တောင်ကုတ်တွင် စာသင်ကျောင်းများ၌ ကလေးငယ်များလုံခြုံရေးအတွက် မိဘများလာရောက်စောင့်ဆိုင်း

တောင်ကုတ်တွင် စာသင်ကျောင်းများ၌ ကလေးငယ်များလုံခြုံရေးအတွက် မိဘများလာရောက်စောင့်ဆိုင်း

တောင်ကုတ်မြို့နယ်တွင် ကလေးငယ်များ စာသင်နေကြသော်လည်း စာသင်ချိန်တစ်လျှောက် စိတ်မချသဖြင့် မိဘများနှင့် ဒေသခံများမှာ စာသင်ချိန်အတွင်း လာရောက်စောင့်ဆိုင်းနေကြကြောင်း ကျောင်းသားမိဘများထံမှ သိရသည်။

ယင်းကဲ့သို့ လာရောက်စောင့်ဆိုင်းပေးရခြင်းမှာ ကျောင်းဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ လုံခြုံစွာစာသင်ကြားနိုင်ရေးအတွက်ဟု တောင်ကုတ်မြို့ သိမ်တောင်ရပ်ကွက် အ.မ.က (၁) တွင် လာရောက်စောင့်ဆိုင်းနေသည့် အမည်မဖော်လိုသူ ကျောင်းသားမိဘတစ်ဦးက ပြောသည်။

"လာစောင့်ရတဲ့ အကြောင်းအရင်းက နိုင်ငံရေးကြားမှာ ပညာရေးကို မထိခိုက်စေချင်တာ။ ကလေးတွေနဲ့ ဆရာ၊ ရာမတွေ လုံခြုံစွာနဲ့ စာသင်ကြားနိုင်ဖို့အတွက် လာစောင့်ပေးကြတာဖြစ်တယ်။ နောက်ပြီး ကိုယ့်သားသမီးတွေအတွက် တစ်စုံတစ်ရာဖြစ်မှာကို စိုးရိမ်လို့ လာစောင့်ပေးကြတာဖြစ်တယ်" ဟု ပြောသည်။

ပြီးခဲ့သည့် မေလ ၂၇ ရက်နေ့က တောင်ကုတ်မြို့ရှိ ကမ်ပိုင်ရပ်ကွက် အ.ထ.က (၁)၊ ဂူတာရပ်ကွက် အ.ထ.က (၂)၊ သိမ်တောင်ရပ်ကွက် အ.မ.က (၁) နှင့် ချောင်းကောက်ရပ်ကွက် အ.မ.က (၂) စာသင်ကျောင်းတံတိုင်းတို့တွင် "ဒလန်" ဟု စာသားရေးသားမှုများရှိခဲ့သည်။

ဂူတာရပ်ကွက် အ.ထ.က (၂) မှ အမည်မဖော်လိုသူ ဆရာမတစ်ဦးက "ကျောင်းပြင်က ကျောင်းသားမိဘတွေ လာစောင့်တာတွေတော့ရှိကြတယ်။ ဌာနဆိုင်ရာက လုံခြုံရေးကတော့ ကျောင်းဖွင့်တဲ့နေ့ကတော့ ရှိခဲ့တယ်။ ဒီနေ့တော့ မရှိတော့ဘူး။ ကျောင်းစာတွေကို သင်ကြားတဲ့အခါ အနှောက်အယှက်ပေးတာမျိုး မဖြစ်စေချင်ဘူး” ဟု ပြောသည်။

ရခိုင်ပြည်သည် ယခင်နှစ်များက စစ်ပွဲများနှင့် ကိုဗစ်ကပ်ရောဂါဒဏ်ကို ခံစားခဲ့ရသည့် ပြည်နယ်တစ်ခုဖြစ်ပြီး ယခုလို ငြိမ်းချမ်းနေအချိန်အတွင်း ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်နေခြင်းကို ထိခိုက်မှုတစ်စုံတစ်ရာပြုလုပ်လာလျှင် တောင်ကုတ်လူငယ်ကွန်ရက်အနေဖြင့်လည်း အထိရောက်ဆုံးကာကွယ်ပေးရန် စီစဉ်ထားကြောင်း ယင်းကွန်ရက်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

"ပညာသင်ချိန်မှာ ပညာရေးကို ထိခိုက်မှာတော့မလိုလားဘူး။ ကျနော်တို့ တောင်ကုတ်လူငယ်ကွန်ရက်အနေနဲ့လည်း အတတ်နိုင်ဆုံး ကာကွယ်ပေးသွားမယ်။ ခလေးတွေက ပညာရေးသင်ယူတတ်မြောက်ဖို့ အရေးကြီးတယ်” ဟု သူကပြောဆိုသည်။

ဇွန်လ ၁ ရက်နေ့က ရခိုင်ပြည်တွင် ကျောင်းတက်ရောက်သည့် ကျောင်းသားဦးရေမှာ စစ်တွေခရိုင်တွင် ၁၀၁,၃၀၁ ဦး၊ မြောက်ဦးခရိုင်တွင် ၁၁၀,၆၅၂ ဦး၊ မောင်တောခရိုင်တွင် ၄၃၂၁၁ ဦး၊ ကျောက်ဖြူခရိုင်တွင် ၆၄၆၂၆ နှင့် သံတွဲရိုင်တွင် ၃၉၁၄၁ ဦးထိရှိပြီး စုစုပေါင်း ၃၅၈၉၃၁ ဦးရှိကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

Photo: သိမ်တောင် ကျောင်းရှေ့မြင်ကွင်း။ (ဓါတ်ပုံ - ဦးကျောက်တောင်)

August 31, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်သို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ဧရာဝတီတိုင်းဘက်မှတစ်ဆင့် ရခိုင်ပြည်...
August 31, 2026
ရခိုင်ဒေသတွင် စစ်ရေးအခြေအနေသည် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာခြင်းနှင့်...
ဓာတ်ပုံ - (DMG / ကျောက်တော်မြို့နယ်၊ ရထားဘူတာ စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင် ကလေးငယ် အချို့။)
August 31, 2026
ရခိုင်ပြည်တွင် စစ်ဘေးရှောင် ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များမှာ စားဝတ်နေရေး အခက်အခဲ...
ဓာတ်ပုံ - (မိုခါအလွန် နံ့သာကျွန်းအား ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် တွေ့ရစဉ် / DMG)
August 29, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်ရှိ “နံ့သာကျွန်း” အဏ္ဏဝါအမျိုးသားဥယျာဉ်ကို စစ်ရေးပဋိပက္ခများကြောင့်...