မီဇိုရမ်ရောက် မြန်မာစစ်ဘေးရှောင် အယောက် ၄၀ ကျော် ကိုဗစ်ကူးစက်ခံရ၊ ၃ ဦးသေဆုံးပြီဟုသိရ

မီဇိုရမ်ရောက် မြန်မာစစ်ဘေးရှောင် အယောက် ၄၀ ကျော် ကိုဗစ်ကူးစက်ခံရ၊ ၃ ဦးသေဆုံးပြီဟုသိရ

မီဇိုရမ်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရမှု အမြင့်ဆုံးဖြစ်သည့် မြို့တော်အိုက်ဇောလ်ရှိ ရပ်ကွက်နှစ်ခုတွင် မြန်မာစစ်ဘေးရှောင် အယောက် ၄၀ ကျော်ခန့် ကိုဗစ်ကူးစက်ခံထားရပြီး ယင်းအနက် ၃ ဦးမှာ သေဆုံးသွားပြီဟု သိရသည်။

အိုက်ဇောလ်မြို့ရှိ Chhinga Veng နှင့် Electric Veng ရပ်ကွက်နှစ်ခုတွင် မြန်မာစစ်ဘေးရှောင်အဖြစ် ဝင်ရောက်ခိုလှုံနေကြသော အယောက် ၄၅ ဦးထံ ကိုဗစ်ပိုးတွေ့ရှိခဲ့ကြပြီး လက်ရှိတွင် အယောက် ၃၀ ခန့် ကုသမှုခံယူနေကြဆဲဖြစ်ကြောင်း မီဇိုရမ်ရောက် စစ်ဘေးရှောင်ကူညီရေးအဖွဲ့ Myanmar Refugee Relief Committee အတွင်းရေးမှူး Salai Hulian က ပြောသည်။

“ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူ ၄၅ ဦးဆိုတာက စတွေ့တဲ့အချိန်ကနေ ရေတွက်တာဖြစ်တယ်။ တကြိမ်တည်းမှာ တွေ့တာတော့မဟုတ်ဘူး။ သက်သာပျောက်ကင်းသွားတဲ့သူတွေလည်း ရှိနေပြီ၊ လက်ရှိမှာ ပျမ်းမျှအားဖြင့်တော့ အယောက် ၃၀ လောက် ကုသဆဲဖြစ်တယ်။ ဒါအပြင့် အခြားအခြားသောရပ်ကွက်၊ မြို့နယ်တွေမှာလည်း ရှိနိုင်တယ်” ဟု သူကပြောသည်။

 

ကိုဗစ်ပိုးကူးစက်ခံထားရသည့် မြန်မာစစ်ဘေးရှောင်များသည် မြန်မာပြည်မှာကတည်းက ကူးစက်ခံထားရခြင်းမဟုတ်ဘဲ၊ မီဇိုရမ်ပြည်နယ်ရောက်မှ ကူးစက်ခံရခြင်းဖြစ်နိုင်ကြောင်း စစ်ဘေးရှောင်ကူညီရေးအဖွဲ့ NGO United for Democratic Myanmar အတွင်းရေးမှူး Pu JH Liansanga က ပြောသည်။



 

“ဒီသတင်းကို ကြားကြားချင်ဘဲ သူတို့ကို ကျနော်ဆက်သွယ်ခဲ့တယ်။ Electric ရပ်ကွက်မှာ အစုလိုက်နေထိုင်ပြီး ကူးစက်ခံရတဲ့သူတွေက ပြီးခဲ့တဲ့ ဧပြီလ ၈ ရက်နေ့က အိုက်ဇောလ်ကို ရောက်လာကြတဲ့သူတွေဖြစ်တယ်။ ရောက်လာတာနဲ့ YMA ကိုလည်း အကြောင်းကြားထားတယ်ပြောတယ်။ ကိုဗစ်-၁၉ လည်း စစ်ဆေးတယ်၊ အဲဒီတုန်းကတော့ အားလုံး Negative ဖြစ်တယ်။ ဒီရောက်မှ ကူးစက်ခံရတာဖြစ်နိုင်တယ်” ဟု သူကပြောသည်။

မီဇိုရမ်ပြည်နယ် Department of Information & Public Relations Government of Mizoram ၏ မေလ ၂၇ ရက်နေ့အထိ ထုတ်ပြန်ချက်အရ လက်ရှိမီဇိုရမ်ပြည်နယ်တွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ လူဦးရေ ၂၈၁၇ ဦးရှိပြီး ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၃၄ ဦးရှိပြီဖြစ်သည်။

April 24, 2026
ကြားကာလတော်လှန်ရေးအတွင်း မတူပီမြို့နယ်တွင် ဒေသန္တရအစိုးရအဖွဲ့အပါအဝင် ယန္တရားများကို...
April 23, 2026
ချင်းပြည်တောင်ပိုင်းက ချင်းတော်လှန်ရေးအင်အားစုများဖြစ်သည့် ချင်းပြည်သူ့အစည်းအရုံး (CPU/ CPA)...
April 22, 2026
ချင်းပြည်တောင်ပိုင်းက တော်လှန်ရေးအင်အားစုများမှဖွဲ့စည်းထားသော CPU/ CPA ခေါင်းဆောင်များနှင့် ULA...
April 21, 2026
ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ရေး အပြင်း အထန် ထိုးစစ်ဆင်နေသည့်...