ကလေးမြို့တွင် ဇွန်လ ၂၃ ရက်ညက စစ်ကောင်စီတပ်ဖွဲ့၏ပစ်ခတ်မှုကြောင့် အသက် ၂၄ နှစ်အရွယ် လူငယ်တစ်ဦး သေဆုံးခဲ့

ကလေးမြို့တွင် ဇွန်လ ၂၃ ရက်ညက စစ်ကောင်စီတပ်ဖွဲ့၏ပစ်ခတ်မှုကြောင့် အသက် ၂၄ နှစ်အရွယ် လူငယ်တစ်ဦး သေဆုံးခဲ့

စစ်ကိုင်းတိုင်း ကလေးမြို့တွင် ဇွန်လ ၂၃ ရက်ညက စစ်ကောင်စီတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် အသက် ၂၄ နှစ်အရွယ် လူငယ်တစ်ဦး သေဆုံးခဲ့ပြီး အလောင်းကို သေနတ်ဒဏ်ရာများဖြင့် ယနေ့မနက်တွေ့ရှိရကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

ဒေသခံတစ်ဦးက “မနေ့ညက တောင်ဖီလာဝန်ထမ်းအိမ်ရာအနီးမှာ ည ၈ နာရီဝန်းကျင်လောက်က အပစ်ခံရတယ်လို့သိရတယ်၊ အလောင်းကိုတော့ ချောင်းမှာပစ်ထားခဲ့ကြတယ်လို့သိရတယ်၊ ဒီမနက်မှဘဲတွေ့ကြတယ်၊ အခု အလောင်းက အိမ်ရောက်ပြီ အလောင်းမှာ သေနတ်ဒဏ်ရာ လေးချက်တွေ့ရတယ်၊ ကျည်ကလည်း စစ်တပ်ကျည်တွေဖြစ်တယ်လို့ သိရတယ်” ဟု ပြောသည်။

သေဆုံးသွားသူမှာ အသက် (၂၄) အရွယ် ကလေးတစ်ဦး၏ဖခင်ဖြစ်ပြီး ကလေးမြို့ တောင်ဇလပ်ရပ်ကွက် နယ်မြေ ၆ တွင်နေထိုင်သည့် ဆလိုင်းငွန်နေပြန်ဖြစ်ပါသည်။

တောင်ဖီလာ ဝန်ထမ်းအိမ်ရာအနီး နေထိုင်သူတစ်ဦးက “မနေ့ညက ဝန်ထမ်းအိမ်ရာအနားမှာ သေနတ်သံ လေးငါးချက် အကျယ်ကြီးကြားခဲ့ရတယ်၊ အဲဒီဝန်ထမ်းအိမ်ရာမှာလည်း စစ်သားတွေရှိတယ်” ဟု ပြောသည်။

သေဆုံးသွားသူ ဆလိုင်းငွန်နေပြန်၏အလောင်း ၄င်းနေအိမ်တွင် ရောက်ရှိပြီဖြစ်ပြီး မြေမြှုပ်သဂြိုလ်ခြင်းကိုလည်း ဒီကနေ့မနက်ပိုင်း ၉ နာရီဝန်းကျင်တွင် လုပ်ဆောင်သွားမည်ဟု သိရသည်။

 
 

 

 

Most read this week

August 5, 2026
ယခင် CDF – Kanpetlet (ယခု CPU / CPA) တပ်ဖွဲ့ဝင်ဖြစ်သည့် ရဲမေ မိုင်သူဇာကို အမျိုးသားညီညွတ်ရေး...
August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...