ဆောင်းပြောင်းတွင် လက်နက်ကြီးသံများကြောင့် တိုက်ပွဲထပ်ဖြစ်မည်ကို စိုးရိမ်

ဆောင်းပြောင်းတွင် လက်နက်ကြီးသံများကြောင့် တိုက်ပွဲထပ်ဖြစ်မည်ကို စိုးရိမ်

သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ နေ့စဉ်နီးပါး ကြားရသောကြောင့် ဒေသခံများ တိုက်ပွဲ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်နေကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် မေလ ပထမပတ်မှစပြီး ဆောင်းပြောင်းကျေးရွာဘက်သို့ စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တပ်သားများ အင်းအား ၃၀၀ ဝန်းကျင်ထပ်မံ ဖြည့်တင်းခဲ့ပြီးနောက် ဆောင်းပြောင်းကျေးရွာအနီး သျှမ်း-ကယားနယ်စပ်ဘက်တွင် လက်နက်ကြီးသံများ ဆက်တိုက် ကြားနေရကြောင်း ဒေသခံများ ပြောပြချက်အရသိရသည်။

ထိုသို့လက်နက်ကြီး သံများကြားလာရသောကြောင့် ဆောင်းပြောင်းကျေးရွာဘက်တွင် တိုက်ပွဲထပ်မံဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

"နေ့ခင်းဘက်ရော ညဘက်ရော လက်နက်ကြီးသံတွေ ဆက်တိုက်ကြားရတယ်။ တချို့အသံဆို ကျယ်လွန်းလို့ မြေကြီးပါတုန်တယ်။ ဒီလိုမိုးတွင်းစိုက်ချိန်ပျိုးချိန်ဆို စစ်ပွဲတွေ ဖြစ်တက်တယ်။ ဒီနှစ်တော့ ထပ်မဖြစ်ပါစေနဲ့ဆုတောင်းတယ်။ ထပ်ဖြစ်ရင် ပြေးစရာလည်းနေရာမရှိသလို စားစရာလည်းမရှိတော့ဘူး။"ဟု ဆောင်းပြောင်းဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ထို့အပြင် ဆောင်းပြောင်းကျေးရွာဘက်တွင် လာရောက်တပ်စွဲထားသော စစ်ကော်မရှင်တပ်နှင့် PNO တပ်သားများအတွက် ဒေသခံများက ထမင်းဟင်းများ အလှည့်ကျ ချက်ပို့နေရကြောင်း ၎င်းအမျိုးသမီးက ထပ်လောင်းပြောသည်။

ဆက်လက်ပြီး သျှမ်း-ကယားနယ်စပ်ဘက်တွင် တိုက်ပွဲပြင်းထန်လာနိုင်သဖြင့် ဒေသခံများအနေဖြင့် မပေါ့ဆရန်နှင့် သတင်းအခြေအနေများကို အမြဲနားစွင့်ထားကြရန် စစ်ရေးအခြေအနေကို စောင့်ကြည့်နေသည့် ဆောင်းပြောင်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

"ကျနော်ကတော့ ဘယ်ဘက်ကမှ မဟုတ်ဘူး၊ ဒီခေတ်မှာ ဘယ်ဘက်ကပါဆိုပြီး တစ်ဘက်သတ်ယိမ်းလို့မရဘူး၊ အခြေအနေနဲ့ အချိန်ခါကြည့် နေရတယ်၊ ကျနော်တို့ ပြည်သူတွေရဲ့လုံခြုံရေးက ကျနော်တို့လက်ထဲမှာပဲ။ အချင်းချင်းပြန်လည် စောင့်ရှောက်ရမယ်။ ဘယ်လက်နက်ကိုင်မှ မကာကွယ်ပေးဘူး၊အခုလည်း တပ်အင်အားတွေ ဖြည့်ထားတယ် တိုက်ပွဲပုင်းထန်ဖို့ အလားလာရှိတယ် မပေါ့ဆနဲ့ သတင်းတွေ အမြဲနားစွင့်ထားဖို့ မှာချင်တယ်။"ဟု အဆိုပါ အမျိုးသားက အကြံပြုပြောထားသည်။

လက်ရှိ စစ်ကော်မရှင်တပ်က ဆောင်းပြောင်းကျေးရွာနှင့် အနီးတဝိုက်တွင် စစ်ဆေးရေးဂိတ်များချထားပြီး ဒေသခံများကို လုံခြုံရေး အကြောင်းပြချက်ဖြင့် ဒေသခံများကို စစ်ဆေးမှုများတင်းကျပ်ထားကကြောင်းသိရသည်။

ထို့အပြင် ညနေ ၇နာရီနောက်ပိုင်း အပြင်မထွက်ရန်နှင့် တောင်ယာမှ စောစောပြန်ရန်လည်း သတိပေးထားပြီး ညဘက်၌ စစ်ကော်မရှင်တပ်နှင့် PNO တပ်သားများ အလှည့်ကျကင်းစောင့်နေကြေကြောင်း ဒေသခံများ ပြောပြချက်အရသိရသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ‌ဇန်နဝါရီလ အတွင်း ဆောင်းပြောင်း ကျေးရွာတွင် စစ်ကော်မရှင်တပ်၊PNOတပ်နှင့် တော်လှန်ရေးအင်အားစုများ တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် ဆောင်းပြောင်းကျေးရွာဒေသခံ တစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ထိုတိုက်ပွဲကြောင့် ပျက်စီးသွားသော နေအိမ်နှင့် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းများ ကိုယခုအချိန်ထိ ၆၀ရာခိုင်နှုန်းခန့်သာ ပြန်လည် ပြုပြင်နိုင်သေးကြောင်း ဒေသခံများကပြောသည်။

ထိုင်းနိုင်ငံမှ တာချီလိတ်သို့ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို စစ်တပ်က ဖမ်းဆီးသိမ်းဆည်း၍ မြေမြှုပ်ဖျက်ဆီးနေစဉ်။ / Crd
September 17, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ အသားနှင့် ကုန်စိမ်းများ...
ဟိုပုံးမြို့နယ်အတွင်းတွေ့ရသည့် စစ်အုပ်စု၏ စစ်မှုထမ်းသင်တန်းဆင်းပွဲ မြင်ကွင်းတစ်ခု။ / Credit
September 16, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၌ စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) အတွက်...
သျှမ်း-ကရင်နီ နယ်စပ်တစ်နေရာတွင် စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့။ / Credit
September 15, 2026
သျှမ်း-ကရင်နီနယ်စပ်တစ်ကြော၌ စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းအသုံးပြု...
မုဒိမ်းကျင့်ခံရပြီး ရိုက်နှက်ခံရသည့် မိန်းကလေးငယ် / Crd
September 14, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး...