ဟိုပင်တွင် မီးရထားဝန်ထမ်းများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်ကိုင်ခြိမ်းခြောက်၍ အတင်းအဓမ္မစေခိုင်း

ဟိုပင်တွင် မီးရထားဝန်ထမ်းများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်ကိုင်ခြိမ်းခြောက်၍ အတင်းအဓမ္မစေခိုင်း
by -
ခေါင်ညွယ် (KNG)

ကချင်ပြည်နယ် ဟိုပင်မြို့တွင် အာဏာသိမ်းစစ်ကောင်စီတပ်က CDM ပြုလုပ်သော မီးရထားဝန်ထမ်းများကို Non CDM အဖြစ် လက်မှတ်ရေးထိုးခိုင်းကာ သေနတ်ကိုင်ခြိမ်းခြောက်၍ အတင်းအဓမ္မ အလုပ်စေခိုင်းနေကြောင်း သိရသည်။

 

ရဲနှင့်စစ်သားများသည် ဇွန် ၂၀ ရက် နံနက် ၆ နာရီဝန်းကျင်တွင် မီးရထားတစ်စီးဖြင့် မိုးညှင်းဘက်မှရောက်ရှိလာပြီး CDM သမားများနှင့် Non CDM ဝန်ထမ်းများအားလုံးကို ရထားလမ်းတစ်လျှောက်တွင် အလုပ်စေခိုင်းခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဲ့သည်။

 

"သူတို့က သေနတ်ကိုင်ပြီး ခြိမ်းခြောက်တဲ့ပုံစံနဲ့ အတင်းခိုင်းတယ်။ မီးရထားလမ်း အဝင်/အထွက် အပေါက်အားလုံးကိုလည်း ပိတ်လိုက်တယ်။ ပြီးရင် CDM လုပ်တဲ့သူတွေကော၊ မလုပ်တဲ့သူတွေကော အားလုံးကို လက်မှတ်ထိုးခိုင်းတယ်။ အရင်က မိုင်းခွဲခံထားရတဲ့ ရထားလမ်းတစ်လျှောက် ပြင်ခိုင်းတယ်။ အမိုက်တွေဖယ်ရှင်းခိုင်းတယ်။ အခုထိမပြီးသေးဘူး" ဟု ၎င်းကပြောသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...