုထားတဲ့ တိုင်းရင်းသားလူမျိုးစုတွေစာရင်းထဲမှာ ကချင်တိုင်းရင်းသားကိုလည်း ထည့်သွင်းအသိအမှတ်ပြုလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။






