မြောက်ဦးမြို့ကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နိုင်ရန် ၂၀၁၈ တွင် အပြီးသတ်ဆောင်ရွက်မည်

မြောက်ဦးမြို့ကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နိုင်ရန် ၂၀၁၈ တွင် အပြီးသတ်ဆောင်ရွက်မည်
by -
မဇ္ဈိမ
ရခိုင်ပြည်နယ်၊ မြောက်ဦးရှေးဟောင်းနယ်မြေကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်နိုင်ရေးအတွက်၂၀၁၈ တွင် အပြီးသတ် ပြုလုပ်သွားမည်ဖြစ်ပြီး ယင်းကိစ္စနှင့်ပတ်သက်၍ မေလ ၁၇ ရက်နေ့က ပြည်ထောင်စုဝန်ကြီး ဦးအောင်ကိုနှင့် သက်ဆိုင်ရာဌာနများအပြင် မြို့ခံများပါဝင်သည့် အစည်းအဝေးတစ်ရပ်ကို ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

အဆိုပါအစည်းအဝေးတွင် ကမ္ဘာ့အမွေအနှစ်ဒေသတစ်ခုအဖြစ် သတ်မှတ်နိုုင်ရေးအတွက် မြောက်ဦးမြို့တွင် လက်ရှိလမ်းအနေအထားများ၊ မြို့သန့်ရှင်းရေးလုပ်ငန်းစဉ်များ၊ အမှိုက်များကို စနစ်တကျ စွန့်ပစ်မှုများပြုလုပ်နိုင်ရန်နှင့် ဒေသခံများအနေဖြင့်လည်း ယဉ်ကျေးမှု အမွေအနှစ်များအား ထိန်းသိမ်းမှုများပြုလုပ်ရန်လိုအပ်နေသည့် အချက်များကို ဆွေးနွေးခဲ့ကြောင်း ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်သန်းက ပြောသည်။

 “မြောက်ဦး ရှေးဟောင်းနယ်မြေကို ကမ္ဘာယဉ်ကျေးမှုစာရင်းဝင် ဖြစ်ဖို့အတွက် ပထမအကြိမ် ဆွေးနွေးခြင်းပါ။ ကျွန်မတို့ ၂၀၁၈ မှာအပြီးသတ် လုပ်ဆောင်သွားပါမယ်။ ကျွန်မတို့က မြောက်ဦးမြို့ဟာ ခံတပ်မြို့ဆိုတဲ့အကြောင်းကို သက်သေပြဖို့အတွက် ကျုံးမြောင်းခံတပ်တွေ ဘယ်လိုရှိလဲ ဆိုဒါတွေကို မြေပုံထုတ်ပြီးတော့မှ အဲဒါနဲ့ပတ်သတ်ပြီး အသေးစိတ် ဆောင်ရွက်ချက်တွေပြီးတော့ သမိုင်းတွေဘယ်လိုရှိတယ် စတဲ့ဆောင်ရွက် ချက်တွေအားလုံကို အုပ်စုတွေခွဲပြီးတော့ ဆောင်ရွက်ရမှာဖြစ်ပါတယ်”ဟု ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်သန်းက ပြောသည်။

ယင်းအစည်းအဝေးမှာ မြောက်ဦးဒေသ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံရရေးနှင့် ပတ်သက်ပြီး ပထမဆုံးအကြိမ်ဆွေးနွေးခြင်းဖြစ်ကာ ယဉ်ကျေးမှုနှင့် သာသနာရေး ဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ UNESCO အဖွဲ့ဝင်များ၊   မြောက်ဦးမြို့   ရှေးဟောင်းသုတေသနဌာန အပြင် ဒေသခံအဖွဲ့အစည်းများလည်း တက်ရောက်ဆွေးနွေးခဲ့ကြောင်းသိရသည်။

April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...
April 22, 2026
ရောင်နီ — ဟံသာ၀တီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်မြောက်အဖြစ် ပြုလုပ်နေသည့် Blue Shirt Campaign...