ငွေကြေးဆိုင်ရာဝန်ဆောင်မှုများတွင် ၁၀ ရာခိုင်နှုန်းအထိ အရှုံးခံ၍ ငွေသားများထုတ်ယူနေရ

ငွေကြေးဆိုင်ရာဝန်ဆောင်မှုများတွင် ၁၀ ရာခိုင်နှုန်းအထိ အရှုံးခံ၍ ငွေသားများထုတ်ယူနေရ
မော်လမြိုင်မြို့ရှိ ပုဂ္ဂလိကဘဏ်ခွဲတစ်ခုတွင် ငွေလာထုတ်သူများ
မော်လမြိုင်မြို့ရှိ ပုဂ္ဂလိကဘဏ်ခွဲတစ်ခုတွင် ငွေလာထုတ်သူများ

ပြည်သူများအနေဖြင့် ATM စက်များနှင့် ပုဂ္ဂလိကဘဏ်များမှ ငွေထုတ်ယူရန် ခက်ခဲနေသည့် လက်ရှိအချိန်၌ ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုပေးသည့်ဆိုင်များတွင် မိမိတို့ထုတ်ယူမည့်ငွေပမာဏ၏ ၃ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ အရှုံးခံ၍ ငွေသားများထုတ်ယူနေရကြောင်း တွေ့ရှိရသည်။

အမျိုးမျိုးသော ကန့်သတ်စည်းကမ်း သတ်မှတ်ချက်များကြောင့် မိမိတို့၏ ဘဏ်အကောင့်မှ ငွေသားများကို လိုအပ်သလို ထုတ်ယူနိုင်ခြင်းမရှိတော့သဖြင့် ဝန်ဆောင်ပေးသူ၏ ဘဏ်စာရင်းသို့ လွှဲပေး၍ သတ်မှတ်ထားသည့် ရာခိုင်နှုန်းအပေါ် ဝန်ဆောင်ခပေးခြင်းဖြင့် မိမိတို့ငွေကြေးများစွာကို အဆုံးရှုံးခံပြီး ထုတ်ယူနေရဆဲဖြစ်သည်။

စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက “ဒါက တရားမဝင်ဝန်ဆောင်မှုဆိုပေမယ့် လောလောဆယ် ငွေသားလိုအပ်ချက်အရ တခြားရွေးချယ်စရာနည်းလမ်းမရှိပါဘူး၊ သိန်း ၁၀၀ ထုတ်မယ်ဆိုရင် ၉ သိန်းတော့ပေးရတယ် ဝန်ဆောင်ခတွေတော့ တစ်နေရာနဲ့တစ်နေရာ မတူကြဘူးပေါ့၊ ဒါပေမယ့်လည်း ဘဏ်တွေရှေ့မှာ နာရီပေါင်းများစွာ စောင့်နေရတာထက်စာရင် ကောင်းပါတယ်” ဟု ဆိုသည်။

Wave Money နှင့် K pay ဝန်ဆောင်မှုများတွင်လည်း တစ်ရက်လျှင် အများဆုံးကျပ် ၁ သိန်းသာလွှဲနိုင်ပြီး အနည်းဆုံး ၅ ရာခိုင်နှုန်းခန့် ဝန်ဆောင်ခပေးအပ်ရမည်ဖြစ်ကြောင်း Wave Money ဆိုင်ဝန်ထမ်းတစ်ဦးထံမှ သိရသည်။

“တစ်ရက်ကို ၁ သိန်းလွှဲနိုင်တယ်ဆိုပေမယ့် သတ်မှတ်ထားတဲ့ ပမာဏပြည့်သွားရင်တော့ လွှဲလို့မရတော့ဘူး၊ ပိုက်ဆံမလည်ပတ်နိုင်သေးတဲ့ကာလဆိုတော့ အများစုတော့ ၁ သိန်းလောက်ပဲလွှဲပါတယ်၊ အဲ့ထက်ပိုရင်လည်း ဟိုကထုတ်မရ ဒီကထုတ်မရဖြစ်နေမှာစိုးလို့” ဟု ၎င်းဆိုင်ဝန်ထမ်းကဆိုသည်။

ပြည်သူများအနေဖြင့် ဘဏ်တွင်အပ်နှံထားသည့်ငွေများ မဆုံးရှုံးစေရဟု အာမခံကြောင်း၊ ဘဏ်များပြိုလဲရန်မရှိကြောင်း လက်ရှိ ဘဏ်လုပ်ငန်းပျက်စီးအောင် ပြုလုပ်နေသူများကြောင့် ငွေထုတ်ယူမှုအကန့်အသတ်များ ပြုလုပ်ရခြင်းဖြစ်ကြောင်း ဗဟိုဘဏ်ဒု-ဥက္ကဌ ဦးဝင်းသော်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အင်တာနက်အသုံးပြုမှု ကန့်သတ်ပိတ်ပင်ခြင်း၊ ဝန်ထမ်းများ CDM ပြုလုပ်ခြင်းတို့ကြောင့် ဘဏ်နှင့်ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ ကမောက်ကမဖြစ်ခဲ့ရာ ဘဏ်အပ်နှံငွေများကို ရသည့်နည်းလမ်းဖြင့် ပြန်လည်ထုတ်ယူလျှက်ရှိသည်။

September 7, 2026
မိုးစပါးအသစ်မပေါ်မီ စက်တင်ဘာလဆန်းပိုင်းအတွင်း မွန်ပြည်တွင် စပါးအမျိုးအစားအားလုံး ဈေးနှုန်း ဆက်...
ဓာတ်ပုံ - (Crd)
September 7, 2026
မွန်ပြည်၊ သံဖြူဇရပ်မြို့နယ်၊ ဝယ်ဝင်္ကရာကျေးရွာတွင် နေထိုင်သည့် ဇနီးမောင်နှံ နှစ်ဦးကို...
September 4, 2026
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တွင် စစ်အုပ်စုတပ်က ရမ်းသမ်းပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ပေါက်ကွဲ...
September 3, 2026
ပဲခူးမြို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ ပဲခူးမြစ်ရေ မြင့်တက်လာခြင်းကြောင့် မြို့ပေါ်ရှိ...