သီပေါမြိုု့နယ် ရွေးကော် ဥက္ကဌ နေအိမ် ပေါက်ကွဲမှုဖြစ်ပွားခဲ့

သီပေါမြိုု့နယ် ရွေးကော် ဥက္ကဌ နေအိမ် ပေါက်ကွဲမှုဖြစ်ပွားခဲ့

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့ ယမန့်နေ့ (ဧပြီ ၂၉ ) ရက် ည ၁၁ နာရီဝန်းကျင်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ နေအိမ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

သီပေါမြို့ နယ်မြေ ၂ တောင်မြို့ရပ်ကွက် တွင်နေထိုင်သည့် မြို့နယ်ရွေးကောက် ဥက္ကဌ ဦးစိုင်းသာလှိုင်၏ နေ အိမ်တွင် လက်လုပ်မိုင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း သီပေါမြို့ ဒေသခံတဦး ကပြောသည်။

“ လမ်းပေါ်ကနေ ပစ်တက်သွားတာ။ သူတို့ အိမ်ရဲ ဝန်းရံတာပေါ်ကျတယ်။ ထိခိုက်ဒဏ်ရာရတဲ့သူတော့မရှိဘူး။ ပျက်စီးတစ်ချို့တော့ပျက်စီးသွားတယ်” ဟု သီပေါမြို့ မျက်မြင်တွေ့ရှိသည့် ဒေသခံတစ်ဦးက ပြောသည်။

အလားတူ ဦးစိုင်းသာလှိုင်သည် သီပေါမြို့တွင် ဒလံဖြစ်သည်ဟု နာမည် ထွက်ပေါ်နေသောကြောင့် ဒလံ ရှင်းလင်းရေး အဖွဲ့က သွားရောက်ပြုလုပ်ခဲ့သည် ဟု သိရသည်။

“ ဘယ်အဖွဲ့ကလာပစ်တာလဲတော့မသိဘူး။ သူကတော့ သီပေါမှာ ဒလံအကြီးစား ဆိုပြီးတော့ နာမည်ထွက်နေတယ်။ ဒလံရှင်းလင်းရေးအဖွဲ့ကဘဲဖစ်နိုင်မလားတော့မသိဘူး” ဟု သပိတ်ခေါင်းဆောင် တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

သီပေါမြို့တွင် ဧပြီ (၂၆) ရက်နေ့တွင် ဒလံများကို သတိပေးစာ၊ လုပ်ရပ်က မရပ်တန့်ပါက မနေနိုင်အောင်သီပေါမြို့မှ ရှင်းလင်းသွားမည်ဟု ထုတ်ပြန်ကြောညာထားသည်။

အလားတူ သီပေါမြို့ ဧပြီ (၂၇) ရက်နေ့တွင်လည်း ဒုပညာရေးမှူးက CDM ဆရာများကို ဖိအားပေးသောကြောင့် ဒလံရှင်းလင်းရေးအဖွဲ့မှ ပညာရေးမှူးရုံးကို လက်လုပ်မိုင်း ပစ်ဖောက်ခဲ့သည်ဟုသိရသည်။

May 4, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး...
May 1, 2026
စိုင်းဆိုင်အိုက် — ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ...
April 30, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် နမ့်ခမ်းမြို့နယ်ရှိ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများတွင်...
April 29, 2026
စိုင်းဟန်လင်း — ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်)...