နည်းပညာတက္ကသိုလ် (တောင်ကြီး) တွင် စစ်ကောင်စီမှ လုံခြုံရေးယူထားချိန် ပေါက်ကွဲမှုဖြစ်၊ အရပ်သားတစ်ဦးသေဆုံး

နည်းပညာတက္ကသိုလ် (တောင်ကြီး) တွင် စစ်ကောင်စီမှ လုံခြုံရေးယူထားချိန် ပေါက်ကွဲမှုဖြစ်၊ အရပ်သားတစ်ဦးသေဆုံး

တောင်ကြီးမြို့၊ နည်းပညာတက္ကသိုလ်အနီးတွင် ယနေ့ (မေ ၁၄) ရက် မနက် (၁၀) နာရီခွဲကျော်၌ ပေါက်ကွဲမှုဖြစ်ပွားပြီး လူတစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။

“တစ်ယောက်သေတယ်။ သေသွားတဲ့တယောက်က စိတ်သိပ်မမှန်ဘူး။ ကျန်တဲ့တစ်ယောက် ဒဏ်ရာရထားတယ်။ လက်ရှိတော့ ဆေးရုံမှာ။ အခြေအနေ ဘယ်လိုရှိလဲတော့ မသိရသေးဘူး” ဟု တောင်ကြီးမြို့ ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီမှ ဖွင့်လှစ်ထားသည့် နည်းပညာတက္ကသိုလ် (တောင်ကြီး) တွင် ကျောင်းတက်ကျောင်းစားသင်နေသည့် ကျောင်းသားများရှိနေကြောင်း၊ ထိုစာသင်နေသည့် ကျောင်းသားများကို စစ်ကောင်စီအုပ်စုမှ စစ်အင်အားအလုံးအရင်းဖြင့် စောင့်ကြည့်နေချိန် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း တောင်ကြီးဒေသခံများ၏ ပြောပြချက်အရ သိရသည်။

“စစ်တပ်တွေ လုံခြုံရေးတင်းကြပ်နေတာပဲ။ ကျောင်းဝန်းထဲမှာ ကျောင်းရှေ့မှာ တပ်အင်အားတွေ နည်းတာမဟုတ်ဘူး။ စာသင်နေတဲ့သူတွေကိုလုံခြုံရေးပေးနေတဲ့ကြားက ပေါက်ကွဲတာ” ဟု ဒေသခံတဦးက ဆိုသည်။

ထိုပေါက်ကွဲမှုအပြီးတွင် တောင်ကြီးမြို့ နေရာအနှံ့ စစ်ကောင်စီမှ တပ်ဖြန့်နေရာယူထားပြီး စစ်အင်အားများလည်း ထပ်မံဖြည့်နေကြောင်း သိရသည်။

“နေ့ရာတိုင်းမှာတော့ သူတို့ရှိနေတယ်။ မီးပွိုင်းတိုင်းမှာရှိတယ်။ ညဆိုလည်း နေရာတိုင်းမှာပဲ။ သူတို့တွေ တပ်ဖြန့်ထားတယ်။ သူများအိမ်ရှေ့မှာလာအိပ်တာရှိတယ်။ တိုက်အမြင့်ပေါ်မှာဆိုလဲ အရပ်ဝတ်တွေနဲ့ရှိတယ်” ဟု တောင်ကြီးမြို့ဒေသခံတစ်ဦးက ပြောသည်။

တောင်ကြီးမြို့ပေါ်တွင် စစ်အာဏာသိမ်းပြီး ရက် ၁၀၀ နေ့မှစပြီး ညတိုင်း ပေါက်ကွဲသံများ ကြားနေရသည်။

April 28, 2026
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့်...
April 27, 2026
စိုင်းဆိုင်အိုက်  —သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)...
April 25, 2026
စိုင်းဟန်လင်း — စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီက...
လားရှိုးမြို့ရှိ ခလရ(၄၁) တပ်ရင်းအား ၂၀၂၄ ဇူလိုင်လအတွင်း MNDAA သိမ်းပိုက်ခဲ့စဉ်
April 24, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် လားရှိုးမြို့အဝင်ရှိ စစ်တပ်လက်အောက်ခံ ခြေလျင်တပ်ရင်း ခလရ-(၄၁) ထဲ...