ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို ဖွဲ့စည်းကြောင်း NUG အစိုးရ ကြေညာ

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကိုဖွဲ့စည်းကြောင်း ကြားကာလ အမျိုးသားညီညွှတ်ရေးအစိုးရ NUG က ထုတ်ပြန်ကြေညာလိုက်သည်။

ဧပြီလ ၅ ရက်နေ့တွင် NUG က ကာကွယ်ရေးဆိုင်ရာမူဝါဒနှင့်အညီ ပြည်သူကာကွယ်ရေးတပ်မတော်ကို ဖွဲ့စည်းလိုက်သည်ဟုဆိုသည်။

NUG က “အမျိုးသားညီညွတ်ရေးအစိုးရသည် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်၏ ရှေ့ပြေးအမြုတေအဖြစ် ပြည်သူ့ကာကွယ်ရေးတပ်မတော် (People’s Defense Force) (မူရင်းထုတ်ပြန်ချက်တွင် People Defence Force ဟု စာလုံးပေါင်းသည်) ကို ကာကွယ်ရေးဆိုင်ရာမူဝါဒနှင့်အညီ ၂၀၂၁ ခုနှစ်၊ မေလ ၅ ရက်တွင် တရားဝင်ဖွဲ့စည်းထူထောင်လိုက်သည်” ဟု ထုတ်ပြန်ထားသည်။

ပြည်သူကာကွယ်ရေးတပ်မတော်သည် ဖက်ဒရယ်တပ်မတော်တည်ဆောက်ရန်အတွက် ရှေ့ပြေးအနေဖြင့် ဖွဲ့စည်းခြင်းဖြစ်သည်ဟု NUG က ဆိုသည်။

NUG ၏ ထုတ်ပြန်ချက်အရ “အမျိုးသားညီညွတ်ရေးအစိုးရသည် ပြည်သူများအပေါ် စစ်ကောင်စီ၏ အကြမ်းဖက်မှုများ၊ စစ်ရေးအရ ရန်လိုတိုက်ခိုက်မှုများကို ထိန်းချုပ်အဆုံးသတ်ခြင်းဖြင့် နှစ်ပေါင်းခုနစ်ဆယ်ကျော် ဖြစ်ပွားနေသော ပြည်တွင်းစစ်ချုပ်ငြိမ်းရေး၊ ထိရောက်သော လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းနိုင်ရေးတို့ကိုဆောင်ရွက်ရန် တာဝန်ရှိလာသည်” ဟု သိရသည်။

လက်ရှိ အကြမ်းဖက်စစ်ကောင်စီသည် တရားဝင်ပြည်သူ့အစိုးရထံမှ နိုင်ငံတော်အာဏာကို အဓမ္မလုယက်ပြီး အစိုးရခေါင်းဆောင်များကို ဖမ်းဆီးထိန်းသိမ်းထားရုံသာမက၊ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သော ပြည်သူများအား အကြမ်းဖက်နှိပ်စက်သတ်ဖြတ်ခြင်း၊ ထောင်သွင်းအကျဉ်းချခြင်း၊ ဖက်ဒရယ်ဒီမိုကရေစီအရေး ကြိုးပမ်းလျက်ရှိသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များနှင့် ပြည်သူများအပေါ် လေကြောင်း စစ်ဆင်မှုအပါအဝင် အင်အားအလွန်အကျွံအသုံးပြုကာ တိုက်ခိုက်ခြင်းကဲ့သို့သော စစ်ရာဇဝတ်မှုများကို ကျူးလွန်လျက်ရှိသည်ဟု ဆိုသည်။

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့များသည် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနှင့် ပြည်သူလူထု၏ လူသားလုံခြုံရေး၊ လူသားဖြစ်တည်မှုအပေါ် တန်ဖိုးထားလေးစားရေးတို့ကို ဆောင်ရွက်ခြင်းမရှိဘဲ၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ထိပါးနှောင့်ယှက် ဖျက်ဆီးလျက်ရှိသည့်အပြင်၊ တိုင်းပြည်၏ နိုင်ငံရေးဉီးတည်ချက်ဖြစ်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကိုလည်း အဟန့်အတားပြုလုပ်လျက်ရှိသည်ဟု NUG က ပြောသည်။

ထိုအခြေအနေများကြောင့် NUG အနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (People’s Defense Force) ကို ကာကွယ်ရေးမူဝါဒများနှင့် အညီ ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်မှ ရွေးကောက်ပွဲမဲသမာမှုကို အကြောင်းပြကာ မတရားအာဏာသိမ်းယူခဲ့ပြီး စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။

ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် NLD ကိုယ်စားလှယ်များကလည်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကို ဖွဲ့စည်းလိုက်ပြီး မတရားအာဏာသိမ်းယူထားသည့် စစ်တပ်အား တရားမဝင်အသင်းနှင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်လိုက်သည်။

ထို့အပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းကြောင်းနှင့် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် ကြေညာစာတမ်းကို ထုတ်ပြန်ပြီးနောက် ကြားကာလ အမျိုးသားညီညွှတ်ရေးအစိုးရ NUG ကို ဖွဲ့စည်းခဲ့သည်။

Most read this week

August 11, 2026
ဧရာဝတီတိုင်းအတွင်း ပြည်သူများ ရေဘေးဒဏ်ကို ဆိုးဝါးစွာ ရင်ဆိုင်နေရချိန်တွင် ရေကြည်နှင့် သာပေါင်း...
August 11, 2026
ကချင်ပြည်၊ တနိုင်းမြို့နယ်ရှိ မင်းဇေသန့် ပြည်သူ့စစ်သင်တန်းကွင်း တိုက်ခိုက်ခံရပြီးနောက်...
August 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့တွင်း၌ စစ်တပ်က ရေရှည်မြို့စောင့် ခံစစ်အတွက် ပြင်ဆင်လျက်ရှိပြီး...
August 10, 2026
မကွေးတိုင်း ငဖဲမြို့နယ် နတ်ရေကန်နှင့် ရခိုင်ပြည် နယ်စပ်တွင် တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး...