ပုဏ္ဏားကျွန်း ရေဖြူကန်စစ်ရှောင်စခန်းသို့ အစိုးရထောက်ပံ့သည့် ဆန်မရောက်သည်မှာ ၂ လခန့်ရှိနေပြီဖြစ်၍ အငတ်ဘေးကျရောက်နိုင်ခြေရှိနေဟုဆို

ပုဏ္ဏားကျွန်း ရေဖြူကန်စစ်ရှောင်စခန်းသို့ အစိုးရထောက်ပံ့သည့် ဆန်မရောက်သည်မှာ ၂ လခန့်ရှိနေပြီဖြစ်၍ အငတ်ဘေးကျရောက်နိုင်ခြေရှိနေဟုဆို

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ရေဖြူကန် စစ်ဘေးရှောင်စခန်းတွင် အစိုးရက ထောက်ပံ့ပေးသည့် ဆန်မရောက်သည်မှာ (၂) လခန့်ရှိနေပြီဖြစ်သဖြင့် စခန်းတစ်ခုလုံး အငတ်ဘေးကျရောက်မည့်အနေအထားနှင့် ရင်ဆိုင်နေရသည်ဟု စခန်းတာဝန်ရှိသူတစ်ဦးက ပြောသည်။

၂၀၂၁ ခုနှစ် မတ်လအတွက် ဆန်ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဧပြီ ၁၁ ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ပြီး ယင်းနောက်ပိုင်းတွင် တစ်ကြိမ်မှ မရောက်ရှိတော့ဟု ဆိုသည်။

“အခုက မေလကုန်တော့မယ်။ ဧပြီလအတွက်ဆန်က ဒီကနေ့ထိ မရောက်သေးဘူး။ ပြောရမယ်ဆိုရင် ဧပြီလအတွက်ရော၊ မေလအတွက်ပါ မရောက်သေးဘူး။ ဒီနေ့ဆိုရင် မေ ၃၀ ရက်ရှိသွားပါပြီ။ တော်တော်ကြီးကို အခက်အခဲဖြစ်နေကြပါပြီ။ ဒီအတိုင်းဆိုရင် ငတ်နိုင်သွားနိုင်ပါတယ်” ဟု စခန်းတာဝန်ခံ ဦးကျော်သန်းက ပြောကြားသည်။

ရေဖြူကန် စစ်ဘေးရှောင်စခန်းတွင် လူ ၈၂၀ ဦးရှိပြီး အစိုးရ လူမှုရေးနှင့်ကယ်ဆယ်ရေးဝန်ကြီးဌာနမှ ထောက်ပံ့သည်ဆန်ကို အဓိက အားကိုမှီခိုနေရသည်ဟု ပြောဆိုသည်။

“အခုက ဆန်လည်းမရောက်ဘူး။ ဒါ့အပြင် မိဖိုချောင်သုံးရိက္ခာတွေဖြစ်ကြတဲ့ ဆီ၊ ဆား၊ ငရုတ် ဘာတစ်ခုမှမရောက်ဘူး။ အခက်အခဲက အကြီးအကျယ်ကြုံနေရပြီ။ သက်ဆိုင်ရာတာဝန်ရှိသူတွေ သိစေချင်ပါတယ်” ဟု ၎င်းကပြောဆိုသည်။

ပုဏ္ဏားကျွန်း စက်မှုဇုန်စစ်ဘေးရှောင်စခန်းတွင် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းမှ သာစည်၊ ကျောက်ဆိပ်၊ ဒိုးတန်း၊ ပိန္နဲတောကျေးရွာတို့နှင့် ပလက်ဝမြို့နယ်မှ မီးလက်ဝ၊ နမ္မဒါကျေးရွာတို့မှ စစ်ဘေးရှောင်များ အိမ်ထောင်စု ၂၀၅ စုနှင့် လူပေါင်း ၈၂၀ လက်ရှိ နေထိုင်နေကြောင်း သိရသည်။

Most read this week

August 6, 2026
ရခိုင်ပြည်၊ ဂွနှင့် သံတွဲမြို့နယ်တို့၏ ကောင်းကင်ယံတွင် စစ်တပ်၏ လေယာဉ်များ...
August 4, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်တွင် စစ်ဘေးရှောင်နေကြသည့် ရေလုပ်သားများသည် ပင်လယ်ပြင်တွင် ငါးရှာ...
August 3, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့ရှိ ဂျိတ္တောရပ်ကွက်အပြင် ကျောက်ဖြူမြို့နယ်၊ စနဲမြို့ကိုလည်း...
August 1, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ရွှေလှေကျေးရွာကို စစ်တပ်က လေကြောင်းမှ...