ကယားပြည်နယ်အတွင်း စစ်ကောင်စီရဲ့ပစ်ခတ်မှုကြောင့် သေဆုံးသူ ၃၇ ဦးရှိ

ကယားပြည်နယ်အတွင်း စစ်ကောင်စီရဲ့ပစ်ခတ်မှုကြောင့် သေဆုံးသူ ၃၇ ဦးရှိ

ကယားပြည်နယ်၌ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ဇွန်လ ၄ ရက်အတွင်း စစ်ကောင်စီပစ်ခတ်မှုကြောင့် သေဆုံးသူ ၃၇ ဦးရှိသည်ဟု တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF မှ ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒေသကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်များ အပြန်အလှန်ပစ်ခတ်မှုများ၊ ဗုံးပေါက်ကွဲမှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် အရပ်သား ထိခိုက်သေဆုံးမှုဖြစ်ပွားခဲ့သည်ဟု သိရသည်။

ကယားပြည်နယ် ဒေသကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်တို့ လတ်တလောအချိန်အထိ တိုက်ပွဲများဖြစ်ပွားနေပြီး ဒေသခံပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရဆဲသည်။

လက်ရှိ တိုက်ပွဲရှောင်ပြည်သူများသည် ဒီမော့ဆို၊ ဖရူဆိုနှင့် လွိုင်ကော်မြို့နယ်တွေအပြင် ဆီဆိုင်နှင့် ဖယ်ခုံမြို့နယ်များတွင် အများအားဖြင့် ယာယီနေထိုင်နေပြီး ကယားပြည်နယ် လူဦးရေ၏ လေးပုံတစ်ပုံခန့် စစ်ဘေးရှောင်နေရခြင်းဖြစ်သည်။

စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များအကြား ဆက်လက်ဖြစ်ပွားနေသည့် တိုက်ပွဲတွေကြောင့် ကယားပြည်နယ်အတွင်း အိုးအိမ်စွန့်ခွာထွက်ပြေးကြရသူ ၈၅,၀၀၀ မှ ၁၀၀,၀၀၀ ကြားရှိနေပြီး လေကြောင်းတိုက်ခိုက်မှုများနှင့် အရပ်သားများကို ဦးတည်တိုက်ခိုက်မှုများ တိုက်ပွဲပြင်းထန်နေသည်ဟု United Nations OCHA Myanmar မှ မေလ ၃၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

May 18, 2026
မွန်ပြည်နယ်အတွင်း၊ မြို့နယ်အလိုက် ရပ်ကွက်(သို့) ကျေးရွာအုပ်ချုပ်ရေးမှူးများ...
May 18, 2026
မွန်ပြည်နယ်အတွင်း၊ မြို့နယ်အလိုက် ရပ်ကွက်(သို့) ကျေးရွာအုပ်ချုပ်ရေးမှူးများ...
May 16, 2026
မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အစပ်၊ ဂျိုင်းမြစ်ဒေသရှိ ကျေးရွာအချို့တွင် လုံခြုံရေးအခြေအနေ...
May 15, 2026
မွန်ဒေသအသီးသီး၌ အသစ်ဆောက်လုပ်နေသည့် မွန်အမျိုးသားကျောင်း ၄ ကျောင်းထက်မနည်း လာမည့် ပညာသင်နှစ်...