ရသေ့တောင်- ပုဏ္ဏားကျွန်းကားလမ်းကို မေလ ၂၁ ရက်နေ့ ဖွင့်လှစ်မည်

ရသေ့တောင်- ပုဏ္ဏားကျွန်းကားလမ်းကို မေလ ၂၁ ရက်နေ့ ဖွင့်လှစ်မည်
by -
မဇ္ဈိမ
ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသဖြစ်သည့် ရသေ့တောင်နှင့် ပုဏ္ဏားကျွန်းမြို့နယ်ကို သွားလာရေးလွယ်ကူစေရန်အတွက် ဆက်သွယ်လျှက်ရှိသည့် အဝေးပြေးကားလမ်းမကို မေလ ၂၁ ရက်တွင် စတင်ဖွင့်လှစ်ပေးတော့မည် ဖြစ်ကြောင်း သိရသည်။

ရသေ့တောင်မြို့နယ်မှာ မေယုမြစ်ဝှမ်းလွင်ပြင်တွင်တည်ရှိပြီး အခြားဒေသများနှင့် ဆက်သွယ်လားနိုင်ရေးအတွက် ရေကြောင်းခရီးတစ်ခုတည်းကိုသာ အဓိကအသုံးပြုနေကြရသည့်အတွက် ရသေ့တောင်-ပုဏ္ဏားကျွန်း အဝေးပြေးလမ်းမအား လမ်းမအားဖောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“လမ်းကတော့ ဖောက်လုပ်လို့ပြီးပြီ။ ဒါပေမဲ့ ဘတ်ဂျက်ငွေက မလုံလောက်တော့ ကျောက်ချောလမ်းအဆင့်ပဲ ရှိပါသေးတယ်။ နောက်နှစ် ဘတ်ဂျက်ကျမှပဲ အဲဒီလမ်းကို ကတ္တရာလမ်းလုပ်ပေးဖို့ အစီစဉ်တွေရှိတယ်”ဟု ဝန်ကြီး ဦးအောင်ကျော်ဇံက RiA သို့ ပြောသည်။

အဆိုပါလမ်းမှာ အလျား ၂၂ မိုင် ၆ ဖာလုံခန့်ရှည်လျားပြီး ကျောက်ချောလမ်းအဆင့်သာ ရှိသေးသော်လည်း ရသေ့တောင်မှ စစ်တွေနှင့် အခြားမြို့နယ်များသို့ နေချင်းပြန်ခရီးအဖြစ် သွားလာနိုင်တော့မည်ဖြစ်ကာ ယင်းလမ်းမအား ၂၀၁၀ ခုနှစ် မတိုင်ခင်ကာလက စတင်ဖောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“လမ်းဖွင့်ပေးမယ်ဆိုပေမယ့် တံတားတွေတော့ အားလုံးမပြီးသေးဘူး။ တချို့ဟာတွေကျန်နေသေးတယ်။ ရသေ့တောင် တံတားကိုတော့ ၂၀၁၈-၂၀၁၉နှစ်တွေမှာ ဘတ်ဂျတ်ကျတဲ့ ငွေတွေအပေါ်မှာ မှုတည်ပြီး ကျွန်တော်တို့ ပြီးအောင်ထိုးပေး သွားမှာပါ”ဟု ဝန်ကြီးက ဆက်ပြောသည်။

အဝေးပြေးလမ်းမအား ဒေသခံများအသုံးပြုနိုင်ရန်အတွက် စတင်ဖွင့်လှစ်ပေးသွားမည်ဖြစ်သော်လည်း  တံတားတချို့မှာ ဆောက်လုပ်ရန် ကျန်နေသေးကြောင်း၊ လာမည့် ၂၀၁၈/၁၉ ဘဏ္ဍာနှစ်တွင် အပြီးသတ်ဆောက်လုပ်ပေးသွားမည်ဖြစ်ကာ ယင်းလမ်းမအား လွန်ခဲ့သည့် ရ ကျော်ကာလက စတင်ဖောက်လုပ်ခဲ့ခြင်းဖြစ်သော်လည်း ကျောက်ချောလမ်းအဆင့်ကိုသာ အသုံးပြုသွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...
April 22, 2026
ရောင်နီ — ဟံသာ၀တီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်မြောက်အဖြစ် ပြုလုပ်နေသည့် Blue Shirt Campaign...