မြောင်းအိမ်မဲ ဆန္ဒပြပွဲ၌ အဖမ်းခံရသည့် ကရင်လူငယ်များကို ရုံးထုတ်စစ်ဆေး

မြောင်းအိမ်မဲ ဆန္ဒပြပွဲ၌ အဖမ်းခံရသည့် ကရင်လူငယ်များကို ရုံးထုတ်စစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲ-ဝါးခယ်မ ကားလမ်းမပေါ်ရှိ၊ ဝဲကြီးဝကျေးရွာထိပ်၌ ပြီးခဲ့သည့် မတ် ၈ ရက်နေ့ ဆန္ဒပြပွဲတွင် စစ်တပ်က ဖမ်းဆီးသွားသည့် ကရင်လူငယ်များကို မြောင်းမြအကျဥ်းထောင်ရှိ ထောင်တွင်းတရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့ကြောင်း မိသားစုအသိုင်းအဝိုင်းက ပြောသည်။  

အဆိုပါဆန္ဒပြပွဲတွင် ကရင်လူငယ်ရေးရာများ ပါဝင်လုပ်ဆောင်နေသူ နန့်ချစ်စုလွင်နှင့် နန့်စုမြတ်နိုင်တို့ ၂ ဦးအပါအဝင် စုစုပေါင်း ၉ ဦး အဖမ်းခံရပြီး မြောင်းမြအကျဥ်းထောင်သို့ ပို့ဆောင်လိုက်ကာ ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်တရာစွဲခံရပြီး ယခုလို ရုံးထုတ်စစ်ဆေးနေခြင်းဖြစ်သည်။

"သူတို့ကို ပြီးခဲ့တဲ့ မေ ၆ ရက်နေ့ကလည်း ရုံးထုတ်တယ်။ ဒီနေ့ ၂၀ ရက်နေ့မှာလည်း ရုံးထုတ်တယ်။ ကျန်းမာရေးလည်းကောင်းတယ်။ ကောင်းကောင်းမွန်မွန်လည်း နေရတယ်လို့ပြောတယ်။ မိသားစုကိုတော့ လိုအပ်တဲ့ပစ္စည်းလေးတွေမှာတယ်။ နောက်ထပ်ရုံးချိန်း ထပ်ချိန်းမယ်လို့ ပြောတယ်" ဟု အမည်မဖော်လိုသည့် မိသားစုဝင်တဦးက ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် မတ် ၈ ရက်နေ့ ဝဲကြီးဝဆန္ဒပြသပိတ်စစ်ကြောင်း ဖြိုခွဲခံရစဥ် ဖမ်းဆီးခံထားရသူ ၉ ဦးမှာ ကိုကျော်ဦး၊ ကိုရဲမင်းထက်၊ မအိမျိုးသူ၊ ဦးရွှေအိုး၊ ဦးဝင်းမြင့်သိန်း၊ ဦးကိုကိုလေး၊ ဒေါ်မိပြုံးတို့အပြင် ကရင်အမျိုးသမီးလူငယ် ၂ ဦးဖြစ်သည့် နန့်စုမြတ်နိုင်နှင့် နန့်ချစ်စုလွင်တို့ ပါဝင်ပြီး ၎င်းတို့ကို လက်ရှိ မြောင်းမြအကျဉ်းထောင်၌ ဖမ်းဆီးထိန်းသိမ်းကာ ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

အဆိုပါပုဒ်မသည် ပြစ်မှုထင်ရှားလျှင် အမြင့်ဆုံး ထောင် ၃ နှစ်ထိ ချမှတ်နိုင်ကြောင်း သိရသည်

Photo : SHRF
May 20, 2026
ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) ထိန်းချုပ်သည့် ရှမ်း-တရုတ်နယ်စပ်၊...
May 19, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၆)၊ ဒူးပလာယာခရိုင်အတွင်း ကွမ်းသီးခြောက် ဝယ်လိုအားနှင့်...
May 18, 2026
စစ်အုပ်စုသတ်မှတ်ထားသည့် စက်သုံးဆီရောင်းချမှုစနစ်နှင့် မှောင်ခိုလောင်စာဆီဈေးကွက်တွင် ဆီဈေး နှစ်ဆ...
May 16, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်စစ်အုပ်စုက အုပ်ချုပ်ရေးမှူးများမှတဆင့်‌...