မြန်မာကို လက်နက်ရောင်းချမှုပိတ်ပင်ရန် ကုလသမဂ္ဂကို NGO အဖွဲ့အစည်း ၂၀၀ ခန့်က တိုက်တွန်း

မြန်မာကို လက်နက်ရောင်းချမှုပိတ်ပင်ရန် ကုလသမဂ္ဂကို NGO အဖွဲ့အစည်း ၂၀၀ ခန့်က တိုက်တွန်း

ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် မြန်မာအာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုကို လက်နက်ရောင်းချမှုပိတ်ပင်မိန့်တစ်ရပ် အမြန်ဆုံးချမှတ်ရမည် ဖြစ်ကြောင်း Amnesty International နှင့် Human Rights Watch အပါအ၀င် အစိုးရမဟုတ်သော အဖွဲ့အစည်း ၂၀၀ ခန့်က မေလ ၅ ရက်တွင် တိုက်တွန်းတောင်းဆိုခဲ့သည်။

မြန်မာနိုင်ငံ၏ လများနှင့်ကြာ အကျပ်အတည်းအတွင်း မည်သည့်အရေးယူပိတ်ဆို့မှုကိုမဆို တရုတ်နှင့် ရုရှားတို့က ဆန့်ကျင်နေသော်လည်း ယခုကဲ့သို့ တောင်းဆိုမှုထွက်ပေါ်လာခြင်းဖြစ်သည်။

“မြန်မာနိုင်ငံမှာ ဖေဖေါ်၀ါရီ ၁ ရက်က အာဏာသိမ်းထားခဲ့တဲ့ အာဏာသိမ်းစစ်အုပ်စုကို ဘယ်အစိုးရကပဲဖြစ်ဖြစ် ကျည်ဆံတစ်‌တောင့်တစ်လေတောင်မှ မရောင်းသင့်ပါဘူး” ဟု NGOs များက ပူးတွဲထုတ်ပြန်ချက်တစ်စောင်တွင် ပြောခဲ့သည်။

ဆက်လက်ပြီး “မြန်မာအပေါ် ကမ္ဘာလုံးဆိုင်ရာ လက်နက်ရောင်းချမှု ပိတ်ပင်မိန့်တစ်ရပ် ချမှတ်တာက အဲဒီနိုင်ငံမှာ စစ်တပ်ရဲ့အကြမ်းဖက်မှုတွေ အရှိန်မြင့်နေတာကို တုံ့ပြန်ဖို့ လုံခြုံရေးကောင်စီဘက်က မဖြစ်မနေလုပ်သင့်တဲ့ အဆင့်တစ်ခုဖြစ်ပါတယ်” ဟု ဖော်ပြထားသည်။

အာဏာသိမ်းစစ်အုပ်စုက အာဏာသိမ်းယူပြီးနောက်ပိုင်း မြန်မာအပေါ် လက်နက်ကုန်သွယ်မှုပိတ်ပင်မိန့် ချမှတ်လုပ်ဆောင်ရန် အဖွဲ့အစည်းတစ်ချို့က တောင်းဆိုခဲ့သော်လည်း အချည်းနှီးဖြစ်ထားခဲ့သည်။

မေလ ၃ ရက်က ကုလဆိုင်ရာ တရုတ်သံတမန် ကျန်းကျွန်က သတင်းထောက်များကိုပြောကြားရာတွင် သံတမန်နည်းဖြင့်သာ ရှေ့ဆက်ရမည်ဖြစ်ကြောင်း၊ အဖြေနည်းလမ်းရှာဖွေရေး အာဆီယံအုပ်စု၏အားထုတ်မှုများကို ထောက်ခံသင့်ကြောင်း ပြောခဲ့သည်။

“ကျွန်တော်တို့ကတော့ ဒဏ်ခတ်ပိတ်ဆို့မှုတွေချမှတ်တာကို မထောက်ခံပါဘူး” ဟု ကျန်းကပြောသည်။

သို့သော် Amnesty အဖွဲ့၏ တာ၀န်ရှိသူတစ်ဦးဖြစ်သည့် လောရင့်စ်မော့စ်က “နိုင်ငံတကာအသိုင်းအဝိုင်းဘက်က ပြစ်တင်ရှုတ်ချနေရုံလောက်နဲ့တော့ ဘာမှထိရောက်မှုရှိတာမဟုတ်ပါဘူး” ဟု ပြောခဲ့သည်။

“မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ စိတ်လွတ်လက်လွတ် ပြုမူသတ်ဖြတ်နေတာတွေကို တားဆီးနိုင်အောင် မြန်မာအပေါ် ကမ္ဘာလုံးဆိုင်ရာ လက်နက် ရောင်းချမှုပိတ်ပင်မိန့် ချမှတ်ဖို့အတွက် ကုလလုံခြုံရေးကောင်စီအနေနဲ့ ယင်းရဲ့ တမူထူးခြားတဲ့လုပ်နိုင်စွမ်းတွေကို အသုံးပြုဖို့ အချိန်ရောက်ပါပြီ” ဟု မော့စ်က ပြောသွားခဲ့သည်။

Most read this week

ဓါတ်ပုံ - Crd
September 4, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်အတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားနေစဉ် စက်တင်ဘာလ ၃ ရက်နေ့က...
September 4, 2026
ငဝန်တာကျိုးကျ၍ ရေကြီးရေလျှံမှုများ ကြုံတွေ့နေရသည့် ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်အတွင်း...
September 3, 2026
ချင်းပြည်၊ တီးတိန်မြို့အနီးတွင် ထန်တလန် စစ်မျက်နှာမှ ပြန်လာသည့် စစ်အုပ်စု ယာဉ်တန်းကို...
မြောင်မြို့နယ် T.G.R သတင်းမှန်ပြန်ကြားရေးအဖွဲ့ / ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာ ဇွန်လ အတွင်းက မီးရှို့ခံခဲ့ရသည့် အခြေအနေ။
September 2, 2026
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ခင်မွန်ကျေးရွာတွင် စက်တင်ဘာလ ၁ ရက် နံနက်ပိုင်းက စစ်အုပ်စုတပ်...