စစ်ကောင်စီစစ်တပ်ဖွဲ့မှ ဟားခါးမြို့ ဇိအုန်နှစ်ခြင်းအသင်းတော် ခြံဝန်းအတွင်း ဝင်ရောက်စစ်ဆေးပြီး လူငယ် ၄ ယောက်ကို ဖမ်းဆီးသွား

စစ်ကောင်စီစစ်တပ်ဖွဲ့မှ ဟားခါးမြို့ ဇိအုန်နှစ်ခြင်းအသင်းတော် ခြံဝန်းအတွင်း ဝင်ရောက်စစ်ဆေးပြီး လူငယ် ၄ ယောက်ကို ဖမ်းဆီးသွား

စစ်ကောင်စီစစ်တပ်ဖွဲ့မှ ယမန်နေ့ ဇွန်လ ၁၈ ရက် ညနေတွင် ဟားခါးမြို့ ဇိအုန်နှစ်ခြင်းအသင်းတော်ခြံဝန်းအတွင်း ဝင်ရောက်စစ်ဆေးပြီး လူငယ် ၄ ယောက်ကို ဖမ်းဆီးသွားကြောင်း ဇိအုန်နှစ်ချင်းအသင်းတော် Senior Pastor ထံမှ သိရသည်။

ဇိအုန်နှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာမှ “ဖြစ်တာကတော့ ဒီနေ့ညနေ ၄ နာရီနှင့် ၅ နာရီကြားပေါ့။ စစ်ကောင်စီစစ်တပ်နှင့် ရဲတွေ ပူးပေါင်းပြီးတော့ သူတို့လာတာဖြစ်တယ်။ ဘုရားကျောင်းထဲတော့ မဝင်ဘူး သူတို့ ဟွာပေါ့ ဘုရားကျောင်းနားက ပါစတာအိမ်ပေါ့၊ အဲမှာဝင်တယ် သူတို့က ဝင်ဝင်ချင်း ကျွန်တော်တို့က ရဲမှူးကြီးကိုဖုန်းဆက်လိုက်တယ်၊ ရဲမှူးကြီးက ခွင့်လွှတ်ပါ၊ အဲဒီစာကိစ္စနဲ့ပတ်သက်ပြီးတော့ သတင်းရလို့ ဝင်စစ်ဆေးတာပါ မလိုအပ်တာတွေ မလုပ်ဘူး၊ လိုအပ်တဲ့ဟာပဲ ကျွန်တော်တို့ ဆောင်ရွက်မယ်ဆိုပြီးတော့ အဲ့ဒီထိပဲ သူပြောပြီးတော့ ကလေးတွေ ဖမ်းတဲ့ကိစ္စနဲ့ ကျွန်တော်တို့ အခု စခန်းရောက်နေတယ်၊ ဒါမယ့် ရှင်းရှင်းလင်းလင်းတော့ မသိသေးဘူး၊ အဲ့အခြေနေပဲ ရှိသေးတယ် ခုက။ ဖမ်းသွားတဲ့ ကလေးဦးရေက ဒီဘုရားကျောင်းနားက ပါစတာတစ်ဦးရဲ့ သား ၂ ယောက်၊ နောက်ပြီးတော့ ဇိအုန်နှစ်ချင်းအသင်းတော်ဝန်ထမ်းမှာ အမှုတော်ဆောင်တဲ့ မိသားစုကနေပြီးတော့ ကလေး ၂ ယောက်၊ အဲ့လောက်ပဲသိသေးတယ်။ နောက် စခန်းရောက်တဲ့ခါမှာလည်း ခုထိ ၄ ယောက်ပဲ သိသေးတယ်” ဟု ဆိုသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဟားခါးမြို့တွင် စစ်ကောင်စီစစ်တပ်မှ ဖမ်းဆီးထားသော လူဦးရေမှာ ၁၀၀ နီးပါးရှိပြီဖြစ်ကြောင်း သိရသည်။

 
 

 

 

Most read this week

August 5, 2026
ယခင် CDF – Kanpetlet (ယခု CPU / CPA) တပ်ဖွဲ့ဝင်ဖြစ်သည့် ရဲမေ မိုင်သူဇာကို အမျိုးသားညီညွတ်ရေး...
August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...