ပလက်ဝမြို့ရဲစခန်းတွင် ဖမ်းထားသည့် ချင်းလူငယ် ၅ ဦးကို လက်ထိပ်ခတ်ပြီး စစ်တပ်၀န်းအတွင်း ခေါ်ဆောင်သွား

ပလက်ဝမြို့ရဲစခန်းတွင် ဖမ်းထားသည့် ချင်းလူငယ် ၅ ဦးကို လက်ထိပ်ခတ်ပြီး စစ်တပ်၀န်းအတွင်း ခေါ်ဆောင်သွား

ချင်းပြည်နယ် ပလက်ဝမြို့တွင် အဖမ်းဆီးခံချင်းလူငယ် ၅ ဦးကို ယနေ့ ဇွန်လ ၁၇ ရက်နေ့တွင် လက်ထိပ်ခက်ကာ ၂၈၉ တပ်ရင်းဖက်သို့ ခေါ်ဆောင်သွားဟု သိရသည်။

အဖမ်းဆီးခံ ချင်းလူငယ် ၅ ဦးကို ဇွန်လ ၁၇ ရက်နေ့တွင် မြို့နယ်တရားသူကြီးမှ စစ်ဆေးခဲ့ပြီး ရဲလုပ်ငန်းများဆောင်ရွက်ရန် ဇွန်လ ၃၀ ရက်နေ့ကို ရုံးချိန်းသက်မှတ်ခဲ့ပြီးနောက် ခမရ  (၅၁၁) တပ်ရင်းမှူးမှ ဦးစီးခေါ်ဆောင်သွားကြောင်း သိရသည်။

ပလက်ဝမြို့တွင် မေလ ၂၈ ရက်နေ့က ဗုံးနှစ်ကြိမ်ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်နောက်ပိုင်း ဖမ်းဆီးခံခဲ့ရသူ (၁၈) ဦးထဲမှ ၅ ဦးကို ပြန်မလွှတ်သေးပဲ ဆက်လက်ဖမ်းဆီးထားခြင်းဖြစ်ကြောင်း သိရသည်။

ထွေအုပ်ရုံးရှေ့နှင့် မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် မေလ ၂၈ ရက်နေ့မနက်က ဗုံးနှစ်ကြိမ်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် အာဏာသိမ်းစစ်ကောင်စီသည် မြို့ပေါ်ရှိ အရပ်ဘက်အဖွဲ့အစည်းတွင် အလုပ်လုပ်နေသူများအပါအဝင် လူငယ် ၁၈ ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၁၂ ဦးကို ပြန်လည်လွှတ်ပေးကာ (၆) ဦးကို ဆက်လက်ထိန်းသိမ်းထားပြီး တစ်ဦးမှာ မကြာသေးမှီက ပြန်လွတ်ကာ ယခုချိန်ထိ (၅) ဦး ထိန်းသိမ်းထားဆဲဖြစ်သည်။

 
 

 

 

April 27, 2026
ချင်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ ကို အာဏာသိမ်းစစ်အုပ်စုက...
April 25, 2026
ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်မှာ ဧပြီလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း...
April 24, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေနဲ့ ဖလမ်းမြို့နားမှာ...
April 23, 2026
ဇိုဂမ် (Zogam) နယ်မြေအတွင်းကို ဘယ်ပြင်ပအဖွဲ့အစည်းကမှ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်တာကို...