သံတွဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် (TPDF) ဖွဲ့စည်း

သံတွဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် (TPDF) ဖွဲ့စည်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် သံတွဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Thandwe People Defence Force - TPDF) ကို ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း ယင်းအဖွဲ့က ကြေညာလိုက်သည်။

ယင်းအဖွဲ့ကို ပါဝင်သင့် ပါဝင်ထိုက်သည့် နိုင်ငံရေးအင်အားစုများနှင့် စစ်ကောင်စီအား တော်လှန်လျက်ရှိသော ရဲဘော်များစုစည်းညှိနှိုင်း၍ ယမန်နေ့ ဇွန်လ ၇ ရက်နေ့တွင် ဖွဲ့စည်းလိုက်ပြီဟု ယင်းအဖွဲ့၏ ယမန်နေ့က ထုတ်ပြန်လိုက်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

အဆိုပါထုတ်ပြန်ချက်တွင် "စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းနိုင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု အလျင်အမြန်တည်ဆောက်နိုင်ရေး၊ ရခိုင်ပြည်နယ်အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များနှင့် ချိတ်ဆက်၍ ထိရောက်သော တော်လှန်ရေးတိုက်ပွဲများ အရှိန်အဟုန်ဖြင့် ဖော်ဆောင်နိုင်‌ရေး၊ သံတွဲမြို့နယ်မှ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များအား အကြမ်းဖက်စစ်ကောင်စီတပ်များ၏ရန်မှ ကာကွယ်ပေးနိုင်ရေးနှင့် NUG, CRPH, အကြမ်းဖက်စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ချိတ်ဆက်လျက် ဟန်ချက်ညီသော နိုင်ငံရေး၊ စစ်ရေးတိုက်ပွဲများ စနစ်တကျဖော်ဆောင်နိုင်ရေး” စသည့်ရည်ရွယ်ချက် (၄) ခုဖြင့် ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

အဆိုပါအဖွဲ့ ဖွဲ့စည်းခြင်းနှင့်ပတ်သက်ပြီး သံတွဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TPDF) ထံသို့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပါ။

Most read this week

August 6, 2026
ရခိုင်ပြည်၊ ဂွနှင့် သံတွဲမြို့နယ်တို့၏ ကောင်းကင်ယံတွင် စစ်တပ်၏ လေယာဉ်များ...
August 4, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်တွင် စစ်ဘေးရှောင်နေကြသည့် ရေလုပ်သားများသည် ပင်လယ်ပြင်တွင် ငါးရှာ...
August 3, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့ရှိ ဂျိတ္တောရပ်ကွက်အပြင် ကျောက်ဖြူမြို့နယ်၊ စနဲမြို့ကိုလည်း...
August 1, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ရွှေလှေကျေးရွာကို စစ်တပ်က လေကြောင်းမှ...