ဟုမ္မလင်းမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒဖော်ထုတ်သည့် အမျိုးသမီး ၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့မှ ဖမ်းဆီး

ဟုမ္မလင်းမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒဖော်ထုတ်သည့် အမျိုးသမီး ၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့မှ ဖမ်းဆီး

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဟုမ္မလင်းမြို့တွင် မေလ ၂ ရက်နေ့ ညနေပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒဖော်ထုတ်ခဲ့ကြသည့် အမျိုးသမီး ၂ ဦးကို အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ပြီး ဆိုင်ကယ်တစ်စီးလည်း ယူဆောင်သွားသည်ဟု သိရသည်။

“အစ်မ ၂ ယောက်က ချောင်းထဲရဲ့ခြုံပုတ်ထဲမှာ ပုန်းနေရင်းနဲ့ ဖမ်းသွားတာ၊ ဆိုင်ကယ်လည်းယူသွားတယ် ၂ စီးလို့ပြောကြတယ်၊ ကျမတွေ့တာကတော့ တစ်စီးတွေ့တယ်၊ သူတို့ကို မနေ့ကတော့ မြို့မရဲစခန်းမှာပဲထားတယ်၊ ဒီနေ့တော့ မသိတော့ဘူး” ဟု ဟုမ္မလင်းမြို့ခံတစ်ဦးက ပြောသည်။

အဆိုပါ အမျိူးသမီးနှစ်ဦးသည် မေလ ၂ ရက်နေ့က ဟုမ္မလင်းမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်တွင် ပါဝင်ခဲ့ကြသူများဖြစ်ကြပြီး တစ်ဦးမှာ ဟုမ္မလင်းမြို့ နောင်ပကျစ်ရပ်ကွက်တွင်နေထိုင်သူ မချိုလွင်ဖြစ်ပြီး ကျန်တစ်ဦး၏နာမည်နှင့် မည်သည့်ရပ်ကွက်တွင် နေထိုင်သည်ကို မသိရှိသေးပေ။

ဟုမ္မလင်းမြို့ ပြည်သူများသည် ၎င်းတို့ ၂ ဦး ပြန်လည်လွတ်မြောက်ရေးအတွက် ဟုမ္မလင်းမြို့မရဲစခန်းသို့ သွားရောက်ခဲ့ကြသော်လည်း ယနေ့ချိန်ထိ ပြန်လွတ်ပေးခြင်းမရှိသေးကြောင်း သိရသည်။

February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...
February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...
February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...