ရခိုင်ပြည်နယ်အတွင်းရှိ မူလတန်းကျောင်းများသို့ ဝတ်စုံများ အခမဲ့ပေးမည်

ရခိုင်ပြည်နယ်အတွင်းရှိ မူလတန်းကျောင်းများသို့ ဝတ်စုံများ အခမဲ့ပေးမည်
by -
မဇ္ဈိမ
ရခိုင်ပြည်နယ်အတွင်းရှိ အစိုးရပညာသင်ကျောင်းများဖြစ်သော မူလအတန်းအဆင့် ကျောင်းများသို့ ကျောင်းဝတ်ယူနီဖောင်းများ အစိုးရအစီအစဉ်ဖြင့်   ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျောင်းဝတ်စုံများအား ရခိုင်ပြည်နယ်အတွင်း ပထမဆုံး ဖွင့်လှစ်ခဲ့သည့် အထည်ချုပ်စက်ရုံဖြစ်သော  စမတ်အထည်ချုပ် စက်ရုံမှ ထုတ်လုပ်ပေးသွားမည်ဖြစ်ကာ ကျောင်းသားတစ်ဦးလျှင် တစ်စုံစီ အခမဲ့ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 “ကျွန်တော်တို့ ဆီကထုတ်လုပ်တဲ့ အထည်တွေကို ရောင်းတာမဟုတ်ဘူး။ ရခိုင်ပြည်နယ် အစိုးရက ပြည်နယ်အတွင်းမှာရှိတဲ့ မူလတန်းအဆင့်တွေကို အခမဲ့ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။ ကျောင်းသား တစ်ယောက်ကို တစ်စုံစီပေးမှာပါ။ ပေးတာကတော့ ကျွန်တော်တို့ဆီက ပေးတာမဟုတ်ဘူး။ အစိုးရအစီစဉ်နဲ့ ပေးတာပါ”ဟု ဦးမင်းဇော်ကပြောသည်။

ယင်းစက်ရုံမှာ စစ်တွေမြို့တွင်တည်ရှိပြီး ယခုနှစ် ဖေဖော်ရီလတွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကာ ကျောင်းဝတ် ယူနီဖောင်းများကိုသာ အဓိကချုပ်လုပ်လျှက်ရှိပြီး ယင်းစက်ရုံမှ ထွက်ရှိသည့် အထည်များကို ယခုနှစ် ကျောင်းဖွင့်ရာသီတွင် စတင်ပေးအပ် နိုင်တော့မည်ဖြစ်ကြောင်း အထည်ချုပ်စက်ရုံပိုင်ရှင် ဦးမင်းဇော်က ပြောသည်။

“ဒီစက်ရုံကိုဖွင့်ခဲ့တာက ကိုယ့်ရခိုင်ကမိန်းကလေးတွေ တခြားဒေသတွေကို ထွက်သွားစရာ မလိုတော့ဘဲ ကိုယ့်ရခိုင်ဒေသတွင်းမှာ အလုပ်အကိုင်ရရှိအောင် ဖွင့်လှစ်ပေးခြင်းဖြစ်တယ်။ နောက်ပြီးတော့ ပြည်နယ် အစိုးရနှင့် ပြည်ထောင်စုဝန်ကြီးဌာတို့ရဲ့ ပံ့ပိုးမူကူညီပေးမူတွေနဲ့ ဖွင့်လှစ်ခဲ့တာပါ။ လက်ရှိမှာတော့ အစိုးရက အပ်ထားတဲ့ အထည်တွေကိုပဲ ချုပ်လုပ်နေတာ ဖြစ်ပါတယ်”  ဟု ဦးမင်းဇော်က ဆက်လက်ပြောသည်။

အစိုးရပညာသင်ကျောင်းများတွင် ပညာသင်ကြားလျှက်ရှိသည့် ကျောင်သူကျောင်းသားများအား တစ်နိုင်ငံလုံး တွင် ကျောင်းဝတ်စုံများကို ထောက်ပံ့ပေးသွားမည်ဖြစ်ရာ ရခိုုင်ပြည်နယ်အတွက် လိုအပ်လျှက်ရှိသည့် ကျောင်းဝတ်စုံများကို စမတ်အထည်ချုပ်စက်ရုံမှ ထုတ်လုပ်ပေးသွားမည် ဖြစ်ကြောင်း လက်ရှိတွင် ရခိုင်ပြည်နယ် အတွင်း ပညာသင်ကြားလျှက်ရှိသည့် မူလတန်းအဆင့် ကျောင်းသူ/သားပေါင်း ငါးသိန်းနီးပါးခန့်ရှိကြောင်း သိရသည်။

May 30, 2026
မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အိန္ဒိယနိုင်ငံ ခရီးစဉ်ကို ပယ်ဖျက်ပေးရန်...
May 29, 2026
ပါခွီး — မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်အတွင်း နယ်စပ်ကိစ္စရပ်များအပါအဝင်...
May 28, 2026
မန္တလေးတိုင်း ညောင်ဦးမြို့နယ် ကူတောကျေးရွာကို စစ်အုပ်စုတပ်ဖွဲ့ က စီးနင်းပြီး နေအိမ်တွေကို...
May 27, 2026
ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်များအပါအဝင် Y-12 လေယာဉ်ဖြင့် မေလ ၂၆...