ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ပညာရေးဝန်ထမ်း ၂ဝဝ နီးပါး ရာထူးမှထုတ်ပယ်ခံရ

ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ပညာရေးဝန်ထမ်း ၂ဝဝ နီးပါး ရာထူးမှထုတ်ပယ်ခံရ

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ပညာရေးဝန်ထမ်း ၂ဝဝ နီးပါးအား လုံလောက်သော အကြောင်းပြချက်မရှိဘဲ တာဝန်ချိန်ပျက်ကွက်သည့်အတွက် ရာထူးမှ ထုတ်ပယ် (Removal) လိုက်ကြောင်း မြို့နယ်အခြေခံပညာဦးစီးဌာနက ထုတ်ပြန်ထားကြောင်း သိရသည်။

ဘုရားသုံးဆူ၊ ကျိုက်ဒုံ၊ ဝင်းရော်ဒေသရှိ CDM (အာဏာဖီဆန်မှု) ဝင်ထားသည့် ကျောင်းဆရာ၊ ဆရာမ ၁၉၉ ဦးကို ခွင့်စည်းကမ်းဖောက်ဖျက်ပြီး ခွင့်မဲ့ပျက်ကွက်ခြင်း လုံလောက်သော အကြောင်းပြချက်မရှိဘဲ တာဝန်ချိန်ပျက်ကွက်သည့်အတွက် ၎င်းတို့ကို ရာထူးမှ ထုတ်ပယ်လိုက်ခြင်းဖြစ်သည်ဟု ပညာရေးဝန်ထမ်းများထံမှ သိရသည်။

“ကျနော်တို့ CDM ဝင်ထားသူတွေ အခု ရာထူးကနေ ထုတ်ပယ်ခံရတာ မေလ ၃ဝ ရက်နေ့ ညမှသိတယ်။ တစ်နေ့ ဒီလိုဖြစ်လာမယ်ဆိုတာ ကြိုသိထားပြီးသားပါ။ စစ်အာဏာရှင်ရှိနေသ၍ CDM ဟာ အဆုံးအထိပါပဲ။ လုံးဝ ဝမ်းမနည်းဘူး။ မြေဖြူကိုင်တဲ့လက်တွေအားလုံး အာဏာရှင်တွေကို အဆုံးထိတွန်းလှန်သွားမယ်” ဟု ရာထူးထုတ်ပယ်ခံရသူ ပညာရေးဝန်ထမ်းတစ်ဦးက ယနေ့မေလ ၃၁ ရက်တွင် ကေအိုင်စီသို့ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ပြီးခဲ့သည့် မေလ ၁၁ ရက်နေ့က အခြေခံပညာကျောင်းများမှ သင်ကြားစီမံဝန်ထမ်း ၂၀၂ ဦးကို နိုင်ငံဝန်ထမ်း နည်းဥပဒေ ၁၇၀ (က) အရ တာဝန်မှ ယာယီရပ်ဆိုင်းလိုက်ကြောင်း ပြည်နယ်ပညာရေးမှူးရုံးက ထုတ်ပြန်ခဲ့သည်။

June 8, 2026
ကော်သူးလေဒေသအတွင်း လက်ရှိရင်ဆိုင်ကြုံတွေ့နေရသည့် အွန်လိုင်းငွေလိမ်လည်မှုကိစ္စရပ်များနှင့်...
June 6, 2026
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးနှင့် စိန်ခေါ်မှုများကို လက်တွေ့ကျကျဖြေရှင်းနိုင်ရေး...
Photo: CJ
June 5, 2026
သံလွင်မြစ်အပါအဝင်၊ မဲခေါင်၊ ကောက်၊ စိုင်၊ ရွက်မြစ် များကို ကာကွယ်ရေး သံဃာတော်များဦးဆောင်ကာ...