ဒလန်၏သတင်းပေးမှုကြောင့် စစ်ကောင်စီအုပ်စုမှ ပြည်သူများနေအိမ်သို့ ဖျက်ဆီးဝင်ရောက်ကာ ပစ္စည်းများယူ

ဒလန်၏သတင်းပေးမှုကြောင့် စစ်ကောင်စီအုပ်စုမှ ပြည်သူများနေအိမ်သို့ ဖျက်ဆီးဝင်ရောက်ကာ ပစ္စည်းများယူ

တောင်ကြီးမြို့တွင် ဒလန်များ၏သတင်းပေးမှုကြောင့် စစ်ကောင်စီအုပ်စုသည် ပြည်သူနေအိမ်များကို သော့ဖျက်ဝင်ရောက်ပြီး နေအိမ်ထဲရှိ ဆိုင်ကယ်နှင့် တခြားပစ္စည်းများယူဆောင်သွားကြောင်း သတင်းရရှိသည်။

တောင်ကြီးမြို့၊ ရွှေသူဌေးကုန်ရပ်ကွက်တွင် မေလ ၁၂ ရက် ညနေ (၄) နာရီ အချိန်တွင် စစ်ကောင်စီအုပ်စုမှ လူမနေသည့်နေအိမ်ကို  ဝင်ရောက်မွှေနှောက်ပြီး ဆိုင်ကယ်တစီးနှင့် ပစ္စည်းများကို ယူဆောင်သွားကြောင်း တောင်ကြီးမြို့ မျက်မြင်တွေ့ရှိသူတဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အဲ့နေ့ (မေ ၁၂) ရက် ညနေ ၄ နာရီလောက်က စစ်သားတွေ၊ ရဲတွေက ပြည်သူရဲ့နေအိမ်ထဲကို သော့ဖျတ်ပြီးတော့ဝင်တယ်။ ပြီးတော့ အဲအိမ်ထဲမှာရှိတဲ့ ပစ္စည်းတွေ ဆိုင်ကယ်ကိုလည်း ယူသွားသေးတယ်” ဟု တောင်ကြီးမြို့ မျက်မြင်တွေ့ရှိသူတဦးက ပြောသည်။

တောင်ကြီးမြို့တွင် ဒလန်များ၏သတင်းပေးမှုကြောင့် ပြည်သူများ လုံခြုံရေးစိုးရိမ်နေရကြောင်း၊ ဒလန်များကြောင့် မကြာခဏ ဖမ်းဆီးခံရပြီး၊ နေအိမ်ဝင်ရောက်စစ်ဆေးမှုများ ခံနေရကြောင်းလည်း တောင်ကြီးဒေသခံများက ပြောသည်။

“သူတို့ အိမ်ထဲထိလိုက်ဖမ်းတယ်။ ဝင်ခိုးတယ်။ အိမ်တွေပါသော့ဖျက်ပြီး ဝင်ခိုးတယ်ဆိုတော့ လွန်တာပေါ့။ သွားလာဖို့တောင် တော်တော်စိုးရိမ်ရတယ်။ ခုတောင် အိမ်မှာနေရင်တောင် ကြောက်နေရတယ်လေ။ အဓိကတော့ ဒလန်တွေကြောင့် ဒလန်တွေကို အရင်ရှင်းပစ်ရမယ်” ဟု တောင်ကြီးမြို့ ဒေသခံတစ်ဦးကပြောသည်။

အလားတူ ယမန့်နေ့ မေလ ၁၃ ရက်နေ့က အိမ်အကူ (ဒလန်) သတင်းပေးမှုကြောင့် အိမ်ရှင်အမျိုးသမီးတစ်ဦး ဖမ်းဆီးခံသွားရသည်။

ထိုနည်းတူ မတ်လ ၁၁ ရက်နေ့တွင် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့များသည် တောင်ကြီးမြို့၊ မင်္ဂလာဦးရပ်ကွက်၊ ရတနာသီရိရပ်ကွက်နှင့် ရေအေးကွင်းရပ်ကွက်ရှိ နေအိမ်များ၊ ဆိုင်ကယ်များ ဝင်ရောက်ရိုက်နှက်ဖျက်ဆီးမှု ပြုလုပ်ခဲ့ကြောင်း တောင်ကြီးဒေသခံများပြောပြချက်အရ သိရသည်။

April 29, 2026
စိုင်းဟန်လင်း — ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်)...
April 28, 2026
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့်...
April 27, 2026
စိုင်းဆိုင်အိုက်  —သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)...
April 25, 2026
စိုင်းဟန်လင်း — စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီက...