နေပြည်တော်ဆောက်လုပ်‌ရေးတပ်က ရှမ်းနီတိုင်းရင်းသား တပ်သားနှစ်ဦး လွတ်မြောက်နယ်မြေရောက်ရှိ

နေပြည်တော်ဆောက်လုပ်‌ရေးတပ်က ရှမ်းနီတိုင်းရင်းသား တပ်သားနှစ်ဦး လွတ်မြောက်နယ်မြေရောက်ရှိ

နေပြည်တော် ဆောက်လုပ်ရေးစစ်ဆင်‌ရေး ကွပ်ကဲမှုဌာနချုပ်က ရှမ်းနီတိုင်းရင်းသား တပ်သားနှစ်ဦး ရှမ်းပြည်နယ်မြောက်ပိုင်း လွတ်မြောက်နယ်မြေတွင် ရောက်ရှိနေကြောင်း RFA ၏သတင်းတွင် ဖော်ပြထားသည်။

၎င်းတို့သည် ဧပြီလ ၃၀ ရက်နေ့တွင် တပ်ထဲမှ လွတ်မြောက်နယ်မြေကို ရောက်ရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

“မခံစားနိုင်ဘူး အဲ့လိုမြင်ရကြားရလို့ စိတ်မကောင်းဘူး ဝမ်းနည်းတာပေါ့ အဲ့လိုမျိုးလုပ်ရမလားဆိုပြီးတော့၊ သူစိမ်းတွေလည်း မဟုတ်ဘူးလေဗျာ၊ ဒီအရပ်သားတွေဆိုတော့၊ ကြာလေလေ ပိုဆိုးလာလေလေဖြစ်လာတော့ မနေနိုင်တော့ဘူးကွာဆိုပြီးတော့ ထွက်လာတာ” ဟု တပ်သား မျိုးမင်းထွန်းက RFA နှင့် ဆက်သွယ်မေးမြန်းမှုတွင် ပြောဆိုထားသည်။

၎င်းတို့သည် တပ်ထဲမှထွက်လာပြီး အရပ်ဘက်အဖွဲ့အစည်းများ၏ ချိတ်ဆက်မှုများဖြင့် လွတ်မြောက်နယ်မြေကို ရောက်ရှိကြောင်း ပြောဆိုထားကြသည်။

“အာဏာသိမ်းတဲ့ဖြစ်စဉ်ဖြစ်လာတော့ မကြိုက်ဘူးဗျာ၊ လူတွေက လူ့အသက်တွေပဲကော၊ သေသွားတယ်ဆိုတာတော့ ဘယ်ကောင်းပါ့မလဲ၊ လက်နက်ကိုင်အချင်းချင်း တိုက်နေတာလည်းမဟုတ်ဘူး၊ ကိုယ့်ပြည်သူတွေ ဆန္ဒပြနေတာကို ကိုယ့်ပြည်သူ/သားတွေကို ပြန်ပစ်နေတယ်ဆိုတာတော့ မကြိုက်ဘူး“ ဟု ရှမ်းနီတိုင်းရင်းသား တပ်သား ဖြိုးဝေဦးက ပြောဆိုထားသည်။

စစ်ကောင်စီတပ်ထဲမှ အာဏာသိမ်းပြီးနောက်ပိုင်း တပ်ထဲမှထွက်ပြေးသည့် အရာရှိများ/တပ်သားများ ထောင်နှင့်ချီရှိလာပြီဖြစ်ကြောင်း နိုင်ငံတကာနှင့် ပြည်တွင်းမီဒီယာများတွင် ရေးသားထားကြသည်။

April 27, 2026
စိုင်းဆိုင်အိုက်  —သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)...
April 25, 2026
စိုင်းဟန်လင်း — စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီက...
လားရှိုးမြို့ရှိ ခလရ(၄၁) တပ်ရင်းအား ၂၀၂၄ ဇူလိုင်လအတွင်း MNDAA သိမ်းပိုက်ခဲ့စဉ်
April 24, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် လားရှိုးမြို့အဝင်ရှိ စစ်တပ်လက်အောက်ခံ ခြေလျင်တပ်ရင်း ခလရ-(၄၁) ထဲ...
April 23, 2026
စိုင်းဆိုင်အိုက် — သျှမ်း-ကရင်နီနယ်စပ်ဒေသတွင် လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့များ...