KNPP ဒုဥက္ကဌအဖြစ် ခူဦးရယ်ကို ပြန်လည် ရွေးချယ် တင်မြောက်

KNPP ဒုဥက္ကဌအဖြစ် ခူဦးရယ်ကို ပြန်လည် ရွေးချယ် တင်မြောက်
by -
မဇ္ဈိမ
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဒုဥက္ကဌအဖြစ် လက်ရှိ ဒု-ဥက္ကဋ္ဌ ခူဦးရယ်ကို ပြန်လည်ရွေးချယ် တင်မြောက်ခဲ့သလို၊ အတွင်းရေးမှူးအဖွဲ့ ၃ ဦးနှင့် ဗဟိုကော်မတီဝင် ၄ ဦးတို့ကို မေလ ၁၇ ရက်က ကျင်းပသော ဗဟိုကော်မတီအစည်းအဝေးမှ ရွေးချယ်တင်မြောက်ခဲ့သည်ဟု သိရသည်။

ထိုင်း-မြန်မာနယ်စပ် မယ်ဟောင်ဆောင်အနီးရှိ KNPP ၏ ဌာနချုပ်တွင် ကျင်းပသော ဗဟိုကော်မတီအစည်းအဝေးမှ KNPP အတွင်းရေးမှူးချုပ်အဖြစ် ဦးရွှေမျိုးသန့်၊ အတွင်းရေးမှူး (၁)အဖြစ် ခူဘိုးရယ်၊ အတွင်းရေးမှူး (၂) ခူဒယ်နီယာယ် တို့ကို လျို့ဝှက်မဲစနစ်ဖြင့် ရွေးချယ်ခဲ့သည်ဟု သူက ပြောသည်။

ထို့ပြင် KNPP အနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခို်က်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လမ်းကြောင်းအတိုင်း ဆက်သွားရန် ဗဟိုကော်မတီအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည်ဟု သူက ပြောသည်။

“ရှေ့လုပ်ငန်းစဉ် အဓိကတော့ NCA လမ်းကြောင်းအတိုင်းသွားမယ်။ ရှေ့ဆက် အဆင်ပြေရင် NCA လက်မှတ်ထိုးမယ်။ UNFC က တင်ပြထားတဲ့ အချက် ၈ ချက် သဘောတူရင် လက်မှတ်ထိုးမယ်။ အခုက commitment ကတိကဝတ် အန်စီအေ လမ်းကြောင်းကနေ သွားမယ်လို့ ကတိကဝတ် ပြုရင် လက်မှတ်ထိုးဖို့ ဖြစ်တယ်။ လက်မှတ်ထိုးပြီးတာနဲ့ ဒုတိယ ပင်လုံ ညီလာခံတက်မှာ   ပြောနေဆိုနေပေမယ့် ဆုံးဖြတ်ချက်ချလို့မရဘူး”ဟု KNPP ဗဟိုကော်မတီဝင် ဗိုလ်ချုပ် ဘီထူးက ပြောသည်။

သို့သော် အစိုးရက ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) မှ ဖွဲ့စည်းထားသော နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ (DPN)က တင်ပြထားသော အချက် ၈ ချက် သဘောတူ လက်ခံပါက NCA လက်မှတ်ထိုးမည် ဖြစ်ကြောင်း သူက ဆက်လက် ပြောဆိုသည်။

“ကျနော်တို့က မူအားဖြင့် အန်စီအေအတိုင်း လက်မှတ်ထိုးမယ်။ ဒါပေမဲ့ ရှေ့ဆက် အဆင်ပြေမှလေ၊ သဘောတူညီချက်ရမှထိုးမှာ။ အခုက အချက် ၈ ချက်က အဆင်လည်း မပြေဘူး။ တဖက်က ဖိတ်ထားတာပေါ့နော်။ အန်စီအေ လမ်းကြောင်းအတိုင်း သွားမယ်ဆိုတဲ့ ကတိကဝတ်နဲ့ လက်မှတ်ထိုးပေးလိုက်ပါ။ အဲဒီလိုဆိုရင် ကျနော်တို့လက်မှတ်ထိုးလိုက်မယ်။ အဲဒီလိုဆိုရင် ကျနော်တို့ ညီလာခံတက်မယ်လေ” ဟု ဟု သူက ဆက်လက် ပြောဆိုသည်

မေလ ၃ ရက်မှ ၁၁ ရက်နေ့ထိ ကျင်းပသော ပါတီ၏ ညီလာခံတွင် ဥက္ကဌ၊ ဗဟိုကော်မတီဝင်နှင့် အမြဲတမ်း ဗဟိုကော်မတီဝင်တို့အား ရွေးချယ်တင်မြောက်ခဲ့ပြီး ဖြစ်သည်။

KNPP ၏ ဗဟိုကော်မတီ အစည်းအဝေးတွင် ဗဟိုကော်မတီဝင် ၃၀ ကျော် တက်ရောက်ခဲ့ပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို ဆွေးနွေးခဲ့ကြောင်း၊ မေလ ၁၈ ရက်ထိ ကျင်းပမည် ဖြစ်သည်။

KNPP သည်NCA လက်မှတ်ရေးထိုးရန် အစိုးရနှင့် ဆွေးနွေးနေသော DPN အဖွဲ့တွင် ခေါင်းဆောင်အဖြစ် ပါဝင်ဆွေးနွေးနေသော အဖွဲ့ဖြစ်သည်။

NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...