အိန္ဒိယ-မြန်မာနယ်စပ်တွင် အာသံရိုင်ဖယ်တပ်က ဖောက်ခွဲရေးကိရိယာအများအပြား ဖမ်းမိ

အိန္ဒိယ-မြန်မာနယ်စပ်တွင် အာသံရိုင်ဖယ်တပ်က ဖောက်ခွဲရေးကိရိယာအများအပြား ဖမ်းမိ

အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင် Farkawn ကျေးရွာတွင် အာသံရိုင်ဖယ်တပ်က ဖောက်ခွဲရေးတွင်အသုံးပြုသည့် ပစ္စည်းကိရိယာအမြောက်အများကို ယနေ့ ဇွန်လ ၂၂ ရက်နေ့တွင် ဖမ်းဆီးရမိသည်ဟု သိရသည်။

အဆိုပါ ဖောက်ခွဲရေးကိရိယာများနှင့်အတူ လူ ၂ ဦးကိုလည်း ဖမ်းဆီးထားပြီး Dungtlang ရဲစခန်းသို့ လွှဲပြောင်းလိုက်ပြီဟု သိရသည်။

အာသံရိုင်ဖယ်တပ်မှ ဖမ်းဆီးရမိသည့် အဆိုပါကိရိယာများမှာ ဖောက်ခွဲရေးပစ္စည်းထားရှိသည့် အိတ် ၆၃ အိတ်၊ ကျောက်ခွဲမိုင်း ၃၇ ဖာ၊ ပြင်းအားကောင်းသည့် မိုင်း (Special Detonator) ၆ ဖာနှင့် ဝါယာကြိုးခွေ ၄ ထုတ်တို့ဖြစ်သည်။

Farkawn ကျေးရွာသည် မီဇိုရမ်နှင့် ချင်းပြည်နယ်နယ်စပ်တွင်တည်ရှိသည့် ကျေးရွာတစ်ရွာဖြစ်ပြီး ချင်းအမျိူးသားတပ်ဦး CNF ဗဟိုဌာနချုပ်အနီးတွင်တည်ရှိသည်။

 
 

 

 

May 4, 2026
အာဏာသိမ်းစစ်အုပ်စုအနေဖြင့် မတရားဖမ်းဆီးထားသည့် သတင်းသမားအားလုံးကို ချက်ချင်းလွှတ်ပေးရန် နှင့်...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...
April 29, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင် ခန့်သာ ကွာဝေးပြီး ချင်း- ရခိုင်- မကွေး...