ငပလီမြို့မှ ကိုဗစ်ပိုးတွေ့ရှိခဲ့သည့် ကျောင်းဆရာမမိသားစုဝင် နောက်ထပ် ၃ ဦးတွင် ကိုဗစ်ပိုးထပ်တွေ့၊ ရခိုင်တစ်ပြည်နယ်လုံးမှာ ကိုဗစ်ကူးစက်ခံရသူ ၉၀ ဦးထိရှိလာ

ငပလီမြို့မှ ကိုဗစ်ပိုးတွေ့ရှိခဲ့သည့် ကျောင်းဆရာမမိသားစုဝင် နောက်ထပ် ၃ ဦးတွင် ကိုဗစ်ပိုးထပ်တွေ့၊ ရခိုင်တစ်ပြည်နယ်လုံးမှာ ကိုဗစ်ကူးစက်ခံရသူ ၉၀ ဦးထိရှိလာ

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီမြို့ ဂျိတ်တောကျေးရွာအုပ်စု ကျွဲသောက်ကုန်း (အလက) ကျောင်းမှ ကိုဗစ်ပိုးတွေ့ရှိခဲ့သူ ကျောင်းဆရာမ၏ မိသားစုဝင် နောက်ထပ် ၃ ဦးတွင် ယနေ့နံနက်က ကိုဗစ်ပိုး ထပ်မံတွေ့ရှိခဲ့ပြီး ရခိုင်တစ်ပြည်နယ်လုံးတွင် ကိုဗစ်ကူးစက်ခံရသူ ၉၀ ထိရှိသွားပြီဟု သိရသည်။

အဆိုပါကျောင်းဆရာမနှင့် ထိစပ်သူ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများအပါအဝင် မိသားစုဝင် ၂ဝ ခန့်ကို ယမန်နေ့က စစ်ဆေးခဲ့ရာ ကိုဗစ်ပိုး ၃ ဦး ထပ်တွေ့ခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်ပိုင်က နိရဥ္စရာသတင်းဌာနအား ပြောသည်။

“ကျွန်တော်တို့ အဲဒီဆရာမနဲ့ ထိတွေ့သူ ရောဂါကူးစက်နိုင်ခြေရှိသူ ကျောင်းဆရာ၊ ဆရာမတွေလည်းပါတယ်။ သူ့မိသားစုလည်းပါတယ်။ အယောက် ၂ဝ ကိုစစ်တယ်။ အဲဒီထဲက သုံးယောက် positive ထွက်တာ” ဟု ပြောသည်။

၄င်းအပြင် ရခိုင်ပြည်နယ်တွင် ကိုဗစ်ကာကွယ်ဆေးထိုးထားပြီးသူတချို့၌ ကိုဗစ်ပိုးတွေ့ရှိနေသော်လည်း အဆိုပါကျောင်းဆရာမမှာ ကိုဗစ်ကာကွယ်ဆေး ထိုးထားခြင်းရှိ၊ မရှိကို သူ့အနေဖြင့် သိရှိထားခြင်းမရှိဟု ဒေါက်တာစိုးဝင်းပိုင်က ဆိုသည်။

ဂျိတ်တောကျေးရွာအုပ်စုမှ ကျွဲသောက်ကုန်း (အလက) ကျောင်းစာသင်ကျောင်းကို ယာယီပိတ်ထားလိုက်ပြီဖြစ်ကြောင်း ဂျိတ်တောကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးရွှေသန်းက ပြောသည်။

“ကျောင်းကိုတော့ ယာယီပိတ်ထားလိုက်ပါပြီ။ ဆရာမက လင်းသာရပ်ကွက်ကပါ။ ဆရာမရဲ့ အမေရယ်၊ သူ့သမီးလေးရယ်၊ ညီမတစ်ဝမ်းကွဲတို့မှာ ထပ်တွေ့တာပါ။ နောက်ထပ်လူတွေမှာ ပိုးမတွေ့ပါဘူး။ ငပလီမှာတော့ တခြားကျောင်းတွေမှာလည်း ကလေးတွေ ကျောင်းမသွားရဲကြဘူး” ဟုပြောသည်။

ရခိုင်ပြည်နယ်တွင် မေလ ၁၂ ရက်နေ့မှ ယနေ့အထိ ကိုဗစ်ပိုးတွေ့ရှိသူ သံတွဲတွင် ၆ ဦး၊ မောင်တောတွင် ၇ ဦးနှင့် စစ်တွေတွင် ၇၇ ဦး စုစုပေါင်း အယောက် ၉ဝ ရှိပြီဖြစ်သည်။

ယင်းအထဲတွင် ကိုဗစ်ကာကွယ်ဆေးထိုးထားသူတချို့လည်း ပါဝင်နေသဖြင့် ဒေသခံများအကြေား စိုးရိမ်မှုဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။

 
 

 

 

August 6, 2026
ရခိုင်ပြည်၊ ဂွနှင့် သံတွဲမြို့နယ်တို့၏ ကောင်းကင်ယံတွင် စစ်တပ်၏ လေယာဉ်များ...
August 4, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်တွင် စစ်ဘေးရှောင်နေကြသည့် ရေလုပ်သားများသည် ပင်လယ်ပြင်တွင် ငါးရှာ...
August 3, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့ရှိ ဂျိတ္တောရပ်ကွက်အပြင် ကျောက်ဖြူမြို့နယ်၊ စနဲမြို့ကိုလည်း...
August 1, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ရွှေလှေကျေးရွာကို စစ်တပ်က လေကြောင်းမှ...