ကန်ပလက်မြို့မှ ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးကို စစ်ကောင်စီတပ်ဖွဲ့မှ စွပ်စွဲဖမ်းဆီးသွား

ကန်ပလက်မြို့မှ ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးကို စစ်ကောင်စီတပ်ဖွဲ့မှ စွပ်စွဲဖမ်းဆီးသွား

ချင်းပြည်နယ်တောင်ပိုင်း ကန်ပလက်မြို့နယ်ရှိ ကက်သလစ်ကျောင်းထိုင်တစ်ပါးအား ယနေ့ ဇွန်လ ၁၆ ရက် မနက် ၈ နာရီခန့်တွင် လူငယ်များကို ထောက်ပံ့သည်ဟုစွပ်စွဲပြီး ဘုန်ကြီးကျောင်းနေ ကျောင်းသားတစ်ဦးနှင့်အတူ စစ်ကောင်စီတပ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

"ဘုရားကျောင်းဝင်းထဲမှာ လာပြီးတော့ ဖမ်းတယ်၊ လူငယ်တွေကို ဝှက်ထားတယ် ပြီးတော့ သူတို့ကို ထောက်ပံတယ်ဆိုပြီး စွပ်စွဲတယ်၊ ဆန်အိတ်တွေက သူတို့က ထောက်ပံ့ဖို့ ဝှက်ထားတယ်လို့ပြောတယ်၊ ကျောင်းဝင်းထဲမှာ ဆန်တွေက ဘာသာတူတွေ ဆယ်ဖို့တစ်ဖို့ ပေးတဲ့ဟာတွေပဲရှိတယ်" ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးမှ ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ကက်သလစ်ကျောင်း၀င်းအတွင်း ဘုန်းကြီးသက်န်းများ လဲသည့်နေရာများတွင်လည်း ဖိနပ်များဖြင့်တက်ပြီး ပစ္စည်းများမွှေနှောက်ရှာဖွေခဲ့ကြောင်း သိရသည်။

ဘုန်းကြီးကျောင်းမှ ဆန်အိတ်များကိုလည်း အပြင်ထုတ်ပြီး ရှာဖွေမှုများပြုလုပ်ခဲ့ကြသည်။

"သူတို့က ဘာသာရေးကျောင်းထိ အဲလိုလုပ်တာဟာ ဘာသာရေးကို စော်ကားတာပဲ၊ ဘုန်းကြီးကိုလည်း မှောက်ခိုင်းပြီး စစ်ဆေးတာတွေလည်း လုပ်တယ်လို့လည်းသိရတယ်၊ ဒါဟာ သူတို့က ခရစ်ယာန်အကြီးအကဲတွေကို အမှုမလုပ်ပဲ စော်ကားနေကြတာပဲ" ဟု ဒေသခံတစ်ဦးမှ Chin World သို့ပြောသည်။

ယခုအဖမ်းခံရသူဘုန်းကြီးမှာ Fr. မိုင်ကယ်အောင်လိန်းဖြစ်ပြီး ကန်ပလက်မြို့နယ် ကက်သလစ်ကျောင်းထိုင်တစ်ဦးဖြစ်ကြောင်းလည်း သိရသည်။

Most read this week

August 5, 2026
ယခင် CDF – Kanpetlet (ယခု CPU / CPA) တပ်ဖွဲ့ဝင်ဖြစ်သည့် ရဲမေ မိုင်သူဇာကို အမျိုးသားညီညွတ်ရေး...
August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...