ဟုမ္မလင်းမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒဖော်ထုတ်သည့် အမျိုးသမီး ၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့မှ ဖမ်းဆီး

ဟုမ္မလင်းမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒဖော်ထုတ်သည့် အမျိုးသမီး ၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့မှ ဖမ်းဆီး

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဟုမ္မလင်းမြို့တွင် မေလ ၂ ရက်နေ့ ညနေပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒဖော်ထုတ်ခဲ့ကြသည့် အမျိုးသမီး ၂ ဦးကို အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ပြီး ဆိုင်ကယ်တစ်စီးလည်း ယူဆောင်သွားသည်ဟု သိရသည်။

“အစ်မ ၂ ယောက်က ချောင်းထဲရဲ့ခြုံပုတ်ထဲမှာ ပုန်းနေရင်းနဲ့ ဖမ်းသွားတာ၊ ဆိုင်ကယ်လည်းယူသွားတယ် ၂ စီးလို့ပြောကြတယ်၊ ကျမတွေ့တာကတော့ တစ်စီးတွေ့တယ်၊ သူတို့ကို မနေ့ကတော့ မြို့မရဲစခန်းမှာပဲထားတယ်၊ ဒီနေ့တော့ မသိတော့ဘူး” ဟု ဟုမ္မလင်းမြို့ခံတစ်ဦးက ပြောသည်။

အဆိုပါ အမျိူးသမီးနှစ်ဦးသည် မေလ ၂ ရက်နေ့က ဟုမ္မလင်းမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်တွင် ပါဝင်ခဲ့ကြသူများဖြစ်ကြပြီး တစ်ဦးမှာ ဟုမ္မလင်းမြို့ နောင်ပကျစ်ရပ်ကွက်တွင်နေထိုင်သူ မချိုလွင်ဖြစ်ပြီး ကျန်တစ်ဦး၏နာမည်နှင့် မည်သည့်ရပ်ကွက်တွင် နေထိုင်သည်ကို မသိရှိသေးပေ။

ဟုမ္မလင်းမြို့ ပြည်သူများသည် ၎င်းတို့ ၂ ဦး ပြန်လည်လွတ်မြောက်ရေးအတွက် ဟုမ္မလင်းမြို့မရဲစခန်းသို့ သွားရောက်ခဲ့ကြသော်လည်း ယနေ့ချိန်ထိ ပြန်လွတ်ပေးခြင်းမရှိသေးကြောင်း သိရသည်။

Most read this week

December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 15, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြည်သူဆေးရုံးကြီးကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုသည်...
December 10, 2025
စစ်အာဏာရှင်တော်လှန်ရေး ငါးနှစ်နီးပါး ရှိလာချိန်တွင် ချင်းလူမှုအသိုင်းအဝိုင်းကြား လူ့အခွင့်အရေး၊...