အထူးသတင်းတပ်ဖွဲ့ မြို့နယ်တာဝန်ခံ မိုးကြိုးပစ်သေ

အထူးသတင်းတပ်ဖွဲ့ မြို့နယ်တာဝန်ခံ မိုးကြိုးပစ်သေ

ရှမ်းပြည်နယ်တောင်ပိုင်းတွင် ရဲအထူးသတင်းတပ်ဖွဲ့ (SB) မြို့နယ်တာဝန်ခံတစ်ဦး မိုးကြိုးထိမှန်သေဆုံးခဲ့သည်။

ဆီဆိုင်မြို့နယ်၏ သတင်းရဲတပ်ဖွဲ့ SB မြို့နယ်တာဝန်ခံ ဦးကျော်ဆန်းဝင်းသည် မေလ ၄ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်ခန့်က မိုးကြိုးထိမှန်သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

"သူတစ်ယောက်ပဲ ကွင်းထဲ ထီးထီးကျန်ခဲ့တာ၊ ကျန်တဲ့လူတွေက အပင်အောက်ရောက်လို့ လွတ်သွားတာ" ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောကြားသည်။

မေလ ၄ ရက်နေ့ ညနေတွင် ဆီဆိုင်မြို့မြောက်ဘက် တောင်ကြီးအထွက် ခြေလျင်တပ်ရင်း ၄၂၄ စစ်တပ်၏ မျက်စောင်းထိုးရှိ ဂေါက်ကွင်း၌ ဂေါက်ရိုက်နေစဉ် အမှတ် ၃ ကျင်းအနီးတွင် မိုးကြိုးပစ်ခံရခြင်းဖြစ်သည်။

ဦးကျော်ဆန်းဝင်းသည် ၂၀၀၇-၂၀၀၈ ခုနှစ်ခန့်တွင် ဆီဆိုင်မြို့သို့ စတင်ပြောင်းရွေ့တာဝန်ကျခဲ့ပြီး သေဆုံးချိန်တွင် ဇနီးသည်နှင့် သုံးနှစ်အရွယ် သမီးတစ်ဦး ကျန်ရစ်ခဲ့သည်ဟု သိရသည်။

သတင်းရဲတပ်ဖွဲ့ SB ကို ၁၉၆၄ ခုနှစ်တွင် ပြည်ထဲရေး၀န်ကြီးဌာနလက်အောက်ရှိ သီးခြားဌာနတစ်ခုအဖြစ် တည်ထောင်ခဲ့သည်။

၁၉၉၅ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ပြန်လည်ဖွဲ့စည်းခဲ့ပြီး တပ်မတော်၏ အစိတ်အပိုင်းအဖြစ် အလွတ်သဘော ပြောင်းလဲခဲ့သည်။

August 8, 2026
စစ်အုပ်စုကို ပြန်လည် ထိတွေ့ဆက်ဆံရန် ထိုင်းနိုင်ငံက အာဆီယံကို တိုက်တွန်းပြောဆိုထားသော်လည်း လက်ရှိ...
August 8, 2026
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် မုဒိမ်းကျင့်လူသတ်မှုနှင့်ပတ်သက်၍...
August 7, 2026
မိုးအဆက်မပြတ် ရွာသွန်းမှုနှင့် တောင်ကျရေများ စီးဆင်းမှုတို့ကြောင့် ရခိုင်ပြည်၊ မြေပုံမြို့နယ်...
ဓာတ်ပုံ - NMG (ပုံဟောင်း)
August 7, 2026
ကချင်ပြည်မြောက်ဖျားပိုင်း ခေါင်လန်ဖူးမြို့နယ်အတွင်း၌ စစ်အုပ်စုတပ်က အင်အားဖြည့်တင်းမှုများ...