ကန်ပလက်မြို့မှ ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးကို စစ်ကောင်စီတပ်ဖွဲ့မှ စွပ်စွဲဖမ်းဆီးသွား

ကန်ပလက်မြို့မှ ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးကို စစ်ကောင်စီတပ်ဖွဲ့မှ စွပ်စွဲဖမ်းဆီးသွား

ချင်းပြည်နယ်တောင်ပိုင်း ကန်ပလက်မြို့နယ်ရှိ ကက်သလစ်ကျောင်းထိုင်တစ်ပါးအား ယနေ့ ဇွန်လ ၁၆ ရက် မနက် ၈ နာရီခန့်တွင် လူငယ်များကို ထောက်ပံ့သည်ဟုစွပ်စွဲပြီး ဘုန်ကြီးကျောင်းနေ ကျောင်းသားတစ်ဦးနှင့်အတူ စစ်ကောင်စီတပ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

"ဘုရားကျောင်းဝင်းထဲမှာ လာပြီးတော့ ဖမ်းတယ်၊ လူငယ်တွေကို ဝှက်ထားတယ် ပြီးတော့ သူတို့ကို ထောက်ပံတယ်ဆိုပြီး စွပ်စွဲတယ်၊ ဆန်အိတ်တွေက သူတို့က ထောက်ပံ့ဖို့ ဝှက်ထားတယ်လို့ပြောတယ်၊ ကျောင်းဝင်းထဲမှာ ဆန်တွေက ဘာသာတူတွေ ဆယ်ဖို့တစ်ဖို့ ပေးတဲ့ဟာတွေပဲရှိတယ်" ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးမှ ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ကက်သလစ်ကျောင်း၀င်းအတွင်း ဘုန်းကြီးသက်န်းများ လဲသည့်နေရာများတွင်လည်း ဖိနပ်များဖြင့်တက်ပြီး ပစ္စည်းများမွှေနှောက်ရှာဖွေခဲ့ကြောင်း သိရသည်။

ဘုန်းကြီးကျောင်းမှ ဆန်အိတ်များကိုလည်း အပြင်ထုတ်ပြီး ရှာဖွေမှုများပြုလုပ်ခဲ့ကြသည်။

"သူတို့က ဘာသာရေးကျောင်းထိ အဲလိုလုပ်တာဟာ ဘာသာရေးကို စော်ကားတာပဲ၊ ဘုန်းကြီးကိုလည်း မှောက်ခိုင်းပြီး စစ်ဆေးတာတွေလည်း လုပ်တယ်လို့လည်းသိရတယ်၊ ဒါဟာ သူတို့က ခရစ်ယာန်အကြီးအကဲတွေကို အမှုမလုပ်ပဲ စော်ကားနေကြတာပဲ" ဟု ဒေသခံတစ်ဦးမှ Chin World သို့ပြောသည်။

ယခုအဖမ်းခံရသူဘုန်းကြီးမှာ Fr. မိုင်ကယ်အောင်လိန်းဖြစ်ပြီး ကန်ပလက်မြို့နယ် ကက်သလစ်ကျောင်းထိုင်တစ်ဦးဖြစ်ကြောင်းလည်း သိရသည်။

Most read this week

December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...
December 4, 2025
ဒီဇင်ဘာလ ၂ ရက်နေ့ နေ့လည်ပိုင်းမှာ တီးတိန်မြို့နယ် ဘဲကန့်ရွာကို စစ်ရှောင်ရာကနေ နွားနောက်ရှာရန်...
December 3, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော်(ULA / AA) က အသက် ၁၈ နှစ်ကနေ ၄၀ အကြား အရွယ်ရှိသူ...