ဖလူး-ဝေါလေလမ်းပိုင်းရောက် စစ်အုပ်စုစစ်ကြောင်းကို KNLA မဟာမိတ်ပူးပေါင်းတပ်များ ဆက်လက်တိုက်ခိုက်နေ

ဖလူး-ဝေါလေလမ်းပိုင်းရောက် စစ်အုပ်စုစစ်ကြောင်းကို KNLA မဟာမိတ်ပူးပေါင်းတပ်များ ဆက်လက်တိုက်ခိုက်နေ

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဖလူး-ဝေါလေ တောင်ကြော၊ ကျော်ဝါးဘိုး တောင်ကြောဘက်သို့ နယ်ကျွံဝင်ရောက်လာသည့် စစ်အုပ်စုစစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) မဟာမိတ်ပူးပေါင်းတပ်များက ပိတ်ဆို့ဖြတ်တောက် တိုက်ခိုက်မှု ဆက်လက်လုပ် ဆောင်နေကြောင်း မြေပြင်စစ်ရေး သတင်းအရင်းအမြစ်ထံမှ သိရသည်။

အဆိုပါဒေသအတွင်း စစ်အုပ်စုက ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် နိုဝင်ဘာလအတွင်း အင်ကြင်းမြိုင်၊ မင်းလက်ပံရွာဘက်မှ စစ်ကြောင်းဝင်ရောက်တိုက်ခိုက်၍ မရသည့်အတွက် လေးကေကော် မြို့သစ် အထက်ပိုင်း တောင်ကြောဘက်မှ စစ်ကြောင်းပြောင်းလာသည့် စစ်အုပ်စုကို KNLA တပ်ဖွဲ့များက ပိတ်ဆို့တိုက်ခိုက်နေခြင်းဖြစ်သည်ဟု စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်က ပြောသည်။

“စစ်တပ်က ကျော်ဝါးဘိုး တောင်ကြောထဲ လာနေတယ်။ KNLA ကတော့ တိုက်တာနေ့တိုင်းရှိတယ်၊ တောင်ပေါ်မှာ မိုင်းတွေ ထိကျတယ်။ စစ်တပ်က KNLA ဘက် အလင်းဝင်ဖို့ ပြေးလာကြတာလည်း ရှိတယ်” ဟု ၎င်းသတင်းအရင်းအမြစ်က ပြောသည်။

၎င်းအပြင် ဝေါလေသုံးထပ်ကွေ့ လမ်းပိုင်းဘက်နှင့် ဖလူးကျေးရွာအပြင်ဘက် ရွှေတိဂုံပုံတူ စေတီကုန်းနေရာအား စစ်ကြောင်းထိုးတပ်စွဲရန် တိုက်ခိုက်မှုရှိသော်လည်း KNLA မဟာမိတ်တပ်များက ဖြတ်တောက်တိုက်ခိုက်နေသည့်အတွက် စစ်အုပ်စု စစ်ကြောင်းများမှာ ဖလူးရွာနှင့် ထီးမယ်ဝါးခီး၊ မင်းလက်ပံကျေးရွာအပြင်ဘက် နေရာများတွင် ဆက်လက်ရှိနေကြောင်း သိရှိရသည်။

လတ်တလောတွင် မြဝတီမြို့တောင်ဘက်သို့ ဝင်ရောက်လာသည့် စစ်အုပ်စုတပ်များသည် မယ်ထော် သလေးကျေးရွာရှိ တရုတ်ငွေလိမ်ခြံဝင်း KK Park နေရာတွင် တပ်စွဲထားပြီး KNLA မဟာမိတ်တပ် စစ်ရေးနေရာများအား လက်နက်ကြီးပစ်ခတ် တိုက်ခိုက်နေကြောင်း KNLA တပ်ဖွဲ့ စစ်ရေး သတင်းအရင်းအမြစ်က ပြောသည်။

၎င်းက “ဖလူး၊ မင်းလက်ပံကတော့ ရွာထဲ ပြန်မနေရဲသေးဘူး။ KK Park ထဲက အလုံးကြီးတွေ ပစ်ထုတ်နေတာ၊ ရဲဘော်လည်း ထိခိုက်ကျဆုံးတာ ရှိတယ်။ ကိုယ့်ဘက်ကတော့ စစ်တပ် တက်လာရင် အပိုင်ပစ်ချလိုက်၊ သူတို့ ပြန်ဆုတ်သွားလိုက် ဖြစ်နေတယ်” ဟု ပြောသည်။

အဆိုပါ တရုတ်ငွေလိမ်ခြံဝင်းအတွင်းရှိ အဆောက်အဦးများကို စစ်အုပ်စုက မိုင်းခွဲဖြိုဖျက်မှု ဆက်လက်လုပ်ဆောင်နေသည့်အတွက် ထိုင်းနိုင်ငံဘက်အခြမ်းတွင် မိုင်းပေါက်ကွဲသံများ ကြားနေရကြောင်း ထိုင်းဘက်ခြမ်းရှိ ဒေသခံများက ပြောသည်။

Photo - Social Media

Most read this week

သံတောင်ကြီးမြို့နယ်အတွင်း ဖာလာစိုက်ပျိုးထားသည့် ဥယျာဉ်ခြံတစ်ခြံအား တွေ့ရစဉ်။ / CJ
September 18, 2026
ပဲခူးတိုင်း၊ တောင်ငူ (တောအူး) ခရိုင်၊ သံတောင်ကြီးမြို့နယ်အတွင်း ဖာလာပေါ်ချိန် ရောက်သော်လည်း...
ပုံဟောင်း / MOI
September 17, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်နှင့် မအူပင်မြို့နယ်တို့တွင် ပြီးခဲ့သည့် သြဂုတ်လမှ စတင်ကာ...
September 17, 2026
စစ်အုပ်ချုပ်ရေးယန္တရား ပြန်လည်ထူထောင်ထားသည့် ကရင်ပြည်၊ ကော့ကရိတ်မြို့ပေါ် ရပ်ကွက်များတွင် လူသူ...
ကရင်အမျိုးသားငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ - KNPC ၏ အစည်းအဝေး မြင်ကွင်း။)
September 16, 2026
ကရင်အမျိုးသားတပ်မတော် (KNA)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) နှင့် KNU/KNLA-PC (...