စဉ့်ကူးမြို့နယ်ကကျေးရွာတချို့မှာ စစ်ကောင်စီတပ်တွေက ငွေတောင်းတာခံနေရ

စဉ့်ကူးမြို့နယ်ကကျေးရွာတချို့မှာ စစ်ကောင်စီတပ်တွေက ငွေတောင်းတာခံနေရ
ပုံစာ - စဉ့်ကူးမြို့နယ်က ဆန္ဒပြပွဲပုံ
ပုံစာ - စဉ့်ကူးမြို့နယ်က ဆန္ဒပြပွဲပုံ

စဉ့်ကူးမြို့နယ် တောင်ကိုင်းကျေးရွာမှာ ဧပြီလ၂၉ရက်နေ့ကဆန္ဒပြဦးဆောင်သူအမျိုးသမီးတစ်ဦးကို လာရောက်ဖမ်းဆီးရာမှာ မတွေ့တာကြောင့်စစ်ကောင်စီတပ်တွေက ကျေးရွာအတွင်းကိုဝင်ရောက်ဖျက်ဆီးမှုတွေလုပ်ဆောင်သွားတယ်လို့ဒေသခံတွေကဆိုပါတယ်။

ဒါ့အပြင်အဆိုပါအမျိုးသမီးရဲ့နေအိမ်မှာ CDMဝန်ထမ်းတွေကို ထောက်ပံ့ရန်ရှိနေတဲ့ ဆန်အိတ်ပိုင်း ရှစ်ပိုင်းကိုလည်းယူဆောင်သွားတယ်လို့ပြောပါတယ်။

"ကျေးရွာတွေကို ကားနဲ့တင်မဟုတ်တော့ဘူး။ဆိုင်ကယ်နဲ့လိုက်ပတ်ပြီး ခြောက်နေတာ။လူတွေကို အကြောက်တရားတွေဝင်အောင်လုပ်နေတာ"လို့ စဉ့်ကူးမြို့နယ်သပိတ်ခေါင်းဆောင်တစ်ဦးကပြောပါတယ်။

ကျေးရွာအတွင်းကလက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ ပန်းရံအလုပ်သမားအဖွဲ့တွေကို ဝမ်းလျားမှောက်ခိုင်းပြီးကြိမ်လုံးနဲ့ရိုက်နှက်တာတွေကို စစ်ကောင်စီတပ်တွေကလုပ်ဆောင်ခဲ့တယ်လို့ဆိုပါတယ်။ဒါ့အပြင်လေးခွရောင်းတဲ့ ကျေးရွာစတိုးဆိုင်တွေကိုလည်း ကာကွယ်ရေးပစ္စည်းရောင်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ငွေကျပ်၂သိန်းစီတောင်းရမ်းခဲ့တယ်လို့ဆိုပါတယ်။

"ကျွန်တော်တို့ကျေးရွာတွေကို ပြောချင်တာက ကျွန်တော်တို့ကြောက်လှန့်နေဖို့မလိုဘူး။အခုချိန်လိုအပ်ရင်ရှောင်ရမယ်။ဒါပေမယ့် ကျွန်တော်တို့မှာသူတို့ကို တော်လှန်မယ့်စနစ်တကျအဖွဲ့အစည်းတွေရှိပြီးသားမို့ မကြောက်ကြဖို့ပြောချင်ပါတယ်"လို့ စဉ့်ကူးမြို့နယ်သပိတ်ခေါင်းဆောင်ကဆိုပါတယ်။

Most read this week

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...