ငွေကြေးလည်ပတ်မှု ကြန့်ကြာခြင်းကြောင့် ရခိုင်မှ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အခက်တွေ့

ငွေကြေးလည်ပတ်မှု ကြန့်ကြာခြင်းကြောင့် ရခိုင်မှ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အခက်တွေ့

ဘဏ်မှ ငွေကြေးထုတ်ယူရာတွင် အဆင်မပြေမှုနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ စျေးနှုန်းမြင့်တက်လာမှုကြောင့် ရခိုင်ပြည်နယ်မှ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အခက်တွေ့နေကြရကြောင်း ရခိုင်ပြည်နယ် ဆောက်လုပ်ရေးလုပ်ငန်းရှင်များထံမှ သိရသည်။

လက်ရှိတွင် ဒေါ်လာစျေးမြင့်တက်မှုကြောင့် ပြည်ပမှတင်သွင်းရသော ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများအားလုံးမှာ ယခင်ထက်စျေးမြင့်တက်နေသည့်အပြင် ဆောက်လုပ်ရေးလုပ်ငန်းလုပ်ဆောင်ရန် လိုအပ်သည့်ငွေကြေးပမာဏကိုလည်း ဘဏ်မှထုတ်ယူရာတွင် အခက်တွေ့နေသည်ဟု ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်နေသူ ကိုရဲထက်နိုင်က ဆိုသည်။

“အခုအချိန်မှာ အရင်အစိုးရလက်ထက်ကနဲ့ မတူတော့တဲ့အခါ လုပ်ငန်းအတွက် ငွေထုတ်မယ်ဆိုရင် ဘယ်ကိုစာတင်ရမှန်းမသိတာလည်း အခက်အခဲတစ်ခုလိုဖြစ်နေတယ်။ နောက်ပြီး အစိုးရကပေးလိုက်တဲ့ ချက်လက်မှတ်တွေကို ငွေထုတ်တဲ့နေရာမှာ ငွေက လိုသလောက်မရဘူး။ ဒီတော့ အလုပ်သမားတွေကို ငွေရှင်းတဲ့အခါ၊ ပစ္စည်းခတွေရှင်းရတဲ့အခါ အခက်ခဲဖြစ်ပြီး လုပ်ငန်းနှောင့်နှေးမှုဖြစ်တာတွေရှိတယ်” ဟု သူကရှင်းပြသည်။

လက်ရှိတွင် ဆောက်လုပ်ရေးလုပ်ငန်းသုံး သံချောင်းများမှာ ၃၀ ရာခိုင်နှုန်းစျေးမြင့်နေပြီး ဘိလပ်မြေများမှာ စျေးကွက်တွင် ပြတ်လပ်မှုအချို့ဖြစ်ပွားနေကြောင်း ကိုရဲထက်နိုင်ကပြောသည်။

ဆောက်လုပ်ရေးပစ္စည်းများ စျေးနှုန်းမြင့်တက်လာသည့်အပြင် ဘဏ်မှလိုအပ်သည့်ငွေကို အပြည့်အဝ ထုတ်ယူနိုင်ခြင်း မရှိသည့်အတွက်ကြောင့် လုပ်ငန်းမတွင်ကျယ်မှုများ၊ လုပ်ငန်းကြန့်ကြာမှုများနှင့် ရင်ဆိုင်နေကြရကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးစိန်အောင်ကပြောသည်။

“ကျွန်တော့်မှာ လိုတဲ့ငွေကိုသွားထုတ်တာ ထုတ်လို့မရတာ နှစ်ပတ်ရှိပါပြီ။ ငွေကြေးမလည်ပတ်တဲ့အခါ ကုမ္ပဏီတွေမှာလည်း တော်တော်လေး ဒုက္ခရောက်နေကြတယ်လို့သိရပါတယ်” ဟု သူကဆိုသည်။

ဆောက်လုပ်ရေးသုံးပစ္စည်းများ စျေးမြင့်တက်လာခြင်းမှာ တစ်နိုင်ငံလုံးတွင် ဖြစ်ပွားနေသည့် ကိစ္စရပ်ဖြစ်ပြီး ရခိုင်တစ်ခုတည်းတွင် ထူးထူးခြားခြား မြင့်တက်လာခြင်းမျိုးမဟုတ်ကြောင်း ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးတင်အောင်ဦးကပြောသည်။

“ဒီဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေက နိုင်ငံခြားကနေ တင်သွင်းကြရတာဖြစ်တယ်။ ဒေါ်လာစျေးတွေ တက်လာတာရယ်။ နောက်ပြီး နိုင်ငံခြားကနေ တင်သွင်းရတာတွေ ခက်ခဲလာတာတွေကြောင့် စျေးတွေတက်လာတာဖြစ်တယ်” ဟု ပြောသည်။

လက်ရှိတွင် ငွေကြေးလည်ပတ်မှုကြန့်ကြာခြင်းကြောင့် တင်ဒါယူထားသည့် ဆောက်လုပ်ရေးလုပ်ငန်းများမှာ အချိန်မီပြီးစီးနိုင်ရန်အတွက် အခက်တွေ့နေကြရကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များကဆိုသည်။

ဆောက်လုပ်ရေးပစ္စည်းများ စျေးတက်မှုအပေါ် ဖြေရှင်းနိုင်ရန်နှင့် ကုမ္ပဏီများ ငွေကြေးလည်ပတ်မှု အဆင်ပြေစေရန် မည်သို့ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်းနှင့် မိမိတို့ကြုံတွေ့နေရသည့် စျေးနှုန်းမြင့်တက်ခြင်းပြသနာ၊ ငွေကြေးလည်ပတ်မှုအဆင်မပြေသည့်ပြသနာများကို ဖြေရှင်ပေးရန်အပါအဝင် လုပ်ငန်းသတ်မှတ်ကာလကို ထပ်တိုးပေးရန်တို့ကို ရခိုင်ပြည်နယ်စစ်ကောင်စီသို့ လွန်ခဲ့သည့် နှစ်ပတ်ခန့်က အကြောင်းကြားတင်ပြခဲ့သော်လည်း လက်ရှိအချိန်အထိ တစ်စုံတစ်ရာ ထူးခြားမှုမရှိသေးကြောင်း ရခိုင်ပြည်နယ် ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးအောင်သိန်းကဆိုသည်။

“ကျွန်တော်တို့ တွေကြုံတွေနေရတဲ့ အခက်ခဲတွေအကြောင်းကို စာနဲ့လည်း တင်ပြခဲ့သလို လူကိုယ်တိုင်လည်း ဆွေးနွေးခဲ့ပါသေးတယ်။ သူတို့ကတော့ ကပ်ဘိနပ်အစည်းအဝေးပြီးရင် အဖြေရမယ်လို့တော့ပြောပါတယ်။ အခုထိတော့ ဘာမှ မထူးသေးပါဘူး” ဟု သူကဆိုသည်။

လက်ရှိအချိန်တွင် တစ်ပတ်လျှင်ကုမ္ပဏီတစ်ခုအားငွေကျပ် သိန်း ၂၀၀ ထုတ်ခွင့်ပေးထားကြောင်း ဗဟိုဘဏ်က ကြေညာထားသော်လည်း ရခိုင်ပြည်နယ်စစ်တွေမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် ငွေထုတ်၍မရသည်မှာ နှစ်ပတ်ခန့်ရှိနေပြီဖြစ်ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များထံမှ သိရသည်။

August 31, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်သို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ဧရာဝတီတိုင်းဘက်မှတစ်ဆင့် ရခိုင်ပြည်...
August 31, 2026
ရခိုင်ဒေသတွင် စစ်ရေးအခြေအနေသည် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာခြင်းနှင့်...
ဓာတ်ပုံ - (DMG / ကျောက်တော်မြို့နယ်၊ ရထားဘူတာ စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင် ကလေးငယ် အချို့။)
August 31, 2026
ရခိုင်ပြည်တွင် စစ်ဘေးရှောင် ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များမှာ စားဝတ်နေရေး အခက်အခဲ...
ဓာတ်ပုံ - (မိုခါအလွန် နံ့သာကျွန်းအား ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် တွေ့ရစဉ် / DMG)
August 29, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်ရှိ “နံ့သာကျွန်း” အဏ္ဏဝါအမျိုးသားဥယျာဉ်ကို စစ်ရေးပဋိပက္ခများကြောင့်...