မော်လမြိုင်မြို့ အ.လ.က (၆) တွင် ဗုံးဟုယူဆရသော ပေါက်ကွဲသံကြီးတစ်ခုဖြစ်ပေါ်

မော်လမြိုင်မြို့ အ.လ.က (၆) တွင် ဗုံးဟုယူဆရသော ပေါက်ကွဲသံကြီးတစ်ခုဖြစ်ပေါ်

မော်လမြိုင်မြို့ မြိုင်သာယာရပ်ကွက်ရှိ အ.လ.က (၆) စာသင်ကျောင်းတွင် ယမန်နေ့ည ၉ နာရီအချိန်ခန့်က ဗုံးဟုယူဆရသော ပေါက်ကွဲသံကြီးတစ်ခု ဖြစ်ပေါ်ခဲ့သော်လည်း ထိခိုက်ပျက်စီးမှုမရှိကြောင်း စာသင်ကျောင်းအနီးပတ်ဝန်းကျင်နေသူများထံမှ သိရသည်။

“ဗုံးပေါက်တာက ည ၉ နာရီအချိန်လောက်မှာ၊ ကျောင်းဝင်းထဲမှာပဲ ပေါက်တယ်။ ခဏနေတော့ ရဲတွေ စစ်သားတွေ အများကြီးရောက်လာကြပြီးတော့ စစ်ဆေးနေကြတယ်၊၊ အသံဗုံးလား ဘာဗုံးလဲ ဘာမှမသိရပါ” ဟု ၎င်းကဆိုသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုဖြစ်သည်အပေါ် မည်သူ၊ မည်သည့်အဖွဲ့အစည်းလက်ချက်ဖြစ်ကြောင်း မသိရှိရပေ။

ထို့အတူ ရေးမြို့၊ အောင်မေတ္တာရပ်ကွက်၊ အ.လ.က (၂) ကျောင်းရှေ့တွင် ဇွန်လ ၁၄ ရက်နေ့၊ ညနေ ၃ နာရီ ကျောင်းဆင်းချိန်တွင် ဆိုင်ကယ်စီး သေနတ်သမားတစ်ဦး ပစ်ခတ်မှုကြောင့် မော်တော်ကားလမ်းရှင်းပေးသော ရပ်ကွက်အုပ်ချုပ်ရေးမှူး လက်တွင်ထိမှန်၍ ရပ်မိ/ရပ်ဖတစ်ဦး နားထင်၌ သေနတ်ထိမှန်သေဆုံးခဲ့ကြောင်း မြို့ခံများမှ သိရသည်။

စစ်ကျွန်ပညာရေး သင်ကြားပေးနေသည့် စာသင်ကျောင်းများသို့ မတက်ကြရန် စစ်ကောင်စီကို ဆန့်ကျင်နေသည့် အင်အားစုတချို့က တိုက်တွန်းမှုများရှိခဲ့သလို ဗုံးဖောက်ခွဲမည့် ခြိမ်းခြောက်ပြောဆိုမှုများကိုလည်း လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် တွေ့ရှိနေရသည်။

၂၀၂၁-၂၀၂၂ ပညာသင်နှစ်ကို ဇွန်လ ၁ ရက်နေ့မှစ၍ စာသင်ကျောင်းများ စတင်ဖွင့်လှစ်ခဲ့ရာတွင် နိုင်ငံတဝန်း သေနတ်ပစ်ခတ်မှုနှင့် ဗုံးပေါက်ကွဲမှု မကြာခဏဖြစ်ပေါ်ခဲ့သည့်အတွက် ကျောင်းသူ/သားများ၏ လုံခြုံရေးအတွက် ကျောင်းသားမိဘများက စိုးရိမ်နေရကြောင်း တွေ့ရှိရသည်။

စစ်အာဏာသိမ်းပြီးကာလမှစတင်၍ မော်လမြိုင်မြို့ပေါ်နေရာများတွင် ဗုံးပေါက်ကွဲမှု၊ ဗုံးတွေ့ရှိမှုများ လစဉ်ဖြစ်ပေါ်ခဲ့သည်။

September 7, 2026
မိုးစပါးအသစ်မပေါ်မီ စက်တင်ဘာလဆန်းပိုင်းအတွင်း မွန်ပြည်တွင် စပါးအမျိုးအစားအားလုံး ဈေးနှုန်း ဆက်...
ဓာတ်ပုံ - (Crd)
September 7, 2026
မွန်ပြည်၊ သံဖြူဇရပ်မြို့နယ်၊ ဝယ်ဝင်္ကရာကျေးရွာတွင် နေထိုင်သည့် ဇနီးမောင်နှံ နှစ်ဦးကို...
September 4, 2026
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တွင် စစ်အုပ်စုတပ်က ရမ်းသမ်းပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ပေါက်ကွဲ...
September 3, 2026
ပဲခူးမြို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ ပဲခူးမြစ်ရေ မြင့်တက်လာခြင်းကြောင့် မြို့ပေါ်ရှိ...