ပုဏ္ဏားကျွန်း ရေဖြူကန်စစ်ရှောင်စခန်းသို့ အစိုးရထောက်ပံ့သည့် ဆန်မရောက်သည်မှာ ၂ လခန့်ရှိနေပြီဖြစ်၍ အငတ်ဘေးကျရောက်နိုင်ခြေရှိနေဟုဆို

ပုဏ္ဏားကျွန်း ရေဖြူကန်စစ်ရှောင်စခန်းသို့ အစိုးရထောက်ပံ့သည့် ဆန်မရောက်သည်မှာ ၂ လခန့်ရှိနေပြီဖြစ်၍ အငတ်ဘေးကျရောက်နိုင်ခြေရှိနေဟုဆို

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ရေဖြူကန် စစ်ဘေးရှောင်စခန်းတွင် အစိုးရက ထောက်ပံ့ပေးသည့် ဆန်မရောက်သည်မှာ (၂) လခန့်ရှိနေပြီဖြစ်သဖြင့် စခန်းတစ်ခုလုံး အငတ်ဘေးကျရောက်မည့်အနေအထားနှင့် ရင်ဆိုင်နေရသည်ဟု စခန်းတာဝန်ရှိသူတစ်ဦးက ပြောသည်။

၂၀၂၁ ခုနှစ် မတ်လအတွက် ဆန်ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဧပြီ ၁၁ ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ပြီး ယင်းနောက်ပိုင်းတွင် တစ်ကြိမ်မှ မရောက်ရှိတော့ဟု ဆိုသည်။

“အခုက မေလကုန်တော့မယ်။ ဧပြီလအတွက်ဆန်က ဒီကနေ့ထိ မရောက်သေးဘူး။ ပြောရမယ်ဆိုရင် ဧပြီလအတွက်ရော၊ မေလအတွက်ပါ မရောက်သေးဘူး။ ဒီနေ့ဆိုရင် မေ ၃၀ ရက်ရှိသွားပါပြီ။ တော်တော်ကြီးကို အခက်အခဲဖြစ်နေကြပါပြီ။ ဒီအတိုင်းဆိုရင် ငတ်နိုင်သွားနိုင်ပါတယ်” ဟု စခန်းတာဝန်ခံ ဦးကျော်သန်းက ပြောကြားသည်။

ရေဖြူကန် စစ်ဘေးရှောင်စခန်းတွင် လူ ၈၂၀ ဦးရှိပြီး အစိုးရ လူမှုရေးနှင့်ကယ်ဆယ်ရေးဝန်ကြီးဌာနမှ ထောက်ပံ့သည်ဆန်ကို အဓိက အားကိုမှီခိုနေရသည်ဟု ပြောဆိုသည်။

“အခုက ဆန်လည်းမရောက်ဘူး။ ဒါ့အပြင် မိဖိုချောင်သုံးရိက္ခာတွေဖြစ်ကြတဲ့ ဆီ၊ ဆား၊ ငရုတ် ဘာတစ်ခုမှမရောက်ဘူး။ အခက်အခဲက အကြီးအကျယ်ကြုံနေရပြီ။ သက်ဆိုင်ရာတာဝန်ရှိသူတွေ သိစေချင်ပါတယ်” ဟု ၎င်းကပြောဆိုသည်။

ပုဏ္ဏားကျွန်း စက်မှုဇုန်စစ်ဘေးရှောင်စခန်းတွင် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းမှ သာစည်၊ ကျောက်ဆိပ်၊ ဒိုးတန်း၊ ပိန္နဲတောကျေးရွာတို့နှင့် ပလက်ဝမြို့နယ်မှ မီးလက်ဝ၊ နမ္မဒါကျေးရွာတို့မှ စစ်ဘေးရှောင်များ အိမ်ထောင်စု ၂၀၅ စုနှင့် လူပေါင်း ၈၂၀ လက်ရှိ နေထိုင်နေကြောင်း သိရသည်။

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...