သံတွဲတွင် ဧည့်စာရင်းတိုင်ကြားရမည့်အကြောင်း စာကပ်အသိပေး

သံတွဲတွင် ဧည့်စာရင်းတိုင်ကြားရမည့်အကြောင်း စာကပ်အသိပေး

သံတွဲမြို့၏ ကျေးလက်ဒေသများတွင် ညအိပ်ဧည့်သည်ရောက်ရှိပါက ဧည့်စာရင်းတိုင်ကြားရမည်ဟု မြို့နယ်စစ်ကောင်စီမှ စာစောင်များကပ်ကာ အသိပေးကြေညာထားကြောင်း ဒေသခံများထံမှ သိရသည်။

ဧပြီလမှစတင်ကာ ဧည့်စာရင်းစတင်တိုင်ကြားရမည်ဟု အသိပေးစာစောင်အရသိရပြီး နေအိမ်အတွင်း ညအိပ်ညနေရောက်ရှိပါက ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး သို့မဟုတ် မိမိနေထိုင်ရာကျေးရွာ ဆယ်အိမ်ခေါင်းတို့ထံ သွားရောက်တိုင်ကြားရမည်ဟု သံတွဲမြို့နယ်၊ ရွှေကျောင်းပြင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမြင့်ရွှေကပြောသည်။

"ပြီးခဲ့တဲ့ လကနေ ညွှန်ကြားထားလို့ကပ်ထားတာ။ တစ်မြို့နယ်လုံးကို လုပ်ခိုင်းတာပါ။ မိမိအိမ်မှာ ဧည့်သည် ညအိပ်တည်းခိုမယ်ဆိုရင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဒါမှမဟုတ် ကျေးရွာဆယ်အိမ်ခေါင်း၊ ရာအိမ်ခေါင်းထံမှာ တိုင်ကြားရမှာဖြစ်တယ်။ တိုင်ကြားဖို့ပျက်ကွက်ရင် ပျက်ကွက်သူရဲ့တာဝန်အဖြစ် ဥပဒေအရ အရေးယူမယ်" ဟု ပြောဆိုသည်။

တစ်ချို့ ကျေးရွာအုပ်စုတွင် စာစောင်ကပ်အသိပေးသလို တစ်ချို့နေရာများတွင် ကြေညာခြင်းမရှိဘဲ မိမိတို့နားလည်မှုဖြင့် သွားရောက်တိုင်ကြားမှုကို လုပ်ဆောင်နေသည်ဟု သံတွဲမြို့နယ် ကျောင်းတိုက်အုပ်စု ကျောင်းတိုက်ကျေးရွာဒေသခံ မဆောင်းနှင်းဝေကပြေသည်။

"ကျမတို့ဆီမှာ အဲဒီလိုစာစောင်ကပ်တာတွေတော့ မရှိဘူး။ ဒါပေမဲ့ ဧည့်သည်တွေရောက်ရင်တော့ အုပ်ချုပ်ရေးမှူးကို သွားပြီးအကြောင်းကြားရတယ်။ ကိုယ့်နားလည်မှုနှင့်ကိုယ်ပေါ့။ အရေးယူဆောင်ရွက်တာတော့ မကြားမိသေးဘူး" ဟု ဆိုသည်။

သံတွဲမြို့၏ ကျေးလက်ဒေသများတွင် ဧည့်စာရင်းတိုင်ကြားရမည်ဟု သတင်းကျယ်ကျယ်ဝံ့ဝံ့ ပြန့်နှံ့နေသော်လည်း သံမြို့ပေါ်ဒေသခံများမှာ ယင်းဧည့်စာရင်းအကြောင်း မသိရသေးကြောင်း ရောင်ခြည်ဦးလမ်းတွင် နေထိုင်သူတစ်ဦးက ပြောသည်။

ယင်းကဲ့သို့ ဧည့်စာရင်းတိုင်ကြားရမည်ဟု ညွှန်ကြားထားမှုနှင့်ပတ်သက်ပြီး မြို့နယ်စစ်ကောင်စီကိုမေးမြန်းရန် DMG မှ ကြိုးစားနေဆဲဖြစ်သည်။

 

ဧည့်စာရင်းဥပဒေတွင် ညအိပ်ညနေ ဧည့်သည်လာရောက်ခြင်းနှင့် ပြန်လည်ထွက်ခွာသွားခြင်းတို့ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ ခွင့်တောင်းရမည်ဖြစ်ကြောင်းပါရှိပြီး ဧည့်စာရင်းတိုင်ရန် ပျက်ကွက်ပါက ဒဏ်ငွေတစ်သောင်း (သို့မဟုတ်) ထောင်ဒဏ် ၇ ရက်ကို သက်ဆိုင်ရာတရားရုံးက ချမှတ်ရမည်ဟု ပါရှိသည်။

August 31, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်သို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ဧရာဝတီတိုင်းဘက်မှတစ်ဆင့် ရခိုင်ပြည်...
August 31, 2026
ရခိုင်ဒေသတွင် စစ်ရေးအခြေအနေသည် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာခြင်းနှင့်...
ဓာတ်ပုံ - (DMG / ကျောက်တော်မြို့နယ်၊ ရထားဘူတာ စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင် ကလေးငယ် အချို့။)
August 31, 2026
ရခိုင်ပြည်တွင် စစ်ဘေးရှောင် ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များမှာ စားဝတ်နေရေး အခက်အခဲ...
ဓာတ်ပုံ - (မိုခါအလွန် နံ့သာကျွန်းအား ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် တွေ့ရစဉ် / DMG)
August 29, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်ရှိ “နံ့သာကျွန်း” အဏ္ဏဝါအမျိုးသားဥယျာဉ်ကို စစ်ရေးပဋိပက္ခများကြောင့်...