ဖလမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုနှင့် သေဆုံးမှုများလာခြင်းကြောင့် ဇွန်လ ၂၃ ရက်နေ့မှစတင်ပြီး အိမ်ပြင်မထွက်ဘဲ အိမ်ထဲမှာသာနေထိုင်ကြရန် ခရစ်ယာန်ဂိုဏ်းပေါင်းစုံမှ ထုတ်ပြန်

ဖလမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုနှင့် သေဆုံးမှုများလာခြင်းကြောင့် ဇွန်လ ၂၃ ရက်နေ့မှစတင်ပြီး အိမ်ပြင်မထွက်ဘဲ အိမ်ထဲမှာသာနေထိုင်ကြရန် ခရစ်ယာန်ဂိုဏ်းပေါင်းစုံမှ ထုတ်ပြန်

ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် မေလ ၂၀ ရက်နေ့ကစတင်ပြီး ကိုဗစ်-၁၉ ရောဂါကူးစက်မှု ပြန်လည်မြင့်တက်လာခဲ့ပြီး လက်ရှိတွင်လည်း ကိုဗစ်ကူးစက်ခံရမှုနှင့် သေဆုံးမှုများလာခြင်းကြောင့် ဇွန်လ ၂၃ ရက်နေ့မှ စတင်ပြီး ၈ ရက်အကြာ အိမ်ပြင်မထွက်ကြဘဲ အိမ်ထဲတွင်သာနေထိုင်ကြရန် ဖလမ်းမြို့ ခရစ်ယာန်ဂိုဏ်ပေါင်းစုံအမှုတော်ဆောင်များအဖွဲ့ (FCMF) က ထုတ်ပြန်လိုက်သည်။

FCMF အဖွဲ့ ဥက္ကဌ သိက္ခာတော်ရ ဆရာ Rev. Daniel Vai Lian Zul က “Stay At Home လောက်ပါပဲ၊ တခြားတော့ ဘာမှကျွန်တော်တို့ လုပ်နိုင်စရာမရှိသေးပါဘူး၊ ပြင်ဆင်ခြင်းကာလက ဒီနေ့နဲ့၊နက်ဖြန် စားစရာလေးတွေ ပြင်ဆင်စရာလေးတွေပြင်ဆင်မယ်၊ တဖက်ခါကြရင်စမယ်၊ ၈ ရက်ပါ ဒီလကုန်အထိပေါ့၊ အဲ့တာပြီးရင် ပြန်ကြည့်ပြီးတော့ ရောဂါပိုးတွေ့တဲ့သူ ပိုများသလား၊ နည်းနည်းကျသလား၊ အသေပျောက်ရော နည်းနည်းကျသလား ကျွန်တော်တို့ကြည့်ပြီးတော့ ထပ်ပြီးတော့ အကူအညီတောင်းဖို့သင့်တယ်ဆိုရင်လည်း ပြန်ပြီးတော့ ချဖို့ကျွန်တော်တို့စီစဉ်ထားတယ်” ဟု ပြောသည်။

ဖလမ်းမြို့တွင် ကိုဗစ်ရောဂါပိုးတွေ့ လူနာများပြားလာခြင်း၊ ယခုလက်ရှိ အချိန် ပြည်သူ့ဆေးရုံတွင်လည်း လူနာယောက် ၇၀ ကျော်ကုသမှုခံယူနေရသည့်အပြင် တရက်ခြား သေဆုံးမှုရှိလာသောကြောင့် ကာကွယ်မှုမပြုလုပ်ထားပါက ယခုထက်ပိုမိုများပြား လာမည်ဖြစ်သောကြောင့် ယခုကဲ့သို့ ပြုလုပ်ရခြင်းဖြစ်သည်ဟု သိရသည်။

ဖလမ်းမြို့နယ်တွင် ယခုချိန်ထိ ကိုဗစ်-၁၉ ရောဂါကြောင့် လူ ၁၂ ယောက်သေဆုံးသွားပြီဟု သိရသည်။

ဖလမ်းမြို့တွင် ကိုဗစ်လူနာများလာသည့်အပြင် အောက်ဆီဂျင်မလုံလောက်မှုကြောင့် အရေးပေါ်လူနာများ အသက်ဆုံးရူံးရသည့်အပြင် လက်ရှိတွင်လည်း ဖလမ်းအောက်ဆီဂျင်စက်ရုံ ပျက်နေခြင်းတို့ကြောင့် အခက်ကြုံနေရကြောင်းလည်း ၎င်းကပြောသည်။

ဖလမ်းမြို့ရှိ အောက်ဆီဂျင်စက်ရုံတွင် တရက်လျှင် လီတာ ၄၀ ဆံ့ဗူး ၃၀ သာဖြည့်နိုင်ပြီး လီတာ ၄၀ ဆံ့ အောက်ဆီဂျင်တဗူးလျှင် ၅ နာရီကြာ အသုံးပြုနိုင်ကြောင်းလည်း သိရသည်။

 
 

 

 

Most read this week

December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 15, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြည်သူဆေးရုံးကြီးကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုသည်...