သီပေါမြို့တွင် ဆန္ဒပြသူ ၄ ဦးကို (၅၀၅-က) ဖြင့် ဖမ်းဆီးတရားစွဲဆိုထား

သီပေါမြို့တွင် ဆန္ဒပြသူ ၄ ဦးကို (၅၀၅-က) ဖြင့် ဖမ်းဆီးတရားစွဲဆိုထား

သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့တွင် စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒပြလူငယ် (၄) ဦး ဖမ်းဆီးခံရပြီး ရာဇာသတ်ကြီး ပုဒ်မ (၅၀၅-က) ဖြင့် တရားစွဲဆိုအမှုဖွင့်ထားကြောင်း သိရသည်။

ထိုဖမ်းခံရသူ (၄) ဦးသည် မေ ၉ ရက် ညပိုင်းတွင် အာဏာသိမ်းစစ်ကောင်စီမှ နေအိမ်ထဲထိဝင်ရောက်ကာ ဖမ်းဆီးသွားပြီး၊ မေ (၁၁) ရက်တွင် ရာဇာသတ်ကြီးပုဒ်မ (၅၀၅-က) ဖြင့် တရားရုံးထုတ်ခဲ့ကြောင်း သီပေါလူငယ်တဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဖမ်းတာက ညကလာဖမ်းသွားတာ။ သီပေါက ဒလံအကြီးက သတင်းပေးလမ်းပြလို့ ကျနော်တို့ပြည်သူ ၄ ဦးက ဖမ်းဆီးခံရတာ။ သူတို့က ၂၁ ရက်နေ့ကျရင် ရုံးထုတ်စစ်ဆေးအုံးမှာ။ ခုတော့ သီပေါအကျဉ်းထောင်ထဲမှာပဲ ရှိနေသေးတယ်” ဟု သီပေါမြို့ ဒေသခံအမျိုးသားတစ်ဦးက‌ သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ဖမ်းဆီးခံရသူများမှာ လက်ဖက်ရည်ဆိုင်ဝန်းတွင် အိမ်ငှားနေထိုင်သူတစ်ဦး၊ ဖမ်းဝရမ်းထုတ်ခံရသူတစ်ဦး၊ ကျန်နှစ်ဦးမှာ ဂွ၊ ဓား၊ ဒိုင်ကာများပြုလုပ်ခြင်းကြောင့် ဖမ်းဆီးခံရကြောင်း၊ အဖမ်းခံရသူများကိုလည်း အမြန်ပြန်လွှတ်ပေးရန် သီပေါလူငယ်များက ပြောသည်။

လက်ရှိ သီပေါမြို့တွင် ညအချိန်မတော် ဝင်ရောက်အဖမ်းခံရသည့် လူငယ်များသည် စစ်ကောင်စီအုပ်စုမှ ဖမ်းဝရမ်းထုတ်ပြန်ထားသည့် လူများမဟုတ်ကြောင်း၊ ယခုနောက်ပိုင်း ဖမ်းဝရမ်းမထုတ်ဘဲ ဝင်ရောက်ဖမ်းဆီးမှုများပြုလုပ်နေသဖြင့် လူငယ်များ စိုးရိမ်မှုရှိနေကြကြောင်း သီပေါလူငယ်များက ပြောဆိုလိုက်သည်။

“အရင်ကတော့ ဖမ်းဝရမ်းစာရင်းကိုသိရတယ်။ ရှောင်ပုန်းနေလို့ရတယ်။ အခုတော့ ထုတ်ဖော်တာမရှိဘဲ တခါတည်း ဖမ်းသွားမယ်လို့ ကြားရတယ်။ လူငယ်တစ်ချို့ကတော့ ရှောင်နေကြရပါတယ်။ မထင်တဲ့သူတွေကို ဝင်ဆွဲနေတာခက်တယ်” ဟု သီပေါမြို့ ဒေသခံတစ်ဦးက ပြောသည်။

တချို့ မူးယစ်ဆေးဝါးကြောင့် ဖမ်းခံရသည့်သူကိုလည်း (၅၀၅ - က) ဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။

သီပေါမြို့တွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံရသူ စုစုပေါင်း ၈ ဦးရှိကြောင်းသိရသည်။

April 29, 2026
စိုင်းဟန်လင်း — ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်)...
April 28, 2026
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့်...
April 27, 2026
စိုင်းဆိုင်အိုက်  —သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)...
April 25, 2026
စိုင်းဟန်လင်း — စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီက...