မြန်မာနိုင်ငံရှိ နေရပ်စွန့်ခွာသူများအတွက် နယူးဇီလန်က အကူအညီ ဒေါ်လာ ၂ ဒသမ ၇၅ သန်း ပေးအပ်မည်

မြန်မာနိုင်ငံရှိ နေရပ်စွန့်ခွာသူများအတွက် နယူးဇီလန်က အကူအညီ ဒေါ်လာ ၂ ဒသမ ၇၅ သန်း ပေးအပ်မည်

မြန်မာနိုင်ငံတွင်း တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရသူများအတွက် နယူးဇီလန်အစိုးရက အကူအညီအဖြစ် ဒေါ်လာ ၂ ဒသမ ၇၅ သန်း ပေးပို့သွားမည်ဖြစ်ကြောင်း ယင်းနိုင်ငံ၏ နိုင်ငံခြားရေး၀န်ကြီး နာနိုင်မာဟူတာက ဇွန်လ ၁၄ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ထို့ပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာများကို အကူအညီပေးနေသော ကုလသမဂ္ဂအေဂျင်စီများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများထံသို့လည်း အကူအညီ ဒေါ်လာ ၅ ဒသမ ၅ သန်း နယူးဇီလန်အစိုးရက ပေးပို့မည်ဖြစ်ကြောင်း မာဟူတာက ပြောသွားခဲ့သည်။

နယူးဇီလန်အစိုးရအနေဖြင့် ဖိနှိပ်ခံ ရိုဟင်ဂျာများအပါအ၀င် နေရပ်စွန့်ခွာနေကြရသူများ ကြုံတွေ့နေရသော လူသားချင်းစာနာမှု အကျပ်အတည်းအတွက် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်ကို အကူအညီ ‌ဒေါ်လာ ၈ သန်းကျော်အထိ ပေးပို့ရန် လုပ်ဆောင်နေခြင်းဖြစ်သည်။

နယူးဇီလန်အနေဖြင့် မြန်မာနိုင်ငံ၏ စစ်တပ်အာဏာသိမ်းမှုအပေါ် စိုးရိမ်ပူပန်ခဲ့သလို အဆိုပါ စစ်အာဏာသိမ်းမှုကြောင့် မြန်မာတွင် အခြေအနေများ ပိုမိုဆိုး၀ါးနေခဲ့ပြီး တိုက်ပွဲများကြောင့် လူပေါင်း ၃၃၆,၀၀၀ နီးပါး နေရပ်စွန့်ခွာထားခဲ့ရကြောင်း မာဟူတာက ပြောသွားခဲ့သည်။

“နယူးဇီလန်အနေနဲ့ကတော့ မြန်မာစစ်အာဏာသိမ်းမှုကို ဆက်ပြီး ပြစ်တင်ရှုတ်ချပါတယ်၊ အကြမ်းဖက်မှုတွေ ရပ်စဲဖို့နဲ့ အရပ်သားအစိုးရဆီ အာဏာအမြန်ဆုံးပြန်လွှဲဖို့ တိုက်တွန်းပါတယ်” ဟုလည်း မာဟူတာက ပြောသည်။

အလားတူ ယခု အကူအညီပိုက်ဆံများကို မြန်မာအာဏာသိမ်းစစ်တပ် လက်ခံရရှိနိုင်မည်မဟုတ်သလို အကျိုးဖြစ်ထွန်းစရာလည်းမရှိကြောင်း မာဟူတာက ပြောခဲ့သည်။

နယူးဇီလန်သည် မြန်မာတွင် စစ်အာဏာသိမ်းမှုဖြစ်ပြီး ဖေဖေါ်၀ါရီ ၉ ရက်တွင် မြန်မာနှင့်အကြား နိုင်ငံရေးနှင့် စစ်ဘက်ဆိုင်ရာ အဆက်အသွယ်များကို ဖြတ်တောက်ထားခဲ့သည်။

 
 

 

 

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူများကို လှည်းဖြင့်သယ်ထုတ်နေစဥ် / ဗိဿနိုး ပြည်သူ့ ကာကွယ်ရေးတပ်မတော်
September 1, 2026
မကွေးတိုင်း၊ နတ်မောက်မြို့နယ်အတွင်း အင်အား ၁၂၀ ခန့် ပါဝင်သည့် စစ်အုပ်စုတပ်စစ်ကြောင်းကို...
ရေကြီးရေလွှမ်းမိုးမှု မြင်ကွင်းတစ်ခု။ / CJ
August 31, 2026
လေဖိအားနည်းရပ်ဝန်း၏ အရှိန်နှင့် မုတ်သုံလေ အားကောင်းနေသည့်အတွက် တိုင်းနှင့် ပြည်နယ် ၇ ခုတွင် နေရာ...
ဓာတ်ပုံ - (ထောပတ်သီးအချို့ / Crd)
August 31, 2026
မြန်မာနိုင်ငံထွက် ထောပတ်သီးများကို ထိုင်းနိုင်ငံသို့ အများဆုံး တင်ပို့လျက်ရှိသော်လည်း...
ဓာတ်ပုံ - (မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသည့် ကျေးရွာတစ်ရွာကို တွေ့ရစဉ် / Crd)
August 29, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များ တည်ရှိရာ ဒေသများသို့ ဦးတည်...