အိန္ဒိယ-မြန်မာနယ်စပ်တွင် အာသံရိုင်ဖယ်တပ်က ဖောက်ခွဲရေးကိရိယာအများအပြား ဖမ်းမိ

အိန္ဒိယ-မြန်မာနယ်စပ်တွင် အာသံရိုင်ဖယ်တပ်က ဖောက်ခွဲရေးကိရိယာအများအပြား ဖမ်းမိ

အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင် Farkawn ကျေးရွာတွင် အာသံရိုင်ဖယ်တပ်က ဖောက်ခွဲရေးတွင်အသုံးပြုသည့် ပစ္စည်းကိရိယာအမြောက်အများကို ယနေ့ ဇွန်လ ၂၂ ရက်နေ့တွင် ဖမ်းဆီးရမိသည်ဟု သိရသည်။

အဆိုပါ ဖောက်ခွဲရေးကိရိယာများနှင့်အတူ လူ ၂ ဦးကိုလည်း ဖမ်းဆီးထားပြီး Dungtlang ရဲစခန်းသို့ လွှဲပြောင်းလိုက်ပြီဟု သိရသည်။

အာသံရိုင်ဖယ်တပ်မှ ဖမ်းဆီးရမိသည့် အဆိုပါကိရိယာများမှာ ဖောက်ခွဲရေးပစ္စည်းထားရှိသည့် အိတ် ၆၃ အိတ်၊ ကျောက်ခွဲမိုင်း ၃၇ ဖာ၊ ပြင်းအားကောင်းသည့် မိုင်း (Special Detonator) ၆ ဖာနှင့် ဝါယာကြိုးခွေ ၄ ထုတ်တို့ဖြစ်သည်။

Farkawn ကျေးရွာသည် မီဇိုရမ်နှင့် ချင်းပြည်နယ်နယ်စပ်တွင်တည်ရှိသည့် ကျေးရွာတစ်ရွာဖြစ်ပြီး ချင်းအမျိူးသားတပ်ဦး CNF ဗဟိုဌာနချုပ်အနီးတွင်တည်ရှိသည်။

 
 

 

 

Most read this week

December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 15, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြည်သူဆေးရုံးကြီးကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုသည်...